Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

၁။ ဘယ်လို လူမျိုးကို ကျနော်တို့ ဘလော့ဂါလို့ ခေါ်မလဲ။
၂။ ဘလော့ဂါ ဆိုတဲ့ လူတွေမှာ ဘယ်လို အရည်အချင်းတွေ ပြည့်မီ ရမလဲ။
၃။ ဘယ်လို လုပ်ဆောင်ချက်တွေ၊ ထည့်ဝင်မှုတွေ ရှိတဲ့လူကိုမှ ဘလော့ဂါလို့ သက်မှတ်မလဲ။
၎။ ဘလော့ဂါလို့ သက်မှတ်ထားတဲ့ လူတွေကကော ဘာတွေကို လိုက်နာရမလဲ။
၅။ ဘလော့ဂါတွေကကော ကမ္ဘာလောကကြီးမှာ ဘယ်လိုနေရာက ကပြကြသလဲ။
၆။ ဘလော့ဂါဆိုတာကကော လူတန်းစား တစ်ရပ်လား။
၇။ ဘလော့လိပ်စာလေး တစ်ခု ပြနိုင်ရုံနဲ့ ဘလော့ဂါလို့ သက်မှတ်လို့ ရမလား။
၈။ အထက်က ဆွေးနွေးတဲ့ အရည်အသွေးတွေ ပြည့်မီလို့ ဘလော့ဂါလို့ သက်မှတ်ခံထားရပြီးမှ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားရင်ကော ဘလော့ဂါလို့ ဆက်လက် သက်မှတ်ဦးမလား။
ဥပမာ - ဆေးပညာဘွဲ့ရပြီး လက်တွေ့ကုသနေမှ ကျနော်တို့ ဆရာဝန်လို့ သက်မှတ်ပါတယ်။ မကုသတော့ဘူး ဆိုရင် ကျနော်တို့ ဆေးပညာဘွဲ့အနေနဲ့ပဲ သက်မှတ်ပါတယ်။ ဆရာဝန်လို့ မခေါ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အဲဒီလူဟာ ဆရာဝန် ဆိုတဲ့ သူ့ရဲ့ Profession ကို စွန့်လွှတ်လိုက်လို့ပါ။ ဒါပေမယ့် သူ့ရဲ့ Qualification ဖြစ်တဲ့ ဆေးပညာဆိုင်ရာ အတတ်ပညာတော့ ရှိနေဦးမှာပေါ့။ ဘလော့ဂါ ဆိုတာကိုကော ဒီလို သက်မှတ်လို့ရမလား။

အထက်က မေးခွန်းတွေကို ကျနော် စဉ်းစားကြည့်နေတာ အတော်ကြာပါပြီ။
အဓိကကတော့ ဘလော့ဂါဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းပါ။
ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ “ဘလော့ဂါ ဘာလဲ၊ ဘယ်လဲ” ပေါ့။
Definition နဲ့ Trend ကို သိချင်တာပါ။

Share

Reply to This

Replies to This Discussion

ကျနော်ကြိုက်တဲ့ စာရေးဆရာ
ကျော်ဝင်း ရဲ့
ဆိုင်ဘာဓလေ့ အကောက်အယူများ
ဆိုတဲ့ စာအုပ်က ဆောင်းပါးလေးပါ။

