Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

ဒီ MBS Network ကလေးမှာ မန်ဘာဝင်လာကြတဲ့ လူတွေ အတော်များများ မြင်ရတော့ ၀မ်းသာမိပါတယ်။ Myanmar Blogger Society လို့ ခေါင်းစဉ် တပ်ထားတော့ မြန်မာဘလော့ဂါတွေကိုပဲ အဖွဲ့ဝင် ပေးဝင်သင့်တာပေါ့။ ဒါပေမယ့် မန်ဘာအသစ်ကို ဘလော့ဂ် ရှိခြင်း မရှိခြင်း ဆိုတာ စစ်ဆေးဖို့ တကယ် လက်တွေ့မှာ မလွယ်ကူပါဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် လူတိုင်းနီးပါး ၀င်လို့ ရနေပါတယ်။ ဘလော့လိပ်စာတစ်ခု မဖြစ်မနေ ထည့်ခိုင်းပေမယ့် ဘာလိပ်စာမဆို ထည့်ရနေတော့ အသေးစိတ် လိုက်စစ်ဆေးဖို့ အခက်အခဲ ရှိပါတယ်။ ဒါ Moderator တွေရဲ့ အလုပ်ပါ။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုတာ တွေ့လာရင်ကော ကျနော်တို့ ဘယ်လို အရေးယူမလဲ။ သူဟာ အခု မဟုတ်သေးပေမယ့် နောင် ဘလော့ဂါ ဖြစ်ဖို့ ရည်ရွယ်ချက်ရှိလို့ လာလေ့လာနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Network ရဲ့ စည်းမျဉ်းအရ ဘလော့ဂါများသာ ၀င်ခွင့်ပြုမှာ ဖြစ်ပေမယ့် Potential Blogger များကိုလည်း ကြိုဆိုရမယ့် တာဝန်လည်း ရှိနေပါတယ်။ ဒီ ၀ိရောဓိတွေ ကြားမှာ ပြေလည်နိုင်မယ့် နည်းတစ်ခု အကြံပြုကြည့်ချင်ပါတယ်။ ကျနော်တို့ ဘလော့ဂါမဟုတ်သူများ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါမယ်။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုရင် သူဟာ ဘလော့ဂါ မဟုတ်သူများမှာ အဖွဲ့ဝင် အနေနဲ့ ၀င်ကို ၀င်ရပါမယ်။ တကယ်လို့ သုံးရက်အတွင်း မ၀င်ခဲ့ဘူးဆိုရင် Moderator များအနေနဲ့ အဲဒီ မန်ဘာကို ဖယ်ရှားပိုင်ခွင့် ရှိပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘလော့ဂါ မဟုတ်တဲ့သူတွေကို ထင်ထင်ရှားရှား မြင်သာလာမယ်လို့ ယူဆမိပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း မလေးစားရာ မရောက်ပါဘူး။
အထက်က အကြောင်းအရာကို အားလုံး ၀ိုင်းပြီး ဆွေးနွေးပေးစေချင်ပါတယ်။ ဒါမှ ဘလော့ဂါ မဟုတ်တဲ့ မန်ဘာတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အဖြေတစ်ခုကို ရလာမှာပါ။

Tags: rules

Share

Replies are closed for this discussion.

Replies to This Discussion

မွန်စာကိုမရေးခင် စဉ်းစားပြီးမှရေးတဲ့အတွက် ဒီလိုရှင်းလင်းစွာ option ခွဲလိုက်လို့ သူတပါးဘက်ကမခံစားဘူး တာဝန်မဲ့တယ် ခွဲလိုက်တာလဲ ဘာမှအကျိုးမရှိဘူး သူတပါးခံစားရတယ်ဆိုတဲ့ ဝေဖန်မှုဟာ အငုံ့စိတ်နဲ့ဝေဖန်မှုလို့ပြောခဲ့တာကို မပြင်ပေးခဲ့ပါဘူး မွန်ရေးသမျှစာလုံးတိုင်းကို မွန်တာဝန်ယူနိုင်တဲ့အတွက် မရေးခင်က တွေးပါတယ် ရေးပြီးမှ မပြင်ပါဘူး အကိုဆွေးနွေးတာကို မွန်ဝမ်းသာပါတယ် သူတို့ကိုမွန်တို့လက်တွဲခေါ်မယ် ဒါပေမယ့် စိတ်ဓာတ်ကိုပြင်ပြီးမှလာခဲ့ပါ ဒီမှာ စာဖတ်သူတွေကို အားနာပါတယ် ကိုမစ္စတာကြီး မွန်ပြောတာမှားတယ် ညီမလေးကိုပြင်ပေးမယ်ဆိုရင် မွန့်မေးလ်ကိုအက်ပေးပါ natthimilay@gmail.com ပါ ဒီမှာတော့ ပုံစံတူအကြောင်းအရာကို ထပ်ပြီးမွန်မဆွေးနွေးတော့ပါ စိတ်ပါဝင်စားစွာ မွန့်ကိုအရေးတယူပြောပြကြတဲ့ အကိုနှစ်ယောက်ကို ကျေးဇူးပါ
MrDBA said:
ဒါဆိုရင် မင်းက ခွဲတာကို မကြိုက်တဲ့ လူတွေကို အငုံ့စိတ်ရှိတယ်လို့ ရဲရဲကြီးရှေ့ဆက်ပြီးပြောတယ်ပေါ့ ဟုတ်လား။

