Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ဘလော့ဂ်ဂင်းဆိုတာ ဘာလဲ? Blogging ကို ဘယ်လို နားလည်ထားလဲ? ဆောင်ရန် ရှောင်ရင်တွေ သင့်အမြင်တွေကို ဒီမှာ လွတ်လပ်စွာပြောပါ။ ဝင်မပြောပဲ ဒီအတိုင်းနေရင်လဲ ရပါတယ်။ ဒါပေမယ့် ဝင်ပြောပေါ့၊ မန်ဘာဝင်ထားတာပဲ၊ ဒါမှလဲ active ဖြစ်နေတဲ့ community လေး တစ်ခုဖြစ်လာမှာပေါ့။

ကဲ.... Blogging ဆိုတာ ဘာလဲ? သင်ကော Blogging ကို ဘယ်လိုနားလည်ထားလဲ?

ဘလော့ဂ်ဂါ ဘာလဲ ဆိုတာကို ဆွေးနွေးချင်ရင် ဘလော့ဂ်ဂါ ဆိုသည်မှာ ဆိုပြီး သတ်သတ်လုပ်ထားပါတယ်။ အဲဒိ့ကိုလဲ သွားရောက် ဆွေးနွေး နိုင်ပါတယ်။ ပျော်ပျော်ပါးပါးပေါ့။

Tags: blogging, idea, knowledge

Share

Reply to This

Replies to This Discussion

ဟုတ်ပါ့.. တစ်ချို့က အဲလိုမေးလ်းက ရလာတဲ့ဟာကို သူတို့ကိုယ်တိုင်ရေးတဲ့ပုံနဲ့ တင်ထားကြတာကို ကျွန်တော်လည်းတွေ့ပါတယ်.. ဒီ Article လေးကတော့ ဘယ်ကရထားတဲ့ဟာလေးပါဆိုပြီး ထည့်ဖို့သင့်ပါတယ်.. သူဘလော့ဂ်မှာတင်ထားတဲ့ပုံတွေက ကျွန်တော်မေးလ်ထဲမှာလည်း Forward မေးလ်နဲ့ဝင်လာတဲ့ဟာတွေပါ.. ကျွန်တော်မှမဟုတ်ပါဘူး.. နောက်အခြားမေးလ်သုံးတဲ့ သူတွေဆီမှာလည်းရှိကြမှာပါ.. ဒီဘလော့ဂ်ကို လာဖတ်ရတဲ့လူအတွက်လည်း စိတ်ထဲမှာကသိကအောက်ဖြစ်စေရုံသာမက ကိုယ့်ရဲ့ ဘလော့ဂ်ကိုလည်း အထင်သေးခြင်းခံရပါတယ်.. ဘာပဲဖြစ်ဖြစ် စည်းကမ်းလေးနဲ့လုပ်တာ အကောင်းဆုံးပါပဲ.. ပိုစ့်အောက်ဆုံးမှာ ဒီပိုစ့်လေးရဲ့ Source ကို ရေးလိုက်ရတာ ကိုယ့်အတွက် ဘာမှပင်းပန်းတဲ့ ကိစ္စမှမဟုတ်တာ.. အဲလို Source ကို ရေးလိုက်လို့လဲ ကိုယ့်ဘလော့ဂ်ကို ဘယ်စာဖတ်သူကမှ အထင်မသေးပါဘူး.. အားလုံက ပြန်လည်ဝေမျှတယ်ပဲ နားလည်ထားကြပါတယ်.. ကျေးဇူးတင်ပါတယ်..း)

