Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

MBS Website တစ်ခုတည်ထောင်ဖို့ ကျွန်တော်တို့ တိုင်ပင်ခဲ့ကြတာ ၂၀၀၇ ကတည်းကပါ။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ကြဘူး။ အခုတော့ ပထမခြေလှမ်းအဖြစ် Ning Network ကိုတည်ထောင်လိုက်ပါတယ်။ မြန်မာဘလော့ဂါတွေ အနေနဲ့ လူမှုပတ်ဝန်းကျင်မှာ အထောက်အကူ တစ်ခုခု ပြုနိုင်ဖို့ စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်က ဒီနတ်ဝေါ့လေးကို စတင်ပေးသူသာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်း ကူညီလှုပ်ရှားကြမှသာ ဒီ Society တစ်ခုက အရှည်တည်တံ့ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကျွမ်းကျင်သူ အတတ်ပညာရှင် အသီးသီးက ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်တွေကို မိမိတို့ ဘလော့မှာသာမက ဒီနေရာလေးမှာပါ စုစည်း ဖော်ပြပေးဖို့ အကူအညီ တောင်းခံပါတယ်။ ကိုယ်နဲ့ပတ်သတ် ဆက်နွယ်နေသူများကိုလည်း ဖိတ်ကြားပေးဖို့ ပြောကြားလိုပါတယ်။ ခဏတာ အတွင်းမှာ ကျွန်တော်တို့ မြန်မာဘလော့ဂါတွေ အားလုံး စုစည်းမိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

11 August 2008
NLS

Share

Reply to This

Replies to This Discussion

အင်း mbs.myanmarbloggers.org ဆိုရင်တော့ domain ဝယ်ခသပ်သပ်ပေးစရာမလိုတော့ဘူး။ ဒါပေမယ့် ning.com ကိုတော့ ၅၉.၄ ဒေါ်လာပေးနေရဦးမှာပဲ။ redirect ဆိုရင်တော့ ပေးစရာမလိုဘူး။ ကိုညီလင်းဆက်တို့အခြားသူတွေ အကြံကိုစောင့်ကြတာပေါ့။ ကျနော်အထင် နာမည်လေးပဲပြောင်းသွားတယ်ထင်တာပဲ။ အထဲက css တွေ js တွေ အတော်များများက static.ning.com ကို access လုပ်နေသေးတယ်။ myanmaritpros.com မှာ view source ကြည့်ကြည့်ရင်သိမှာပါ။

ပီကေ said:
ဟုတ်တယ်ဗျ။ ning.com ကို အသားလွတ် ပေးသလို ဖြစ်နေတယ်။ ဘာတွေ ပို ထူးခြားလာမလဲ။ ဒါကိုတော့ ထည့်စဉ်းစားရမယ်။ ဒိုမိန်းကတော့ ကျနော် ၂၀၀၇ခုနစ် က myanmarbloggers.org ကို ၀ယ်ပြီး ဘလော့ဂါ ၈၀ လောက်ကို subdomain လုပ်ပေးပြီးသား ရှိပါတယ်။ အဲဒီ ဒိုမိန်းကို သုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အသစ် လုပ်မယ်ဆိုလည်း ထပ်ပြီး ၁၀ ဒေါ်လာ ကုန်မယ်ပေါ့။ နောက်ပြီး ကျနော်တို့ ning.com ရဲ့ လင့်ခ်တွေ အကုန်လုံးကို ကိုယ်ပိုင်ဒိုမိန်းနဲ့ ပြောင်းရင် ပိုက်ဆံပေးရမယ်။ အဲဒီလို မလုပ်ဘဲ URL Redirect လုပ်ရင်တော့ ပေးစရာ မလိုတော့ဘူး။ ဥပမာ http://mbs.myanmarbloggers.org လိုပေါ့။ ဒါဆိုရင်ကော အဆင်ပြေမလား။

Soe Min said:
အဲ ခုန အဲဒီဒိုမိန်း ၅၉.၄ ဒေါ်လာဆိုတာ ဒိုမိန်းဝယ်ဖို့မပါသေးဘူးခင်ဗျ။ ကိုယ့်ဘာသာကိုယ် ဝယ်ပြီး Ning.com ကိုသက်သက်မဲ့ ၅၉.၅ ဒေါ်လာပေးရမှာ။

Reply to This

MTJ said:
ဆပ်ဒိုမိန်းအစား တန်းပြီး myanmarbloggers.org ကို redirect လုပ်ရင် ပိုသင့်တော်မလားဗျ
subdomain ထပ် myanmarbloggers.org လို ဒိုမိန်းမျိုးကို ပိုသဘောကျပါတယ်... ဒိုမိန်းဝယ်မယ်ဆိုရင်တော့ .com ထပ် .org ဆို ပိုကောင်းမယ်လို့ ထင်ပါတယ်

