Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

မိတ်ဆက်ကြပါဗျို့။ ဘယ်သူက ဘယ်သူမှန်း သိအောင်လို့

Share

Reply to This

Replies to This Discussion

အားလုံး မကလာပင်ပါ........
မရောက်တာကြာလို့ အားလုံးကို လာချောင်းတာ .......
နေကောင်းကျန်းမာကြပါစေ။
ကျန်းမာရေးကို အထူးဂရုစိုက်ကြ ။

Reply to This

ကျွန်တော်ကတော့ ( ကားတာယာ ) မဟုတ်သော တာယာ ပါ ခင်ဗျာ .....
သာမာန်လူသားတစ်ယောက်ပါ .... ဘာမှမသိ မတတ်သေးပါဘူး ....

ကျွန်တော့် ဘလော့ဂ်ကတော့ http://taryar.mmtechpro.net/ ပါ ....လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ...

အားလုံးပဲ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပြီး ...ပျော်ရွင်ကြပါစေ ခင်ဗျာ ...

ခင်မင်လေးစားစွာဖြင့် ( တာယာ )

Reply to This

ကျမကတော့ ဘဲအုပ်က ၁၀၀ ၂၀၀နဲ့မို့ လူတိုင်းအထင်ကြီးခံရတဲ့ မဗေဒါပါ.. အမှန်တော့ ဆရာဇော်ဂျီရဲ့ ဘဲအုပ်ဆိုတာ လောကဓံရဲ့ ဒုက္ခတွေကိုရည်ရွယ်တာပါ..
အသက်က ၁၆ နှစ် ၁၈နှစ် ဖူးပုရစ်နှယ်....... ကို ၅နှစ်လွန်နေပြီး.. အရွယ်တော် တစိတ်ဟိုင်းခံနီးပါပြီ..
ဘလော့မှာ မဗေဒါရဲ့ လျှို့ဝှက်ချက်တွေ နဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ (ကိုရီးယား၊ ဂျပန်၊တရုတ်...) အကြောင်းတွေများသောအားဖြင့်ရေးပါတယ်..
ဘလော့ဂါအသစ်စက်စက်လေးပါ.. ရေးလိုက်ပျောက်လိုက်ဆိုတော့ အမြဲတမ်း ဘလော့ဂါအသစ်လေးလိုပါပဲ..
လာလည်ကြမယ်ဆိုရင် comment လေးဖြစ်ဖြစ် ဆီပုံးလေးဖြစ်ဖြစ်မှာ အော်သွားနော်...

Reply to This

ဒုတိယမြောက်လောကကြီးကသိပ်စိမ်းလှသကိုးဗျ
ကျနော် ကတော့ ... ဘယ်လိုခေါ်ခေါ်နီပါတယ်
ငနီ ဖြစ်ဖြစ် မောင်နီ ဖြစ်ဖြစ် ဖိုးနီ ဖြစ်ဖြစ်
ကိုနီဖြစ်ဖြစ် ဘယ်လိုခေါ်ခေါ် နီလေးနီပါ။

မင်္ဂလာ၏ ဒဂ
နီလေးနီ

Reply to This

မင်္ဂလာပါ ..
နာမည်က .. ကောင်းခန့်ဇျာန်
ဘလော့ဂ် က .. ကောင်းခန့်(ရသ) . http://kaungkhantzan.blogspot.com
Gmail က .. kaung.kz@gmail.com
27.8.2008 မှာ ၂၉ နှစ်ပြည့်ပါတယ် .. ဒီနေ့ ၂၉ နှစ်နဲ့ ၁ ရက်ပေါ့ဗျာ
တစ်နေ့မှာ ၁၅ နာရီလောက်က အွန်လိုင်းမှာ ရှိတတ်ပါတယ် ...

Reply to This

ကျွန်တော်ကတော့ ရွာသားလေး တစ်ယောက်ပါ
ရွာကိုလေ့လာနိုင်ပါတယ် လိုအပ်တာများလည်း ပြောကြားပေးပါ။
http://villager.myanmarbloggers.org/

Reply to This

နှင်း ကတော့ မြန်မာပြည်ကိုလွမ်းနေတတ်ပြီး အဝေးတစ်နေရာမှာရောက်နေတဲ့ ကောင်မလေးတစ်ယောက်။ စိတ်ထဲရှိတာလေးတွေကို ရေးထားတဲ့ ဘလော့လေးတစ်ခုတော့ ပိုင်ဆိုင်ထားတယ်လေ။ အားလုံးပဲ လာလည်ကြပါနော်။ လာလည်ချင်တယ်ဆိုရင် ဒီဇင်ဘာနှင်း ကိုလာခဲ့နော်။

အားလုံးပဲ ပျော်ရွှင်ကြပါစေနော်.........

