Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

MBS Website တစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတာ ၂၀၀၇ ကတည်းကပါ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ကြဘူး။ အခုတော့ ပထမခြေလှမ်းအဖြစ် Ning Network ကိုတည်ထောင်လိုက်ပါတယ်။ မြန်မာဘလော့ဂါတွေ အနေနဲ့ လူမှုပတ်ဝန်းကျင်မှာ အထောက်အကူ တစ်ခုခု ပြုနိုင်ဖို့ စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်က ဒီနတ်ဝေါ့လေးကို စတင်ပေးသူသာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်း ကူညီလှုပ်ရှားကြမှသာ ဒီ Society တစ်ခုက အရှည်တည်တံ့ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကျွမ်းကျင်သူ အတတ်ပညာရှင် အသီးသီးက ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်တွေကို မိမိတို့ ဘလော့မှာသာမက ဒီနေရာလေးမှာပါ စုစည်း ဖော်ပြပေးဖို့ အကူအညီ တောင်းခံပါတယ်။ ကိုယ်နဲ့ပတ်သတ် ဆက်နွယ်နေသူများကိုလည်း ဖိတ်ကြားပေးဖို့ ပြောကြားလိုပါတယ်။ ခဏတာ အတွင်းမှာ ကျွန်တော်တို့ မြန်မာဘလော့ဂါတွေ အားလုံး စုစည်းမိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

11 August 2008
NLS

Share

Reply to This

Replies to This Discussion

မြန်တယ်ဗျာ ... ဆရာကီး ... ကောင်းတယ် ... ရောင်းတော့ မစားပြစ်လိုက်နဲ့နော်... ဟီး ... (နောက်တာ)
MBS လဲ ခု နင်း စရာမလိုတော့ဘူး ... တခါတည်းတက်ထိုင်လိုက်လို့ရပြီ .... ;P သာဓု သာဓု ..

ဘလူးဖီးနစ် said:
မြန်မာ ဘလောက်ဂါများအတွက် myanmarbloggersociety.com domain name ကို 1 year ဝယ်ယူထားပြီးလို့ လှူဒါန်း ချင်ပါတယ်။ ကိုညီလင်းဆက် ကျွန်တော့်ဆီ မေးလ် နဲ့ ဆက်သွယ်စေချင်ပါတယ်ခင်ဗျာ။ ဒီက တိုင်ပင်နေတာတွေကိုတောင် မကြည့်မိဘဲ လုပ်ချလိုက်တာဗျ။ အဆင်ရောပြေရဲ့လားမသိဘူးဗျာ။

org နဲ့ လိုချင်တယ်ဆိုလို့ ထပ်ပြီး myanmarbloggersociety.org ကို ထပ်ဝယ်လိုက်ပါပြီ။
aungwin.htut@gmail.com
http://blog.engineer4myanmar.com

Reply to This

သာဓုပါတော် သာဓုပါတော် ဟု ဆရာလေးများရွတ်သွားတာကြားလိုက်ရသည်။
ddieko said:

ကိုမျိုးဝင်းဇော် ကန်တော့ဆွမ်းပြောလိုက်လို့လား ... ;P
Myo WIn Zaw said:
သာဓုပါတော် သာဓုပါတော် ဟု ဆရာလေးများရွတ်သွားတာကြားလိုက်ရသည်။

Reply to This

အင်းမ်..။ ကျနော်ကတော့ အရင်အတိုင်းပဲ ကောင်းသလားလို့။

MBS said:
NLS > I've created this yes but now I'll transfer this network to MBS. So I'll never ever use this ID again, after relieving account. So, sorry for remaining some of my topic and discussions with my name. May life long MBS!

Regard,

NLS

Reply to This

ဘလူးဖီးနစ် said:
မြန်မာ ဘလောက်ဂါများအတွက် myanmarbloggersociety.com domain name ကို 1 year ဝယ်ယူထားပြီးလို့ လှူဒါန်း ချင်ပါတယ်။ ကိုညီလင်းဆက် ကျွန်တော့်ဆီ မေးလ် နဲ့ ဆက်သွယ်စေချင်ပါတယ်ခင်ဗျာ။ ဒီက တိုင်ပင်နေတာတွေကိုတောင် မကြည့်မိဘဲ လုပ်ချလိုက်တာဗျ။ အဆင်ရောပြေရဲ့လားမသိဘူးဗျာ။

