Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

ဒီ MBS Network ကလေးမှာ မန်ဘာဝင်လာကြတဲ့ လူတွေ အတော်များများ မြင်ရတော့ ၀မ်းသာမိပါတယ်။ Myanmar Blogger Society လို့ ခေါင်းစဉ် တပ်ထားတော့ မြန်မာဘလော့ဂါတွေကိုပဲ အဖွဲ့ဝင် ပေးဝင်သင့်တာပေါ့။ ဒါပေမယ့် မန်ဘာအသစ်ကို ဘလော့ဂ် ရှိခြင်း မရှိခြင်း ဆိုတာ စစ်ဆေးဖို့ တကယ် လက်တွေ့မှာ မလွယ်ကူပါဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် လူတိုင်းနီးပါး ၀င်လို့ ရနေပါတယ်။ ဘလော့လိပ်စာတစ်ခု မဖြစ်မနေ ထည့်ခိုင်းပေမယ့် ဘာလိပ်စာမဆို ထည့်ရနေတော့ အသေးစိတ် လိုက်စစ်ဆေးဖို့ အခက်အခဲ ရှိပါတယ်။ ဒါ Moderator တွေရဲ့ အလုပ်ပါ။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုတာ တွေ့လာရင်ကော ကျနော်တို့ ဘယ်လို အရေးယူမလဲ။ သူဟာ အခု မဟုတ်သေးပေမယ့် နောင် ဘလော့ဂါ ဖြစ်ဖို့ ရည်ရွယ်ချက်ရှိလို့ လာလေ့လာနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Network ရဲ့ စည်းမျဉ်းအရ ဘလော့ဂါများသာ ၀င်ခွင့်ပြုမှာ ဖြစ်ပေမယ့် Potential Blogger များကိုလည်း ကြိုဆိုရမယ့် တာဝန်လည်း ရှိနေပါတယ်။ ဒီ ၀ိရောဓိတွေ ကြားမှာ ပြေလည်နိုင်မယ့် နည်းတစ်ခု အကြံပြုကြည့်ချင်ပါတယ်။ ကျနော်တို့ ဘလော့ဂါမဟုတ်သူများ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါမယ်။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုရင် သူဟာ ဘလော့ဂါ မဟုတ်သူများမှာ အဖွဲ့ဝင် အနေနဲ့ ၀င်ကို ၀င်ရပါမယ်။ တကယ်လို့ သုံးရက်အတွင်း မ၀င်ခဲ့ဘူးဆိုရင် Moderator များအနေနဲ့ အဲဒီ မန်ဘာကို ဖယ်ရှားပိုင်ခွင့် ရှိပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘလော့ဂါ မဟုတ်တဲ့သူတွေကို ထင်ထင်ရှားရှား မြင်သာလာမယ်လို့ ယူဆမိပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း မလေးစားရာ မရောက်ပါဘူး။
အထက်က အကြောင်းအရာကို အားလုံး ၀ိုင်းပြီး ဆွေးနွေးပေးစေချင်ပါတယ်။ ဒါမှ ဘလော့ဂါ မဟုတ်တဲ့ မန်ဘာတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အဖြေတစ်ခုကို ရလာမှာပါ။

Tags: rules

Share

Replies are closed for this discussion.

Replies to This Discussion

အလကား ရန်ဖြစ်တာနဲ့ သူများတွေ ဝင်မွှေကုန်ပြီ။
ကျွန်တော်တို့တွေ ဆွေးနွေးနေတာ။ ငြင်းခုန်နေတာမဟုတ်ဘူး။
ဒါပေမယ့် တခြားလူတွေ ဝင်နှောင့်နေပြီ။
http://myanmarbloggersociety.ning.com/profile/khantpwar
http://myanmarbloggersociety.ning.com/profile/khantpwar96
အဲလို နာမည်တူအောင် လုပ်ပြီး ရေးတာတွေ ရှိလာပြီ။ တမင်တကာ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်ပြီး ရန်တိုက်ပေးနေတယ်။

ကိုပီကေ တစ်ခုခု အမြန်ဆုံး ထုတ်ပြန်ပေးပါ။ ကြားကနေ ရန်တိုက်ပေးနေတာတွေ ရှိတယ်။ အားလုံးသတိထားကြပါ။

သွန်းသွန်းရေ စည်သူ့အကောင့်က ဖျက်ပြီးသွားတာဖြင့် ကြာလှပြီ။ သွန်းသွန်း မနေ့ကတည်းက မရှိတော့ဘူး။ ဒါဟာ စည်သူရေးတာမဟုတ်ဘူး။ ဘာရေးသွားလဲတော့ မသိဘူး။

ကျွန်တော်ဖြစ်စေချင်တာက ကိုပီကေ တစ်ခုခု အမြန်ထုတ်ပြန်ပေးဖို့ပါ။
တစ်ခြား ကြားကနေ မွှေတဲ့လူရှိနေပြီ။ အားလုံး သတိထားပါ။ နာမည်နဲ့ပဲ ကြည့်ပြီး ဆုံးဖြတ်ချက်မချနဲ့။ link ကိုသွားကြည့်ပါ။

ကြာရင် သွေးထိုးလို့ သွေးကွဲကုန်မယ်။ ကိုညီလင်းဆက်ကော ဘယ်ရောက်နေလဲ။ ဘာမှ ဝင်မရှင်းတော့ဘူးလား။ စခဲ့တဲ့ ကိုပီကေရေ အစ်ကိုပဲ ဆုံးလိုက်ပါတော့။ ပြီးရင် တစ်ခါတည်း close လုပ်ချလိုက်တော့။ ထပ်ပြီး ရေးခွင့်မပေးနဲ့တော့ဗျာ
ရန်တိုက်ပေးတဲ့ အဆင့်ထိ လုပ်လာတာတော့ မကောင်းဘူးဗျ။ အိုကေ။ ကျနော် တမင်တကာ သွေးကွဲအောင် ရန်တိုက်ပေးနေတာတွေ တွေ့နေရတယ်။ ဒီတော့ ကျနော် ဒီမှာတင် ဒီတော့ပစ် အဆုံးသတ်တော့မယ်။ ကျနော် မကြာခင် ထုတ်ပြန်ပေးပါမယ်။ တကယ်ဆို ထုတ်ပြန်စရာတောင် မလိုတော့ပါဘူး။ Profile Setting ပြောင်းပြီးပဲကိုး။ ဒါပေမယ့် တရာဝင် ထုတ်ပြန်ပါ့မယ်။ နောက်ပြီး စေတန် ပြောသလို နာမည်ကြည့်ပြီး ချက်ချင်း မဆုံးဖြတ်လိုက်ပါနဲ့။ သူ့ရဲ့ Profile ကို သွားကြည့်ပြီးမှ ဆုံးဖြတ်ပါ။ တမင်တကာ ရန်တိုက်ပေးနေတဲ့ လူတွေ ရှိနေလို့ပါ။

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service