ဘလော့ဂ်၊ ဘလော့ဂါ၊ ဘလော့ဂင်း

၁၉၉၇-ခုနှစ်က ရိုဘော့ဝစ်စဒမ့်ကွမ် ၀ဘ်ဆိုဒ်မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်လာရာကနေ တွင်ကျယ်လာတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့ မလွယ်တာမို့ ဘလော့ဂ် ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပါယ်က ကွန်ပျူတာကီးဘုတ်၊ ဒါမှမဟုတ် ဆဲလ်ဖုန်း သုံးပြီး ကိုယ်ပြောချင်၊ ရေးချင်ရာတွေ ချရေးလို့ရတဲ့ ၀ဘ်ဆိုဒ် တွေကို ခေါ်ပါတယ်။ များသောအားဖြင့် နိစ္စဓူဝ ကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ အင်တာနက်ဒိုင်ယာရီ လို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင်ဝဘ်ဆိုဒ်တင်ပြီး ကိုယ်ပိုင် ဘလော့ တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တစ်ပြားမှ ပေးစရာမလိုပဲ ဖရီးဝင်ရေးလို့ရတဲ့ ၀ဘ်ဆိုဒ်တွေလည်း အများကြီး ရှိပါတယ်။
ဘလော့ဂ်ဂါ (Blogger) ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက်ဂျာနယ်လစ် လို့ ခေါ်ကြတာရှိသလို နိုင်ငံသားဂျာနယ်လစ် လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုး ကို ဘလော့ဂ်ဂင်း (Blogging) လို့ ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂ်ဂါတွေစုပြီး အကြောင်းအရာတစ်ခုခုကို တည် ဆွေးနွေးကြတာမျိုး ကိုလည်း ဘလော့ဂ်ဂင်း လို့ သုံးလာကြပါတယ်။
ဘလော့ဂ်လှုပ်ရှားမှု ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှဘူး။ ရေးကြ ပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ မာမီကပြောတယ်.. ဒီနေ့မိုးရွာမယ်တဲ့.. စတာမျိုး။ နောက်တော့ အများနဲ့သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ဂ် လုပ်လာကြတယ်။ ဘလောဂ်ဂါ အချင်းချင်းလည်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း အင်တာနက်ဂျာနယ်လစ်လို့ ခေါ်လာကြတာဖြစ်မယ် ထင်ပါရဲ့။
ဘလော့ဂ်လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ်၊ အထိန်းအချုပ်မှ မရှိတာပါ။ ဥပဒေနဲ့ ကန့်တာ ထိန်းတာ မပြောနဲ့ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့လူတွေဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ်မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသလောက် ရှိပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာကတော့ အမှန်ပါပဲ။ နိုင်ငံသားအခွင့်အရေး (Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိတယ်။
မီဒီယာလောက အနေနဲ့ ဘလောဂါတွေကို အလေးထားလာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ ခရာမှုတ်သူ (Whistle blower) အခန်းကဏကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှရဖို့မလွယ်လောက်တဲ့ သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ တံခါးဖွင့် စူးစမ်းလေ့လာကြတဲ့ သတင်းခန်းမတွေ (Open-source newsrooms) တွေ အွန်လိုင်းပေါ်မှာ အပြိုင်းအရိုင်း ပေါ်လာတာ ဘလော့ဂါတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်စရာ ရှိပါတယ်။
အီရတ်စစ်ပွဲ အကြိုကာလလောက်ကစပြီး မီဒီယာလောကသာမကတော့ဘူး နိုင်ငံရေးလောက ကပါ ဘလော့ဂါတွေကို အလေးထားစောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တစ်ချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ ကျင့်သုံးနေကြတဲ့ ပထမဆုံး ခရုဆိတ်တာ တွေ လို့တောင် အမွှန်းတင်ကြတယ်။
ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာ ဘာမှ မကြာလှသေးပေမယ့် အံ့သြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀ဘ်ဆိုဒ်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာကိုပဲ ဘလော့ဂါပရိသတ် (၃၂)သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ် သောမတ်မရီးမင်း ကတော့ တံခါးမရှိ ဓားမရှိ စူးစမ်းလေ့လာရေး (open-source) လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခု လို့လည်း ဆိုပါတယ်။