org နဲ့ လိုချင်တယ်ဆိုလို့ ထပ်ပြီး myanmarbloggersociety.org ကို ထပ်ဝယ်လိုက်ပါပြီ။
aungwin.htut@gmail.com
http://blog.engineer4myanmar.com
ကို ဘလူးဖီးနစ် ရေ ဒိုမိန်းလှူ တာ အများကြီး အထောက်အကူဖြစ်မှာပါ အကိုရေ ဒါမှလဲ ဆီမီနာမှာ link ပေးရင် မှတ်မိလွယ်နိုင်မယ်မဟုတ်လား ခင်ဗျ =) ကျေးဇူးတင်ပါတယ်

Reply to This

ဟုတ်ဘူး ဆန်တပြည်လောက်ချေးလို့
ddieko said:
ကိုမျိုးဝင်းဇော် ကန်တော့ဆွမ်းပြောလိုက်လို့လား ... ;P
Myo WIn Zaw said:
သာဓုပါတော် သာဓုပါတော် ဟု ဆရာလေးများရွတ်သွားတာကြားလိုက်ရသည်။

Reply to This

ကိုညီလင်းဆက်ရေ သမိုင်းပေးတာဝန်ကို စိတ်ရှည်ရှည်ထားပြီး ဆက်လုပ်ပေးဖို့ တောင်းပန်ပါတယ်။ အများပါမှ လုပ်လို့ ရမယ့် အလုပ်မျိုးကို အများဒဏ်ကို ခံပြီး မျိုးဆက်သစ်တွေ အကျိုးအတွက် ဆက်လုပ်ပေးပါလို့ တောင်းပန်ပါတယ်ခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်
ဘလူးဖီးနစ်

MBS said:
NLS > I've created this yes but now I'll transfer this network to MBS. So I'll never ever use this ID again, after relieving account. So, sorry for remaining some of my topic and discussions with my name. May life long MBS!

Regard,

NLS

Reply to This

ဒီတော့ပစ်လေးအောက်ကို လာဖတ်ရင်း ၀မ်းသာအားရဖြစ်မိပါကြောင်း....

:)

Reply to This

ရိုးရိုးဘလော့ရေးနေတာထက်စာရင် ဒီမှာကပိုပြီးပညာရတယ်ဗျာ ကိုညီလင်းဆက်ကျေးဇူးပါ... စီမီနာကို ကုန်းတတန်ရေတစ်တန်လာဖြစ်အောင်လာမှာပါ..

Reply to This

:)

Reply to This

အလွန်ကောင်းတဲ့ ရည်ရွယ်ချက်ပါ..ခင်ဗျာ
လေးစားစွာဖြင့်
အလင်းရောင်(linker+)

Reply to This

ကျေးဇူးကြီးမားတဲ့ ကျွန်တော့ hero များခင်ဗျား...
ပြောမပြတက်အောင် ၀မ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်ကိုယ်တိုင် မတက်တခေါက်နဲ့ ဘလော့လေး တင်ထားပါတယ်။ ဒါပေမယ့် တော်ရုံလူဖွင့်မရတာဖြစ်နေတော့ ကျွန်တော်ပေးချင်တဲ့ message ကို သေချာမပို့ပေးနိုင်ဘူးဖြစ်ခဲ့ရတယ်။ အခုဆိုရင် လွယ်ကူပြီး လူတိုင်း အသုံးပြုနိုင်တဲ့ နေရာလေး ဖြစ်တည်ခဲ့လို့ အရမ်း ကျေးဇူးတင်မိပါတယ်။ တိုင်းကျိုးပြည်ပြုတွေ မလုပ်နိုင်ပေမယ့် ဒီလို စာလေးတွေရေးပြီး ကူညီနိုင်တော့မယ်ဆိုပြီး ပျော်ရွှင်နေမိပါတယ်။ web site လေးရဲ့နာမည်ကလည်း သူငယ်ချင်းအဖွဲ့ဆိုတော့ အထူးပြောစရာမလိုအောင် ကျွန်တော့် မျှော်လင့်ချက်နဲက ထပ်တူကျနေတာပေါ့ခင်ဗျာ။ အားလုံးရဲ့ ကူညီဖေးမမှုကိုလည်း လိုချင်ပါတယ်။
အားလုံးကျေးဇူးပါပဲဗျာ......

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service