The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags:

ဒါက ဒီနတ်ဝေါ့ကို ကိုယ်ပိုင်သုံးမယ်ဆိုရင် ပေးရမယ့် ပိုက်ဆံတွေပါ။ ငွေအင်အားတောင့်မှ ကျွန်တော်တို့ အရှည်လည်ပတ်နိုင်မယ်။ စဉ်းစားကြည့်ကြတာပေါ့
ကျနော့်အမြင်ပြောရရင်
၁။ promotion link ကဒီတိုင်းထားလို့ရတယ်။
၃။ domain name က အားလုံးစပြီးတိုင်ပင်ရမယ်။ ကျနော် အနေနဲ့ အခြား domain ပြောင်းလဲဘာမှမထူးပြီးလို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ mmitpros လိုတခြား domain ပြောင်းထားလဲ တကယ်တမ်းက ning.com ကနေ scripts တွေ load လုပ်နေဆဲပါပဲ။ အပေါ်ယံ url လေးပြောင်းနေတာလေးတစ်ခုပါဘဲ။
၎။ storage နဲ့ bandwidth က တော့ မလွဲသာမရှောင်သာဖြစ်လာမယ့်ကိစ္စပဲ။ image တွေလျှော့ချမလား။ ထပ်ဝယ်မလားပဲ တစ်ခုခုလုပ်မှ ရမယ်ထင်ပါတယ်။
၂။ ကြော်ငြာကိစ္စကတော့ နဲနဲကြီးတယ်ဗျ။ တော်တော်တိုင်ပင်မှဖြစ်မယ်။ ဈေးလည်းအရမ်းများတယ်။ အမြဲတတ်နိုင်ဖို့ခက်လိမ့်မယ်။ ကျနော် ကိုယ်တိုင်ကတော့ ဒီကြော်ငြာရှိနေတာ အဲလောက် အနှောက်အယှက် မဖြစ်နေပါဘူး။
မာ့ခ်
ကိုပီကေ ပြောတာမှန်ပါတယ်ဗျို့ ...လောလောဆယ် ဒိုမိန်း ၀ယ်ဖို့အတွက် ကိုပီကေ က တာဝန်ယူမယ်ဆိုပေမယ့် လာမယ့် နှစ်တွေ အတွက် ဆက်ပြီး ကုန်ကျဦးမှာ အမှန်ပဲဗျ..ဒီတော့ ကျနော်ဖြစ်ချင်တာ က ဒီ MyanmarBloggerSociety မှာ Member ၀င်ထားတဲ့ ဘလော့ဂါများ အားလုံး တတ်နိုင်သလောက် ငွေကြေးနဲ့ တစ်လချင်းဖြစ်စေ ၊ ဒီလို ဘလော့ ဒေး(August)မှာ ဖြစ်စေ ကိုယ့်အစုနဲ့ကိုယ် ထည့်ဝင်ပြီး ဘဏ်စာရင်း ဖြစ်ဖြစ် ၊တစ်ဦးတစ်ယောက်ဆီမှာ(ဘဏ္ဍရေးမှုး)ခန့်အပ်ပြီး နည်းများမဆို စုစည်းထည့်ဝင်မယ်ဆိုရင် တော့ အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်ဗျာ..
အဲ ခုန အဲဒီဒိုမိန်း ၅၉.၄ ဒေါ်လာဆိုတာ ဒိုမိန်းဝယ်ဖို့မပါသေးဘူးခင်ဗျ။ ကိုယ့်ဘာသာကိုယ် ဝယ်ပြီး Ning.com ကိုသက်သက်မဲ့ ၅၉.၅ ဒေါ်လာပေးရမှာ။
© 2009 Created by MBS on Ning. Create a Ning Network!