The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags:
၁။ ဘယ်လို လူမျိုးကို ကျနော်တို့ ဘလော့ဂါလို့ ခေါ်မလဲ။
၂။ ဘလော့ဂါ ဆိုတဲ့ လူတွေမှာ ဘယ်လို အရည်အချင်းတွေ ပြည့်မီ ရမလဲ။
၎။ ဘလော့ဂါလို့ သက်မှတ်ထားတဲ့ လူတွေကကော ဘာတွေကို လိုက်နာရမလဲ။
၅။ ဘလော့ဂါတွေကကော ကမ္ဘာလောကကြီးမှာ ဘယ်လိုနေရာက ကပြကြသလဲ။
၆။ ဘလော့ဂါဆိုတာကကော လူတန်းစား တစ်ရပ်လား။
၇။ ဘလော့လိပ်စာလေး တစ်ခု ပြနိုင်ရုံနဲ့ ဘလော့ဂါလို့ သက်မှတ်လို့ ရမလား။
၈။ အထက်က ဆွေးနွေးတဲ့ အရည်အသွေးတွေ ပြည့်မီလို့ ဘလော့ဂါလို့ သက်မှတ်ခံထားရပြီးမှ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားရင်ကော ဘလော့ဂါလို့ ဆက်လက် သက်မှတ်ဦးမလား။ရပါတယ်။ ဘောလုံးသမား ခြေထောက်ကျိုးသွားလို့ မကစားတော့တာကို ဘောလုံးသမားဟောင်းကြီးလို့ ခေါ်နေသလိုပေါ့။
ဘလော့ဂါ အနက်
မြန်မာလို - တနေ့တပုဒ် (ဘာမှမဟုတ်တဲ့ ပိုစ့်ကအစ) ရေးဖြစ်အောင် ရေးပေးရမည် ... ဘာမှရေးစရာမရှိလျှင် ကျောင်းသွားကျောင်းပြန် ဘတ်စကားနောက်ကျတာကအစ ဖွဲ့နွဲ့ပြီးရေးပေးရမည် ..
- သူများတကာဆီပုံးတွေမှာ ကိုယ့်ဘလော့အကြောင်း နေ့တိုင်းလိုက်ကြေငြာပေးရမည် ... မိမိရောက်ကြောင်း မာကလာပင်လုပ်ပေးရမည် ...
- သူများဘလော့က ပိုစ့်တွေဖတ်ပြီးလျှင် မကောင်းသော်ရှိ ကောင်းသော်ရှိ ချီးမွမ်းခန်းဖွင့်ပေးရမည် ...
- ကိုယ့်ဆီပုံးထားရမည် ... လာသမျှလူ တယောက်မကျန် နှုတ်ဆက်ရမည် ...
- ဘလော့ဂါ ဘိုးအေကြီးများကို တယောက်မကျန် သိထားရမည် ... လင့်ထားရမည် ... ဘုရားတဆူ ဂူတလုံး ပြုလုပ်ထားရမည် ...
- ဘလော့ တကာနှင့်လင့်ထားရမည် ... ရင်းနှီးသူများနှင့် မိတ်ဖွဲ့ထားရမည် ... မဟုတ်ပါက တကောင်တည်း အနွှာခံရတတ်သည် ...
- သူများတကာထက် ပိုပွတဲ့ဘလော့ဂါ ပိုအနွှာခံရတတ်သည် ... ငပွကြီး မဖြစ်ပါစေနှင့် ...
- ပိုစ်တရာပြည့်လျှင် ... ဘလော့မွေးနေ့ပွဲ လုပ်ပေးရမည် ... ရှယ်ပိုစ့်ရေးရမည် .. လူတကာကို ဖိတ်ရမည် ...
- နေ့စဉ် ဖြစ်ပျက်မြင်တွေ့နေတဲ့သတင်းတွေကို ဝေဖန်ချက်ပေးရမည် ...
- ဘာကျန်သေးလဲ
အင်္ဂလိပ်လို
- ဘလော့တခုဖွင့်ပြီး ကိုယ်ရေးချင်ရာရေးလိုက်ရင်ကို ဘလော့ဂါဖြစ်တာပါပဲ ...
