Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

၁။ ဘယ်လို လူမျိုးကို ကျနော်တို့ ဘလော့ဂါလို့ ခေါ်မလဲ။
၂။ ဘလော့ဂါ ဆိုတဲ့ လူတွေမှာ ဘယ်လို အရည်အချင်းတွေ ပြည့်မီ ရမလဲ။
၃။ ဘယ်လို လုပ်ဆောင်ချက်တွေ၊ ထည့်ဝင်မှုတွေ ရှိတဲ့လူကိုမှ ဘလော့ဂါလို့ သက်မှတ်မလဲ။
၎။ ဘလော့ဂါလို့ သက်မှတ်ထားတဲ့ လူတွေကကော ဘာတွေကို လိုက်နာရမလဲ။
၅။ ဘလော့ဂါတွေကကော ကမ္ဘာလောကကြီးမှာ ဘယ်လိုနေရာက ကပြကြသလဲ။
၆။ ဘလော့ဂါဆိုတာကကော လူတန်းစား တစ်ရပ်လား။
၇။ ဘလော့လိပ်စာလေး တစ်ခု ပြနိုင်ရုံနဲ့ ဘလော့ဂါလို့ သက်မှတ်လို့ ရမလား။
၈။ အထက်က ဆွေးနွေးတဲ့ အရည်အသွေးတွေ ပြည့်မီလို့ ဘလော့ဂါလို့ သက်မှတ်ခံထားရပြီးမှ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားရင်ကော ဘလော့ဂါလို့ ဆက်လက် သက်မှတ်ဦးမလား။
ဥပမာ - ဆေးပညာဘွဲ့ရပြီး လက်တွေ့ကုသနေမှ ကျနော်တို့ ဆရာဝန်လို့ သက်မှတ်ပါတယ်။ မကုသတော့ဘူး ဆိုရင် ကျနော်တို့ ဆေးပညာဘွဲ့အနေနဲ့ပဲ သက်မှတ်ပါတယ်။ ဆရာဝန်လို့ မခေါ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီလူဟာ ဆရာဝန် ဆိုတဲ့ သူ့ရဲ့ Profession ကို စွန့်လွှတ်လိုက်လို့ပါ။ ဒါပေမယ့် သူ့ရဲ့ Qualification ဖြစ်တဲ့ ဆေးပညာဆိုင်ရာ အတတ်ပညာတော့ ရှိနေဦးမှာပေါ့။ ဘလော့ဂါ ဆိုတာကိုကော ဒီလို သက်မှတ်လို့ရမလား။

အထက်က မေးခွန်းတွေကို ကျနော် စဉ်းစားကြည့်နေတာ အတော်ကြာပါပြီ။
အဓိကကတော့ ဘလော့ဂါဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းပါ။
ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ “ဘလော့ဂါ ဘာလဲ၊ ဘယ်လဲ” ပေါ့။
Definition နဲ့ Trend ကို သိချင်တာပါ။

Share

Reply to This

Replies to This Discussion

ပြေားရမှာခပ်ရှက်ရှက်ပဲ ဘယ်ကနေဘယ်လို ဘလော့ဂါ ဖြစ့်အောင်လုပ်ရတာလဲ...ကျွန်တော်လဲဘလော့ဂါဖြစ့်ချင်ပါတယ် ဘလော့တစ်ခုကိုဘယ်လိုစဖွင့်ရမှာလဲ မ.စကြပါ.....

Reply to This

ကိုသားဖြူရေ...
ဆရာကျော်ဝင်းရဲ့ ဆောင်းပါးအတွက် သိပ်ကျေးဇူးတင်တယ်။

TharPhyu said:
ကျနော်ကြိုက်တဲ့ စာရေးဆရာ
ကျော်ဝင်း ရဲ့
ဆိုင်ဘာဓလေ့ အကောက်အယူများ
ဆိုတဲ့ စာအုပ်က ဆောင်းပါးလေးပါ။