Reply to This

ကျွန်တော် အမြင်က နည်းနည်း ကြောင်မယ် ထင်တယ် ..
လူတွေ ရဲ့ မကောင်းတဲ့ အကျင့်ကြောင့်ဒီလို့ အတွေးတွေ ပေါ်တာဗျ.. လူတွေက တစ်ယောက်တည်း မနေတတ်ဘူး .. ကိုယ်လုပ်နေပြီ ဆိုရင် အခြားလူတွေ ၀ိုင်းချီးမွမ်းတာ ခံချင်ကြ.. လူတွေ ကောင်းတယ် ပြောတာခံချင်ကြ .. တစ်ယောက်တည်း ဖြစ်လာပြီဆိုရင် မနေရဲ အဲဒီ ကျတော့ ဟိုအသင်းဖွဲ့ ဒီအသင်းဖွဲ့ ဟိုလူ လိုက်ပေါင်း ဒီလူလိုက်ပေါင်း ပြီးရင် ကျော်ကြားတဲ့လူတွေ နဲ့ ယဉ်နှီးတယ်ဆို တာ ကောင်းတယ်လို့ ထင်လို့ ထင်.. နဲ့..
ပြီးတော့ မတည်မြဲတဲ့ သဘောတွေ ကို အတင်းတည်မြဲ အောင် လုပ်ကြည့်ချင်ကြ..
အဲဒါတွေ ကြောင့် ခုန က ကောင်းတာ တွေ မကောင်းဘူး ထင်တာတွေ ပေါ်လာတာ ဗျ..
ကျွန်တော် ကတော့ လုပ်ချင်လို့ လုပ်တာ ရေးချင်လို့ ရေးတာ ဗျ..
ကျွန်တော်ကို ဘလောက် အဖြစ် မသက်မှတ်ကြလဲ ရေးနေအုန်းမှာပဲ..
blog မပေါ်လာလဲ ဒါမျိုးတွေ မှာ လျောက်လုပ်နေမှာပဲ..
ဘာဖြစ်လို့လဲ ရှင်းပါတယ် ရေးချင်လို့ပါ..


လေးစားစွာဖြင့်
အလင်းရောင်(linker+)

Reply to This

အနော်ကတော့ ပုံမှန် တလ၂၀လေးရနေတယ် ... ဟဲဟဲ ...

ကဒေါင်းညင်သာ said:
အဲဒီ ဂူဂယ်Ads ကလဲ မစွံပါဘူးကွာ.. နာလဲ ပိုက်ပိုက် တပြားမှ ရဖူးဘူး။ ဟီး

Reply to This

ကဒေါင်းညင်သာ said:
ဘလော့ဂါဆိုတာကို အသေအချာ အဓိပ္ပာယ် ဘယ်လို ဖွင့်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။

အကျိုးစီးပွားတခုအတွက် လုပ်ထားတဲ့ ဘလော့မဖြစ်ရဘူး။

အဲဒါကိုတော့ သိပ်ထည့်ပြောလို့ မရဘူးထင်တယ်.. ဘလောဂ့်ကနေတစ်ဆင့် အကျိုးစီးပွားဆိုတာက မြန်မာနိုင်ငံမှာ ခေတ်မစားသေးလို့ပါ။ တစ်ကယ်တမ်းကျတော့ ဘလောဂ်ဂါ တော်တော်များများဟာလည်း အချိန်တစ်ခုကို ပေးဆပ်ပြီး ဘလောဂ့်ဂင်း လုပ်နေချိန်မှာ ကိုယ့်ရဲ့ ပရိတ်သတ်များလာတာနဲ့ အတူ၊ အကျိုးစီးပွား လုပ်လို့ရရင်လည်း လုပ်ချင်တာပဲ။ Ad Sense ကနေ Income Generate လုပ်လို့ရခဲ့ရင် ငါလည်းလုပ်ချင်တာပဲ။ တစ်ကယ့် Professional Bloggers တွေဟာလည်း ဘလောဂ့်ကနေ ၀င်ငွေတွေ ရနေတာပဲ ဆိုတော့ အကျိုးစီးပွား ရှာတာဟာလည်း ကောင်းတဲ့ ကိစ္စတစ်ခုပါ။ အဲ.. ကြည့်ရမှာက သူ ကောင်းတာလုပ်နေလား မကောင်းတာလုပ်နေလား ဆိုတဲ့ အချက်ကလေး တစ်ချက်ပေါ့။