ဆောင်း - saund said:
ကျွန်မအနေနဲ့ က ဘလော့ကာနဲ့  ပတ်သက်ပြီး မူတခုသိသင့်တယ် ထင်တာဘဲ။ဘလောကာ တဦးက ဘလော့ စည်းမျဉ်းဆိုတာ ရေးထားပါတယ်။ အတော်ကောင်းပါတယ်။ (ဒါပေမဲ့ ဘယ်ဘလော့ကာမှန်းမသိတော့ပါဘူး။)
ကျွန်မသဘောထားမှာ ဘလော့ကာဆိုတာ ကိုယ့်ခံစားချက်တွေ ကိုယ့်အတွေးတွေ ကိုယ့်အတွေ့ အကြုံတွေ ကိုယ့်ပညာတွေ အကူညီလိုတာတွေ ချရေးနိုင်တဲ့ အင်တာနက်မှာ ဖေါ်ပြထားတဲ့သူ ကို ဘလော့ကာလို့ သတ်မှတ်ချင်ပါတယ်။ ခက်တာက ဘလော့ကာတွေရဲ့ ပုံပြင်ဟာ ဘလော့နေရာ အတော်များများမှာ ထပ်တူတွေ့ တွေ့ နေရတယ်။ ဥပမာ နိုင်းနိုင်းစနေရဲ့ ကြော်ကြားတဲ့ပုံပြင်တွေထဲက သြဂုတ်၁၁နေ့  ရီစရာ ပုံပြင်ဟာ ကျားဘလော့ကာ တခုမှာ ရက်ပိုင်းဘဲ ကွာပြီးတွေ့ လိုက်ရပါတယ်။ နားမလည်နိုင်တော့ပါဘူး။
အီးမေးလ်ထဲက ရတဲ့ ပုံပြင်တွေ ကို ကိုယ့်ဘလော့ပေါ်တင်တယ် ဆိုတာကို အရင်းစစ်ကြည့်ရင် မြန်မာနိုင်ငံက ဘလော့စပေါ့ကို ဘန်းထားလို့ ကျော်ဝင်ရခက်လို့  တယောက် က ဘလော့ပို့စ်ကို ကူးယူပြီး သူငယ်ချင်း တွေဆီပို့ ပေးတာပါ။ တဆင့်တဆင့်နဲ့ ဘယ်က ရမှန်းမသိလို့  ကိုယ့်ဘလော့ပေါ်တင်တာ များပါတယ်။ ခက်တာက အဲဒီကျားဘလော့ကာက မြန်မာနိုင်ငံထဲက လည်းမဟုတ်ဘူး။

ဒွိဟဖြစ်စရာက ဘယ်သူက ဘာသာပြန်တာလဲ ဘယ်သူက မူလစရေးတာလဲဆိုတာပါ။ ဒါဟာ စာပေလောကမှာ တကယ်ရှက်စရာလို့ မြင်မိပါတယ်။ တကယ်လို့ အီးမေးလ်က ပို့ စ်ကို ကူးပြီး ပို့ စ်တင်ခဲ့ရင်တော့ အီးမေးလ်က ရပါတယ်လို့  ရေးသင့်ပါတယ်။ Reference မပါတဲ့ ပို့ စ်က ဘလော့၂ခုမှာ တူနေတာ မကောင်းလှပါဘူး။ အချိန်အကုန်ခံ ဘလော့ရေးပြီး ဖတ်တဲ့သူတချို့  တွေ စိတ်ကသိကအောက်ဖြစ်ရတာ မမိုက်လှဘူးထင်ပါတယ်။