ဘလော့ဂ်၊ ဘလော့ဂါ၊ ဘလော့ဂင်း

၁၉၉၇-ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် ၀ဘ်ဆိုဒ်မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်လာရာကနေ တွင်ကျယ်လာတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့ မလွယ်တာမို့ ဘလော့ဂ် ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပါယ်က ကွန်ပျူတာကီးဘုတ်၊ ဒါမှမဟုတ် ဆဲလ်ဖုန်း သုံးပြီး ကိုယ်ပြောချင်၊ ရေးချင်ရာတွေ ချရေးလို့ရတဲ့ ၀ဘ်ဆိုဒ် တွေကို ခေါ်ပါတယ်။ များသောအားဖြင့် နိစ္စဓူဝ ကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ အင်တာနက်ဒိုင်ယာရီ လို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင်ဝဘ်ဆိုဒ်တင်ပြီး ကိုယ်ပိုင် ဘလော့ တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တစ်ပြားမှ ပေးစရာမလိုပဲ ဖရီးဝင်ရေးလို့ရတဲ့ ၀ဘ်ဆိုဒ်တွေလည်း အများကြီး ရှိပါတယ်။
ဘလော့ဂ်ဂါ (Blogger) ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက်ဂျာနယ်လစ် လို့ ခေါ်ကြတာရှိသလို နိုင်ငံသားဂျာနယ်လစ် လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုး ကို ဘလော့ဂ်ဂင်း (Blogging) လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂ်ဂါတွေစုပြီး အကြောင်းအရာတစ်ခုခုကို တည် ဆွေးနွေးကြတာမျိုး ကိုလည်း ဘလော့ဂ်ဂင်း လို့ သုံးလာကြပါတယ်။
ဘလော့ဂ်လှုပ်ရှားမှု ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှဘူး။ ရေးကြ ပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ မာမီကပြောတယ်.. ဒီနေ့မိုးရွာမယ်တဲ့.. စတာမျိုး။ နောက်တော့ အများနဲ့သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ဂ် လုပ်လာကြတယ်။ ဘလောဂ်ဂါ အချင်းချင်းလည်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း အင်တာနက်ဂျာနယ်လစ်လို့ ခေါ်လာကြတာဖြစ်မယ် ထင်ပါရဲ့။
ဘလော့ဂ်လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ်၊ အထိန်းအချုပ်မှ မရှိတာပါ။ ဥပဒေနဲ့ ကန့်တာ ထိန်းတာ မပြောနဲ့ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့လူတွေဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသလောက် ရှိပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာကတော့ အမှန်ပါပဲ။ နိုင်ငံသားအခွင့်အရေး (Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိတယ်။
မီဒီယာလောက အနေနဲ့ ဘလောဂါတွေကို အလေးထားလာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ ခရာမှုတ်သူ (Whistle blower) အခန်းကဏကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှရဖို့မလွယ်လောက်တဲ့ သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ တံခါးဖွင့် စူးစမ်းလေ့လာကြတဲ့ သတင်းခန်းမတွေ (Open-source newsrooms) တွေ အွန်လိုင်းပေါ်မှာ အပြိုင်းအရိုင်း ပေါ်လာတာ ဘလော့ဂါတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်စရာ ရှိပါတယ်။
အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး မီဒီယာလောကသာမကတော့ဘူး နိုင်ငံရေးလောက ကပါ ဘလော့ဂါတွေကို အလေးထားစောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တစ်ချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ ကျင့်သုံးနေကြတဲ့ ပထမဆုံး ခရုဆိတ်တာ တွေ လို့တောင် အမွှန်းတင်ကြတယ်။
ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာ ဘာမှ မကြာလှသေးပေမယ့် အံ့သြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀ဘ်ဆိုဒ်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာကိုပဲ ဘလော့ဂါပရိသတ် (၃၂)သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ် သောမတ်မရီးမင်း ကတော့ တံခါးမရှိ ဓားမရှိ စူးစမ်းလေ့လာရေး (open-source) လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခု လို့လည်း ဆိုပါတယ်။

Reply to This

ဘလောခ့် တစ်ခုစတင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာဖတ်ပါ

ရွာစားလေး said:
ပြေားရမှာခပ်ရှက်ရှက်ပဲ ဘယ်ကနေဘယ်လို ဘလော့ဂါ ဖြစ့်အောင်လုပ်ရတာလဲ...ကျွန်တော်လဲဘလော့ဂါဖြစ့်ချင်ပါတယ် ဘလော့တစ်ခုကိုဘယ်လိုစဖွင့်ရမှာလဲ မ.စကြပါ.....

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service