Reply to This

၁။ ဘယ်လို လူမျိုးကို ကျနော်တို့ ဘလော့ဂါလို့ ခေါ်မလဲ။
စဉ်းစားစရာ မလိုပဲအားလုံးနီးပါးလက်ခံထားတာက ဘယ် Platform (Blogger, My Space, etc) ကိုပဲ
သုံးသုံး ဘလော့ရေးနေတဲ့သူတွေဟာ ဘလော့ဂါပဲပေါ့။
၂။ ဘလော့ဂါ ဆိုတဲ့ လူတွေမှာ ဘယ်လို အရည်အချင်းတွေ ပြည့်မီ ရမလဲ။
နယ်စည်းမခြားဘလော့ဂါများဆိုတဲ့ အဖွဲ့က ထုတ်တဲ့စာအုပ်မှာတော့ ဘလော့ဂါတွေဟာ စာရေးဆရာ
တွေရဲ့ အမူအကျင့် အရည်အချင်းတွေရှိရမယ်ဆိုပါတယ်။ ဥပမာဗျာ.. ကိုယ်ရေးသမျှကို ကိုယ်တာဝန်ယူ
နိုင်ရမယ်။
၃။ ဘယ်လို လုပ်ဆောင်ချက်တွေ၊ ထည့်ဝင်မှုတွေ ရှိတဲ့လူကိုမှ ဘလော့ဂါလို့ သက်မှတ်မလဲ။
လုပ်ဆောင်ချက်၊ ထည့်ဝင်မှုဆိုရာမှာ ကျွန်တော့အမြင်ကတော့ ပုဂ္ဂလိက ခံစားမှုကို ဘေးဖယ်ပြီး အများစု
အတွက် ကောင်းစေချင်တဲ့ ဆန္ဒရှိရမယ်ထင်ပါတယ်။ အခုဆိုရင်ဗျာ Pornography တွေရေးနေတဲ့ မြန်မာ
ဘလော့ရေးသူတွေ ရှိနေပြီဗျ။ ဒါမျိုးကျတော့ ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ အရ
ကျွန်တော့တို့ ရှုံ့ချရပါမယ်။
၎။ ဘလော့ဂါလို့ သက်မှတ်ထားတဲ့ လူတွေကကော ဘာတွေကို လိုက်နာရမလဲ။
ဘလော့ဂါလို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားသူတစ်ယောက်ဟာ တာဝန်ယူတတ်ရမယ်။ မူပိုင်ခွင့်ကို
လေးစားရမယ်။ အမှန်တရားကိုသာ တင်ပြသင့်တယ်။ အချက်အလက်မသေချာရင် သေချာတဲ့ထိ စောင့်ဆိုင်း
ပြီးမှ တင်ပြသင့်တယ်။ ဥပမာဗျာ.. နည်းပညာဝေမျှတဲ့ ဘလော့ဂါဆိုပါတော့။ သူတင်ပြလိုက်တဲ့ နည်းပညာ
ကို သူကိုယ်တိုင်လည်း သေချာမသုံးဘူးသေးဘဲ တင်ပြလိုက်မယ်၊ အဲ့ဒီမှာ တစ်ခုခုအမှားပါသွားရင် ဘလော့
ဖတ်ပြီး စမ်းသပ်အသုံးပြုသူကို အခက်တွေ့စေနိုင်ပါတယ်။