ဘလော့ကာစည်းမျဉ်းကို ဘလော့ကာတိုင်းလိုက်နာသင့်ပါတယ်လို့ မြင်ပါတယ်။

Reply to This

ဘလော့ဂ်ဂင်း ဆိုတာ ကိုယ့်ဘလော့ဂ်မှာကိုယ် ရေးချင်တာ ရေးတာ ဟုတ်ဘူးလား :P

ရေးချင်တာ ရင်ဖွင့်ချင်တာတွေကို ရေးလို့ရပါတယ်။ အများအကျိုးဖြစ်မယ်ဆိုရင် ပိုမကောင်းဘူးလား။
ဘလော့ကနေရတဲ့ သတင်းတွေ ပညာတွေက တချို့အရမ်းကောင်းပါတယ်။ မှန်ပေမယ့် တချို့ကိစ္စတွေက သိတယ်မဟုတ်လား ? သွားပြီးပတ်သက်ပြီး မရေးတာကောင်းမယ်ထင်တယ်။ ဒီက အကိုတွေ အပင်ပန်းခံထားတာကြီး တော်ကြာ ပိတ်လိုက်လို့ ကျွန်တော်တို့ ဒုက္ခဖြစ်နေအုံးမယ်။ တစ်ခြား share လုပ်စရာတွေ ရေးစရာတွေ အများကြီးပါ။ အခုအချိန်မှာတော့ ဘလော့ရေးရင် စိတ်ကို နိုင်အောင် ထိန်းရမယ်ထင်တယ်။ ဒါတွေက ကျွန်တော့်ရဲ့ personal point of view ပါ။ အမြင်မတူတာတွေရှိရင် ပြောကြပါအုံး။

Reply to This

Blogging ဆိုတာကို ကျနော်ကတော့ ကိုယ့်ရဲ့ ရင်ဖွင့်ဖော်လေးတစ်ခုလို့ ဖွင့်ဆိုချင်တယ်ဗျာ အနည်းဆုံးတော့ ကိုယ်ရေးတဲ့ စာကိုဖတ်ပြီးဖတ်သူကိုတစ်ခုခု ရသွားစေမယ် ပြီးတော့ ကိုယ်ရေးတဲ့ စာအပေါ်မှာ အပြည့်အ၀ တာဝန်ယူနိုင်မယ် လို့ ထင်တယ် ။ ရှောင်ရန်ကတော့ ကိုယ့်ရဲ့စာက တစ်ပါးသူအတွက် အဆိပ်တောင့် မဖြစ်ရင်တော်ပါပြီး ကိုသင်္ကြန်လို့ ပဲ ဘလော့ဂ်ဂင်း ဆိုတာ ကိုယ့်ဘလော့ဂ်မှာကိုယ် ရေးချင်တာ ရေးတာ လို့ ထင်တာပဲ :)

Reply to This

Blog ရေးတယ်ဆို တာ....တခါတရံတော့ .စိတ်တဲရှိတာလေးကို ရင်ဖွင့်လို့ရတဲ့ စိတ်ထွက်ပေါက်ပါ။
အခုတော့ စိတ်ဃွက်ပေါက်အတွက် .....မနည်းကိုကျော်ခွရေးနေရတာ .....မမိုက်ပါလူး။
Blogging ရတာ Pressure ဖြစ်လာတယ်။ Blogging ရခြင်းရဲ့ အနှစ်သာရပျောက်နေတယ်။

Reply to This

MTJ said:
ဘလော့ဂ်ဂင်း ဆိုတာ ကိုယ့်ဘလော့ဂ်မှာကိုယ် ရေးချင်တာ ရေးတာ ဟုတ်ဘူးလား :P

ဟုတ်ပရှင်...။ ဒါပေမယ့် တစ်ယောက်နဲ့  တစ်ယောက် ရေးတဲ့ ရည်ရွယ်ချက်ခြင်းမတူကြပါဘူး..။ တချို့  က “ ဦးတက်ခါး မေတ္တာဝေတယ်... ပြည်သူတွေ ကျန်းမာကြပါစေ”.. အဲ..ဟုတ်ပေါင်.. ယောင်လို့  ... ကိုယ်သိတာ တတ်တာ ဝေမျှ.. အများအကျိုးရှေ့  ရှု သယ်ပိုး လို လို့  ရေးကြပါတယ်..။တချို့ က ကိုယ် ရေးချင်တာ ရေးဖို့  ဘလော့ရေးကြပါတယ်...။ လေးမ အတွက်တော့ ဘလော့ဂ်ဂင်းဆိုတာ ကိုယ့်ဘလော့ဂ်ကိုယ်ရေးချင်တာကို ရေး သင့် သလောက်ရေး... လို့  ခံယူပါတယ်...။

Reply to This

ကျနော့်ကတော့ ရင်ထည်းက ခံစားချက်တွေကို မရေးတက်လို့..ရေးတက်တဲ့ ဘလော့ကာကြီးတွေရှီကပို့ကို လင့်စ်လုပ်ထားတယ်..အဟီး.. :)

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service