အသက်ကိုပြောရမယ်ဆိုရင်တော့ ၁၆ နှစ်ကို ကျော်လာတာ ၈ နှစ်လောက်ရှိပြီ.......... :P

Reply to This

အားလုံးနဲ့မိတ်ဆက်ပါတယ်ဗျာ...
ကျွန်တော့်ဘလော့ကိုလဲ မိတ်ဆက်ပါတယ်
အဓိကကတော့ ဂစ်တာနုတ်လေးတွေရှဲယ်တာပါ။
ဂစ်တာကို အရမ်းစွဲလမ်းပြီး ၀ါသနာအရလုပ်ထားတဲ့ဘလော့လေးပါ။ ၀ါသနာတူတွေကိုဖိတ်ခေါ်ပါတယ်။
အားလုံးကိုလည်း ခင်မင်ပါတယ်။ :D

Reply to This

မင်္ဂလာပါ
ကျမနာမည် cloud ပါ
http://sweetycloud.blogspot.com ကို
လာလည်ဖို့ဖိတ်ခေါ်ပါတယ်...
ဒါပေမယ့် ပညာ ယူစရာတော့ မရှိဘူး
ဟီး2 ကြွားတာ ...

Reply to This

ကျနော့ကို အားလုံးက ကိုရုပ်ဆိုး လို့ ခေါ်ကြတယ်။ ဘလော့ဂ်ဖွင့်ဖြစ်တာ သိပ်မကြာသေးပေမယ့် တင်ဖြစ်ပါတယ်။ ကျနော့ ဘလော့ဂ် (၂) ခုရှိတယ်။ လာလည်ကြပါလို့ ဖိတ်ခေါ်ပါတယ်။

၁) ကိုရုပ်ဆိုး ရဲ့ ဒိုင်ယာရီ
၂) ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်

အမှတ် (၂) ကတော့ ပြည့်စုံအောင် တင်နေတုန်း ကာလလေးတစ်ခုမှာပေါ့ဗျာ။

Reply to This

ကျွန်တော့် page လေးကို လာရောက်လို့ ..... ဝေဖန်ကြပါဦး ..
ဘာမှ မကြာသေးတော့ ပို့စ်လေးတွေက နည်းနေပေမယ့်
လက်ခုပ်သံလေးကြားမှ အားရှိပြီး ဆက်လျှောက်နိုင်မှာမို့ပါ ...
(အနော်က အားငယ်တတ်လို့ ........ဟီး)
အက်ဆေးတွေ ..........ကဗျာတွေက ဘ၀နဲ့ အမေအကြောင်း များပြီး ....
လာဖတ်တဲ့ သူတိုင်းအတွက် တစ်ခုခုပေးချင်တယ် ရည်ရွယ်ချက်နဲ့ ရေးပါတယ် ...
ကောင်းရင်ကောင်းသလို အားပေးပြီး ......
မကောင်းရင်လဲ မကောင်းသလို အားပေးနိုင်ပါတယ် ..
ကျေးဇူးပါ
ဟုတ်ကဲ့ .... paingmyothet .....ပါ...http://myanmarbloggersociety.ning.com/profile/paingmyothet#chatter-...">

Reply to This

ဒီဆိုဒ်ကို ရောက်နေတာကြာပေမဲ့ ခုမှပဲ နှုတ်ဆက်ရတယ်... ချယ်ရီဝေပြီး မြူနှင်းဆိုင်းတဲ့ တောင်ပေါ်မြေက တောင်ပေါ်သားတွေပါ... ကျွန်တော်တို့ရဲ့ ရှမ်းရိုးရာ သီချင်းလေးတွေကို အိမ်လွမ်းနေတဲ့ အဝေးရောက် မိသားစုများနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နားဆင်နိုင်အောင် ကြိုးစားမျှဝေ နေဆဲဘလော့လေးပါ..... ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ လွမ်းဆွေးခြင်း၊ ဝမ်းနည်းခြင်း စတာတွေကို အတူတကွ ဝေမျှခံစားဖို့ ဖိတ်ခေါ်ပါတယ်ဗျ.....

mai soong kha....
http://taiartist.blogspot.com

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service