၅။ ဘလော့ဂါတွေကကော ကမ္ဘာလောကကြီးမှာ ဘယ်လိုနေရာက ကပြကြသလဲ။
ဒါတော့ ပြောစရာမလိုပါဘူး။ ဘလော့ဂါတွေဟာ ကမ္ဘာလောကကြီးမှာ အလွှာစုံကပါဝင် ကပြနေကြတာပါ။
၆။ ဘလော့ဂါဆိုတာကကော လူတန်းစား တစ်ရပ်လား။
အစိုးရဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာပါ။ ဘလော့ဂါဆိုတာလဲ လူတွေထဲကနေပေါက်ဖွားလာတာပါ။
လူတန်းစားတစ်ရပ် ဟုတ်/မဟုတ်ကတော့ ကျွန်တော့်အနေနဲ့ မပြောချင်ပါဘူး။ Discriminate လုပ်တယ်
လို့ ခံစားရလို့ပါ။
၇။ ဘလော့လိပ်စာလေး တစ်ခု ပြနိုင်ရုံနဲ့ ဘလော့ဂါလို့ သက်မှတ်လို့ ရမလား။
ဘလော့လိပ်စာ တစ်ခုပြရုံနဲ့ဆိုတာပြောရရင်တော့ ဘလော့လိပ်စာတစ်ခုတည်းရှိပေမယ့် ဘလော့မှာ
ပါဝင်တဲ့အကြောင်းအရာကိုသာ အရေးကြီးတယ်လို့ ယူဆထားရင် ဒီမေးခွန်းမလိုအပ်ပါဘူး။ တကယ်
ဘလော့ရေးရင်လည်း လိပ်စာတစ်ခုမှာပဲ အခြေကျသွားတာများလို့ပါ။
၈။ အထက်က ဆွေးနွေးတဲ့ အရည်အသွေးတွေ ပြည့်မီလို့ ဘလော့ဂါလို့ သက်မှတ်ခံထားရပြီးမှ အကြောင်း
အမျိုးမျိုးကြောင့် ရပ်နားထားရင်ကော ဘလော့ဂါလို့ ဆက်လက် သက်မှတ်ဦးမလား။
ဘလော့ဂါလို့သတ်မှတ်ထားပြီး ဆက်မရေးတော့ရင် ဘလော့ဂါမဟုတ်ဘူးလို့ သတ်မှတ်မယ့်အစား
ဘယ်နှခုနှစ်ကနေ ဘယ်နှခုနှစ်အတွင်းမှာတော့ သူဟာ ဘလော့ဂါဖြစ်ခဲ့တယ်လို့ အဆိုကိုပြောင်းလဲ
သတ်မှတ်တာအသင့်တော်ဆုံးဖြစ်မယ်ထင်ပါတယ်။ ဥပမာဗျာ.. ကလင်တန်ကို အမေရိကန်သမ္မတ
လို့ပြောရင် ငြင်းဖို့ခက်ပါတယ်။ လက်ရှိသမ္မတလို့မေးရင်တော့ ဘုရှ်လို့ဖြေကြမှပေါ့။ ကလင်တန်ဟာ
အမေရိကန် သမ္မတမဟုတ်ဘူးလို့တော့ ပြောလို့မရပါဘူး။ အခုဆိုရင် သမ္မတဟောင်းလို့ ပြောင်းသုံး
တယ်ပေါ့။ ဒီလိုပါပဲ ဘလော့ဆက်မရေးတော့တဲ့ ဘလော့ဂါတစ်ယောက်ကိုလည်း ဘလော့ဂါဟောင်း လို့ပဲ
သတ်မှတ်တာကောင်းမယ်ထင်ပါတယ်။