Reply to This

NLS said:
MBS မှာ အက်ဒမင် လုပ်မယ့် သူတွေကို ရွေးချယ်စေချင်ပါတယ်။ လောလောဆယ် ကျွန်တော်ရယ်၊ မာခ်ရယ်၊ ကိုမောင်လှရယ်၊ စေတန်ဂေါ့ရယ် ထားထားပါတယ်။ စစ်စတမ်ပိုင်းနဲ့ အခြားသော ကိစ္စတွေ လုပ်နိုင်အောင်လို့ပါပဲ။ ဘယ်သူတွေ လုပ်ကြမယ်။ ဘယ်လိုအရာမျိုးဆို ဆင်ဆာဖြတ်မယ် ဆိုတာတွေကိုတော့ ကျွန်တော်တို့ ကြိုညှိကြမယ်။ လောလောဆယ် ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက အရင်နှစ်ထဲက ကျွန်တော်တို့တွေ အစည်းဝေး အကြိမ်ကြိမ်လုပ်ပြီး အကြမ်းဖျင်း ညှိနှိုင်းထားတဲ့ အချက်တွေပါ။ ဒါတွေကိုမှ မလိုက်နာနိုင်ရင်တော့ ကျွန်တော်တို့ အဖွဲ့အတွက် ဘာကောင်းကျိုးမှ မရှိနိုင်တဲ့အတွက် ဒီလို လူမျိုးတွေ တွေ့လာ၊ ဒီလိုအဖြစ်အပျက်တွေ ကြုံလာခဲ့ကြရင်လည်း ခင်ရာမင်ရာ မျက်နှာမထောက်ဘဲ မော်ဒရိတ်လုပ်မယ့် မော်ဒရေတာ တွေဖြစ်စေချင်ပါတယ်။ ဆွေးနွေးပေးကြပါ။ မော်ဒရေတာတွေလည်း ရွေးစေချင်တယ်။

Reply to This

ကျနော်လဲ သဘောတူပါတယ်။

MTJ said:
ဆပ်ဒိုမိန်းအစား တန်းပြီး myanmarbloggers.org ကို redirect လုပ်ရင် ပိုသင့်တော်မလားဗျ

Reply to This

ကျွန်တော့်သဘောက အက်ဒမင်တွေနည်းပညာပိုင်းတွေ မပြောချင်ပါဘူး ရေရှည်အတွက် domain name ၀ယ်ရမယ်ဆိုလည်း ၀ယ်ဖို့ကြိုးစားတာပေါ့ နိုင်ငံခြားရောက်နေတဲ့ Member တွေ တစ်ယောက် တစ်ဒေါ်လာ ထည့်ရင်တောင်လုံလောက်တယ်ထင်တယ် ပိုထည့်လည်းကောင်းတာပေါ့ အလှူငွေသဘောမျိုးပေါ့ အက်ဒမင်ကလူတွေကို ငွေလွဲဖို့ အဆင်ပြေမယ့် နည်းလမ်းတစ်ခုလုပ်ထားရင် စဉ်းစားထားရင်ပိုကောင်းမယ်ထင်တယ် စလုပ်ပြီးပြီဆိုလည်း ရေရှည်အတွက် စဉ်းစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

Reply to This

ကိုညီလင်းဆက်
ခုလိုဆိုဒ်လေးလုပ်ဖြစ်တာအားပေးပါတယ် ၀င်လည်းရေးပါ့မယ်......အောင်မြင်ပါစေ
ကြော်ငြာပေးမယ်.....အကြောင်းရှိယင်လက်တို့လိုက်လေ....

Reply to This

ွGreat... !!!

Reply to This

၁ဒေါ်လာဆိုတာ ဘယ်လိုထည့်ကြလဲဗျ.. ဘဏ်ကလား ။။ မသိလို့ မေးတာပါဗျာ

Myo WIn Zaw said:
ကျွန်တော့်သဘောက အက်ဒမင်တွေနည်းပညာပိုင်းတွေ မပြောချင်ပါဘူး ရေရှည်အတွက် domain name ၀ယ်ရမယ်ဆိုလည်း ၀ယ်ဖို့ကြိုးစားတာပေါ့ နိုင်ငံခြားရောက်နေတဲ့ Member တွေ တစ်ယောက် တစ်ဒေါ်လာ ထည့်ရင်တောင်လုံလောက်တယ်ထင်တယ် ပိုထည့်လည်းကောင်းတာပေါ့ အလှူငွေသဘောမျိုးပေါ့ အက်ဒမင်ကလူတွေကို ငွေလွဲဖို့ အဆင်ပြေမယ့် နည်းလမ်းတစ်ခုလုပ်ထားရင် စဉ်းစားထားရင်ပိုကောင်းမယ်ထင်တယ် စလုပ်ပြီးပြီဆိုလည်း ရေရှည်အတွက် စဉ်းစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

Reply to This

ကျွန်တော့်ပုဂ္ဂလ တစ်ဦးခြင်းအမြင်ကိုပြောတာပါ ဘဏ်ကတော့ဘယ်လိုလုပ်လွဲလို့ရမလဲ အလှူငွေသဘောမျိုးပြောတာပါ တက်နိုင်သလောက်ကို အနည်းဆုံးယူနစ်ကိုနှိုင်းပြီးပြောထားတာဖြစ်ကြောင်း