ကျန်သေးတယ်
ကြိုက်သော်ရှိ မကြိုက်သော်ရှိ သူများ blog များကို နေ့တိုင်းသွားဖတ်ရမည်။ ကိုယ်ရောက်ကြောင်း cbox ထဲတွင် ရေးခဲ့ရမည်။ cbox မရှိပါက ဆိုင်သော်ရှိ မဆိုင်သော်ရှိ နောက်ဆုံး post တွင် ကိုယ့် blog လိပ်စာနှင့် နှုတ်ဆက်ကြောင်းရေးခဲ့ရမည်။ LoL
ddieko said:ဘလော့ဂါ အနက်
မြန်မာလို - တနေ့တပုဒ် (ဘာမှမဟုတ်တဲ့ ပိုစ့်ကအစ) ရေးဖြစ်အောင် ရေးပေးရမည် ... ဘာမှရေးစရာမရှိလျှင် ကျောင်းသွားကျောင်းပြန် ဘတ်စကားနောက်ကျတာကအစ ဖွဲ့နွဲ့ပြီးရေးပေးရမည် .. - သူများတကာဆီပုံးတွေမှာ ကိုယ့်ဘလော့အကြောင်း နေ့တိုင်းလိုက်ကြေငြာပေးရမည် ... မိမိရောက်ကြောင်း မာကလာပင်လုပ်ပေးရမည် ... - သူများဘလော့က ပိုစ့်တွေဖတ်ပြီးလျှင် မကောင်းသော်ရှိ ကောင်းသော်ရှိ ချီးမွမ်းခန်းဖွင့်ပေးရမည် ...
- ကိုယ့်ဆီပုံးထားရမည် ... လာသမျှလူ တယောက်မကျန် နှုတ်ဆက်ရမည် ...
- ဘလော့ဂါ ဘိုးအေကြီးများကို တယောက်မကျန် သိထားရမည် ... လင့်ထားရမည် ... ဘုရားတဆူ ဂူတလုံး ပြုလုပ်ထားရမည် ...
- ဘလော့ တကာနှင့်လင့်ထားရမည် ... ရင်းနှီးသူများနှင့် မိတ်ဖွဲ့ထားရမည် ... မဟုတ်ပါက တကောင်တည်း အနွှာခံရတတ်သည် ...
- သူများတကာထက် ပိုပွတဲ့ဘလော့ဂါ ပိုအနွှာခံရတတ်သည် ... ငပွကြီး မဖြစ်ပါစေနှင့် ...
- ပိုစ်တရာပြည့်လျှင် ... ဘလော့မွေးနေ့ပွဲ လုပ်ပေးရမည် ... ရှယ်ပိုစ့်ရေးရမည် .. လူတကာကို ဖိတ်ရမည် ...
- နေ့စဉ် ဖြစ်ပျက်မြင်တွေ့နေတဲ့သတင်းတွေကို ဝေဖန်ချက်ပေးရမည် ...
- ဘာကျန်သေးလဲ
အင်္ဂလိပ်လို
- ဘလော့တခုဖွင့်ပြီး ကိုယ်ရေးချင်ရာရေးလိုက်ရင်ကို ဘလော့ဂါဖြစ်တာပါပဲ ...