Reply to This

အေးကွယ် ကလေးရယ် မမ မှားပါတယ် အဟိ

ကဒေါင်းညင်သာ said:
နာရေးထားတာ တေချာလဲ ဖတ်ဖူး။
ဘလော့ရေးရင်း အကျိုးစီးပွား ရှာတာကို ပြောတာမဟုတ်ဘူး။ အကျိုးစီးပွားအတွက် ဘလော့ရေးတာကို ပြောတာ။ (ဟိ ကိုမျိုးကျော်ထွန်းစကားနဲ့ ပြောလိုက်တာ)

Pinkgold said:
ကဒေါင်းညင်သာ said:
ဘလော့ဂါဆိုတာကို အသေအချာ အဓိပ္ပာယ် ဘယ်လို ဖွင့်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။

အကျိုးစီးပွားတခုအတွက် လုပ်ထားတဲ့ ဘလော့မဖြစ်ရဘူး။

အဲဒါကိုတော့ သိပ်ထည့်ပြောလို့ မရဘူးထင်တယ်.. ဘလောဂ့်ကနေတစ်ဆင့် အကျိုးစီးပွားဆိုတာက မြန်မာနိုင်ငံမှာ ခေတ်မစားသေးလို့ပါ။ တစ်ကယ်တမ်းကျတော့ ဘလောဂ်ဂါ တော်တော်များများဟာလည်း အချိန်တစ်ခုကို ပေးဆပ်ပြီး ဘလောဂ့်ဂင်း လုပ်နေချိန်မှာ ကိုယ့်ရဲ့ ပရိတ်သတ်များလာတာနဲ့ အတူ၊ အကျိုးစီးပွား လုပ်လို့ရရင်လည်း လုပ်ချင်တာပဲ။ Ad Sense ကနေ Income Generate လုပ်လို့ရခဲ့ရင် ငါလည်းလုပ်ချင်တာပဲ။ တစ်ကယ့် Professional Bloggers တွေဟာလည်း ဘလောဂ့်ကနေ ၀င်ငွေတွေ ရနေတာပဲ ဆိုတော့ အကျိုးစီးပွား ရှာတာဟာလည်း ကောင်းတဲ့ ကိစ္စတစ်ခုပါ။ အဲ.. ကြည့်ရမှာက သူ ကောင်းတာလုပ်နေလား မကောင်းတာလုပ်နေလား ဆိုတဲ့ အချက်ကလေး တစ်ချက်ပေါ့။

Reply to This

မှားမှာပေါ့ ... မမက တဆိတ်ရှိ ဒါရိုက်မားကတ်တင်းလောက်ပဲ လုပ်ချင်နေတာကိုး.... ဟီး ... တူ့ဘလော့မှာတောင် ရေးထားသေးတယ် .... ;D


Pinkgold said:
အေးကွယ် ကလေးရယ် မမ မှားပါတယ် အဟိ

Reply to This

Thet Htoo said:
ddieko said:
ဟားဟား ... ကိုမျက်လုံးပဲ .... စာတွေကို အောက်ဆုံးကနေ ပြောင်းပြန်ဖတ်ကြည့်လိုက်တယ် ....

"သုံးသပ်ခန့်ခွဲရလွယ်အောင်လို့ လူတန်းစားခွဲသင့်ရင် ခွဲရပါတယ်ခင်ဗျာ။ "
မှန်၏ သုံးသပ် ခန့်ခွဲရလွယ်အောင်လို့ပဲ ... ဘာမှမပိုဘူး ...

တိုတယ်လီး အဂရီး ... :D တခုကလွဲပြီး ... ဟိုစမူဆာလေ ...ဟီး

ဘယ် စမူဆာတုန်းခင်ဗျ။ ဗိုက်တောင် ဆာလာပြီ :D

စမူဆာလေဗျာ ... စမူဆာ ... ပင့်ဂိုးတောင် ကျနော့်ကို ဘလော့ဂါဆင်မီနာအတွက် စမူဆာလုပ်ဖို့လာပြောနေသေးတယ် ... ကျနော်ကလဲပြောလိုက်ပါတယ် ... အီကြာကွေးပဲ လုပ်တတ်တယ်လို့ ... ဟီး .... ;D

Reply to This

ဇောင်း said:
နောက်ပြီး ပိုစ့် 30 ပြည့်မှ blogger လို့ သတ်မှတ်တယ်ဆိုတာရော... ဘာကြောင့် အဲ့ဒီလိုသတ်မှတ်ရတာလဲ အလကားပေးတဲ့ Blogger.com ကရော အဲ့ဒီလို သတ်မှတ်လား... post တွေအများကြီး ဖြစ်ဖို့ ဘာအလုပ်မှမလုပ်ပဲ ထိုင်ရေးနေရမှာလား blog ကို ၀ါသနာပါတဲ့သူတွေလည်း ကိုယ့်ဘ၀နဲ့ကိုယ်တွေပါပဲ စားဝတ်နေရေးအတွက် အလုပ်တွေလုပ်နေကြရတဲ့အတွက် blog ကိုမရေးဖြစ်တဲ့အခါ မှာ blogger ဆိုတဲ့ ဝေါဟာရကြီးကို ပယ်ဖျက်ပေးရမှာလား
သူငယ်ချင်းတစ်ယောက်က ပြောတယ် blogspot လုပ်ချင်တယ် ဒါပေမဲ့ သူတို့တွေက အထာကြီးတွေနဲ့ ဆရာကြီးစတိုင်တွေနဲ့ဆိုတော့ မလုပ်ချင်တော့ဘူးတဲ့.... အဲ့ဒီလိုဝါသနာပါတဲ့သူတွေအဖို့တော့ bloggerဆိုတာကြီးကို စိတ်ဝင်စားကြပေမဲ့ ထုတ်ထားတဲ့ သတ်မှတ်ချက်တွေရဲ့ အရှိန်ကြောင့် blogspot ရဲ့ မျိုးဆက်တွေ လည်း ဘယ်တိုးရဲတော့မလဲဗျာ....
ဒီလိုသတ်မှတ်ချက်တွေရှိနေသ၍တော့ blogger အသစ်တွေလည်း ဘယ်တိုးလာတော့မှာလဲဗျာ...
ကိုကြီးလင်းထက်ပြောသလိုပါပဲ တစ်ကယ်တော့ blogger ဆိုတာ ဘာမှမဟုတ်ပါဘူး ကျနော့်စိတ်ထဲမှာလည်း အဲ့ဒီလိုသတ်မှတ်တယ် အဲ့ဒီလိုသတ်မှတ်ထားရင် blogspot ကိုလူတိုင်း ၀င်ရေးနိုင်မယ်