Hteink Min ထိုက်မင်း said:

ဟီးဟီး.... ၁ဒေါ်လာဆို တို့လဲ လှုချင်ပါရဲ့ .... ဒါပေမယ့် ဒီက ပိုက်ပိုက်လွှဲရင် ၃၅ ဒေါ်လာတောင်ပေးရတာ ... (အဲဒါကိုအကြောင်းပြပြီး ဆရာသမားထိုက်မင်းရဲ့ ပိုက်ဆံ ခုထိပြန်မပေးရသေးဘူး . ဟီး ... ဆောတီးနော် ယောက်ဖ ... နောက်နှစ်အတွက် ငါဝယ်ပေးမယ်) ပိုက်ဆံနဲနဲစိုက်လိုက်ရင် ဟို့စတင်အသစ်တခု ၀ယ်လှုလို့ရတယ် ...

ဒါနဲ့ အက်ဒမင်များ ..ဟိုစ်စတင်လုပ်ချင်တယ်ဆိုရင် ထိုက်မင်းဆီမှာတောင်းလို့ရပါတယ် ... ဒီကောင့်မှာ unlimited hosting ရှိတယ် ... ကြိုက်သလောက်ယူ .. အလကားသုံး ... ပိုက်ဆံပေးစရာမလို ... ning မှာ သုံးနေရတာထက် ပိုအဆင်ပြေမှာတော့သေချာတယ် ....

ဟီး ... ယောက်ဖ ... ငါတော့ ဖွလိုက်ပြီ ... လစ်ပြီ ...

ကဒေါင်းညင်သာ said:
Paypal လေး တခု ထောင်ပြီး စိတ်ပါတဲ့ ဘလော့ဂါတိုင်း ရန်ပုံငွေ ထည့်ဝင်စေချင်တာပါပဲ။

Myo WIn Zaw said:
ကျွန်တော့်ပုဂ္ဂလ တစ်ဦးခြင်းအမြင်ကိုပြောတာပါ ဘဏ်ကတော့ဘယ်လိုလုပ်လွဲလို့ရမလဲ အလှူငွေသဘောမျိုးပြောတာပါ တက်နိုင်သလောက်ကို အနည်းဆုံးယူနစ်ကိုနှိုင်းပြီးပြောထားတာဖြစ်ကြောင်း

Hteink Min ထိုက်မင်း said:
၁ဒေါ်လာဆိုတာ ဘယ်လိုထည့်ကြလဲဗျ.. ဘဏ်ကလား ။။ မသိလို့ မေးတာပါဗျာ

Myo WIn Zaw said:
ကျွန်တော့်သဘောက အက်ဒမင်တွေနည်းပညာပိုင်းတွေ မပြောချင်ပါဘူး ရေရှည်အတွက် domain name ၀ယ်ရမယ်ဆိုလည်း ၀ယ်ဖို့ကြိုးစားတာပေါ့ နိုင်ငံခြားရောက်နေတဲ့ Member တွေ တစ်ယောက် တစ်ဒေါ်လာ ထည့်ရင်တောင်လုံလောက်တယ်ထင်တယ် ပိုထည့်လည်းကောင်းတာပေါ့ အလှူငွေသဘောမျိုးပေါ့ အက်ဒမင်ကလူတွေကို ငွေလွဲဖို့ အဆင်ပြေမယ့် နည်းလမ်းတစ်ခုလုပ်ထားရင် စဉ်းစားထားရင်ပိုကောင်းမယ်ထင်တယ် စလုပ်ပြီးပြီဆိုလည်း ရေရှည်အတွက် စဉ်းစားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

Reply to This

မြန်မာ ဘလောက်ဂါများအတွက် myanmarbloggersociety.com domain name ကို 1 year ဝယ်ယူထားပြီးလို့ လှူဒါန်း ချင်ပါတယ်။ ကိုညီလင်းဆက် ကျွန်တော့်ဆီ မေးလ် နဲ့ ဆက်သွယ်စေချင်ပါတယ်ခင်ဗျာ။ ဒီက တိုင်ပင်နေတာတွေကိုတောင် မကြည့်မိဘဲ လုပ်ချလိုက်တာဗျ။ အဆင်ရောပြေရဲ့လားမသိဘူးဗျာ။

org နဲ့ လိုချင်တယ်ဆိုလို့ ထပ်ပြီး myanmarbloggersociety.org ကို ထပ်ဝယ်လိုက်ပါပြီ။
aungwin.htut@gmail.com
http://blog.engineer4myanmar.com

Reply to This

NLS > I've created this yes but now I'll transfer this network to MBS. So I'll never ever use this ID again, after relieving account. So, sorry for remaining some of my topic and discussions with my name. May life long MBS!

Regard,

NLS

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service