တနေ့တပုဒ် (ဘာမှမဟုတ်တဲ့ ပိုစ့်ကအစ) ရေးဖြစ်အောင် ရေးပေးရမည် ... ဘာမှရေးစရာမရှိလျှင် ကျောင်းသွားကျောင်းပြန် ဘတ်စကားနောက်ကျတာကအစ ဖွဲ့နွဲ့ပြီးရေးပေးရမည် ..ဒါကလဲ အွန်လိုင်း ဒိုင်ယာယီပါပဲ။ ဘလော့ဂ်ပေါ့။ ပါစင်နယ်လ်ဆန်ဆန် ဖြစ်တဲ့ ဘလော့ဂ်ပေါ့။ :D
သူများတကာဆီပုံးတွေမှာ ကိုယ့်ဘလော့အကြောင်း နေ့တိုင်းလိုက်ကြေငြာပေးရမည် ... မိမိရောက်ကြောင်း မာကလာပင်လုပ်ပေးရမည် ...spamming မလုပ်ပါနဲ့လို့ သတိပေးလိုက်ရင် မကောင်းဘူးလား။
ဘလော့ဂါ ဘိုးအေကြီးများကို တယောက်မကျန် သိထားရမည် ... လင့်ထားရမည် ... ဘုရားတဆူ ဂူတလုံး ပြုလုပ်ထားရမည် ...Blogroll? ကျွန်တော်လဲ ကျွန်တော်ကြိုက်တဲ့ ဘိုးအေကြီးတွေကို လင့်ခ်ထားတာပါပဲ။ သူတို့ ပြန်မလင့်ခ်ဘူး၊ ကိစ္စမရှိပါဘူး။ ကျွန်တော် အဓိက ဖတ်လေ့ရှိတဲ့ ဘလော့ဂ်တွေပဲ။
ပိုစ်တရာပြည့်လျှင် ... ဘလော့မွေးနေ့ပွဲ လုပ်ပေးရမည် ... ရှယ်ပိုစ့်ရေးရမည် .. လူတကာကို ဖိတ်ရမည် ...တကယ့် pro ရေးနေတဲ့ hit တွေ သိန်းချီ သန်းချိရနေတဲ့ သူတွေတောင် လုပ်လေ့ရှိတာ ကျွန်တော်တို့လို ပါးမွှားလုပ်တာ မဆန်းပါဘူး။
အခုလောလောဆယ်တော့ ဘလော့ဂါလူတန်းစားရယ်ဆိုပြီး ပြဿနာက စချင်နေပြီ။
ဘလော့ဂါဆိုတာ သာမန်လူရယ်ပါ။ အွန်လိုင်းမှာ စာရေးတယ်ဆိုရင် ဘလော့ဂါပါပဲ။
ဘာမှကြီးကြီးကျယ်ကျယ် မရှိပါဘူးဗျာ.
နောက်တာပါ ကိုမျိုးကျော်ထွန်းရယ်။ မြန်မာ blog တော်တော်များများဖြစ်ပုံကို ကျွန်တော်တို့ နှစ်ယောက်က သရော်လိုက်တာပါ။ တချို့တွေက cbox ထဲမှာ ပြောမရဆိုမရ နှောင့်ယှက်လို့ ကျွန်တော်တောင် cbox ဖြုတ်လိုက်ရတယ်ဗျာ။ နောက်ပြီး အခုနောက်ပိုင်း comment ကို approve လုပ်ပြီးမှပဲ လက်ခံတော့တယ်။ အဲလိုလေးတွေရှိတာကြောင့် သရော်လိုက်တာပါ။ စိတ်တော့မရှိပါနဲ့
စိတ်မဆိုးပါနဲ့ ကိုမျိုးကျော်ထွန်းရယ် ... ကျနော်လဲ ပျော်စေပျက်စေသဘောနဲ့ရေးလိုက်တာပါ ... အပေါ်ကခေါင်းစဉ်ကြီးလို ဘလော့ဂါဆိုသည်မှာ ဘာကြီးလဲလို့ တခမ်းတနားရေးရအောင်လဲ ဘလော့ဂါဆိုတာ ဘာမှမဟုတ်ပါဘူး ... လူတိုင်းဘလော့လို့ရပါတယ် ... အရေးအသား အတွေးအခေါ်ကောင်းတဲ့ဘလော့မျိုးဆို လူတွေပိုအားပေးကြမှာပေါ့ ... ဒါပါပဲ ...
ပြီးတော့ အားလုံးသိတဲ့အတိုင်း မြန်မာဘလော့ဂါတွေမှာ အားနည်းချက် ၂ခုထဲရှိပါတယ် ... တခုက အင်တာနက်ပေါ့ ... နှေးတယ် ... ဘန်းထားတယ် ... နောက်တခုက မြန်မာဖောင့်ပေါ့ ... ဘလော့ချင်ပါလျက် ... ဖောင့်သွင်းရတာ ရွာလည်နေကြတာနဲ့ပဲ ဘလော့ဆိုတာ ဘာကြီးလဲ ဖြစ်နေကြတာပါ ...
အဲဒါလေး၂ခုကိုပဲ လုပ်ပေးလိုက်နိုင်ရင်ကို လူတိုင်းဘလော့နိုင်နေပါပြီ ... မှန်ပါတယ် ... ဘလော့ဂါဆိုတာ လူတန်းစားတရပ်မဟုတ်ပါခင်ဗျာ ....
© 2009 Created by MBS on Ning. Create a Ning Network!