ဘာမှတော့မပြောတတ်ဖူး ဒါပေမယ့် ဒီစကားလုံးတွေကို လုံးဝထောက်ခံတယ်

Reply to This

ဘလော့ရေးတယ်ဆိုတာ အားနည်းနည်းတော့ စိုက်ထုတ်ရမယ်ထင်တယ်ဗျ။ ဘာမှမဟုတ်ဖူးဆိုတော့လည်း.....အေးပေါ့ဗျာ...ဘာမှမဟုတ်နဲ့ပေါ့။ အဟေးဟေး.......

Reply to This

ဘလော့ရေးတယ်ဆိုတာ ကျွန်တော့်အထင်ပေါ့နော်၊ အလင်းမဲ့နေတဲ့အခန်း၊ အလင်းပျောက်နေတဲ့ လူတွေအတွက် စိတ်အလင်းကို ကိုယ်တိုင်ထွန်းညှိကြိုးစားကြည့်ခြင်းလို့ ထင်ပါတယ်။ အထူးသဖြင့် အိမ်မက်တွေ မလွတ်လပ်ဖြစ် နေတဲ့အခါ၊ အတွေးတွေ ၀င်တိုက်မိကြတဲ့အခါ၊ ပြီးတော့ ကိုယ့်ရင်ဘတ်ကို ရဲရဲကြီးဆွဲဖြဲပစ်ချင်တဲ့အခါတွေမှာပေါ့။
စာရေးဆရာတွေက စာရေးတယ်၊ တစ်ခုခု မက်ဆေ့ဂ်ျ(Message)ပေးချင်တဲ့အခါမှာပေါ့။ ဘလော့ဂါတွေကတော့ တစ်ခုခုဟင်းလင်းဖွင့်ချင်တဲ့အခါ ရေးတယ်၊ ပြီးတော့ ကိုယ်တိုင်................

Reply to This

ကျွန်တော်လေ့လာမိသလောက်ပြောရင် blogs ဆိုတာ Web log ဆိုတာကနေ စတင်ပေါ်ပေါက်လာခဲ့ရာမှ We ကိုဖြုတ်ပြီး Blog သို့ပြောင်းလာခဲ့ခြင်းဖြစ်ပါတယ်။ လူငယ်တွေကြိုက်နှစ်သက်တဲ့ Rap,Hip Hop တွေလိုပါပဲ ။စိတ်ထဲရှိသည့် အကြောင်းအရာများကို လွတ်လပ်စွာ ပြောကြားနိုင်သည့်နေရာတစ်ခုလိုပဲါ ။Blogs ဆိုတာ အင်တာနက်မှာ မှတ်တမ်းရေးသာခြင်းပါပဲ ။ ။အင်တာနက်မှာ မှတ်တမ်းရေးသာသူများကို Blogger များဟုခေါ်ဆိုပြီး Blog ပြုလုပ်ပေးစည့် ကုမ္ပဏီများ ၊ Blog ဖတ်သူများကို Bloggy ဟုခေါ်ကြပါတယ်

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service