ဒီမှာကွ မင်းဝင်လာတဲ့ အချိန်မှာ ကိုပီကေ ကလဲရှင်းပြလို့ Option တွေတော့ ခွဲထားလိုက်ပါပြီဆိုတာ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ မင်းငါ့ စာကို Quote လုပ်ပြီး စပြောတာက အဲဒီ ဆုံးဖြတ်ချက် မထွက်ခင်ရှေ့က စာတွေပါ၊ ဒီတော့ မင်းငါ့ကို Quote တဲ့ အတွက် ငြိမ်းနေတဲ့ နေရာကနေ ပြန်စရတာပါ။ မင်းကရှေ့ဆက်ပြောတယ် အငုံ့စိတ်ရှိတယ်ဆိုပြီးတော့။ မင်းနားလည်လိုက်တဲ့ အချိန်မှာ Option လေးထည့်ပေးတာတောင် ဒီလောက် အငုံ့စိတ်ရှိရလားလို့ ထပ်ပြောပြန်တယ်။ မင်းဟာ မှားပြီးရင်းမှားနေတာဘဲ။ ကိုယ့်လွန်သွားတဲ့ စကားတစ်လုံးကို တာဝန်မယူရဲဘူး။ ၀န်မခံရဲဘူး

မွန် said:
ဘလော့ရေးသားခြင်းမပြုရသေးတဲ့ လူငယ်များအနေနဲ့ ဘလော့ဂါဆိုဆိုက်ရတီနာမည်တပ်ထားတဲ့နေရာမှာ ဘလော့ဖတ်သူဆိုပြီး optionတစ်ခုသတ်သတ်မှတ်မှတ်ရသွားပြီ ဆိုတာကို အားငယ်နေတဲ့ စိတ်ပျက်သွားတဲ့လူငယ်တွေရှိသေးတယ်ဆိုတာ မွန်ယုံလို့မရပါဘူး ဒါဆိုဒီလောက်ပဲစိတ်ဓာတ်ပျော့ညံ့ကြလား အလယ်မှာလပ်နေတာထက် နေရာလေးတစ်ခုရတာ ဂုဏ်ယူစရာပါ ဒါဟာadmin ကလဲ သူတို့လေးတွေကို လစ်လျူရှုထားတာမဟုတ်ဘူး ဂရုတစိုက်ရှိတယ်ဆိုတာ ပြတာပါ အစထဲကဆိုတဲ့စကားကတော့ အခုချိန်မှာလွန်သွားပါပြီ အစထဲကမလုပ်မိခဲ့လို့ အခုပြင်လိုက်တာပါ တူတူပဲ တူတူပဲလို့အော်နေလဲအလကားပါပဲ တူမှမတူတာလေ စိတ်ခံစားမှုတွေအတွက်တော့ ဒီလိုoption တွေကို ပြန်မပြင်ပေးသင့်ပါဘူး ကိုမစ္စတာကြီးပြောတာ ခံစားရတာအကိုမဟုတ်ဘူး အဲဒီလူငယ်တွေဆို၇င် အကိုအဲဒီလူငယ်တွေအတွက် လာပြောပေးတာဆိုရင် မွန့်စာဟာအဲဒီလူငယ်တွေကို ရည်ညွှန်းပါတယ်

MrDBA said:
ဟိုက်ရှားဘားစ် နင်ငါ့ကိုဆော်တာပေါ့။ ဟေးဟေး နာမည်ကြီးနဲ့ .. လူလိမ်မာသား ယဉ်ပါးတဲ့၊ (ကိုပီဇီ လူမိုက်မဟုတ်ပါ) ကျွန်တော်က စကားကို အေးအေးဘဲပြောတတ်ပါတယ်။
ခင်ဗျားသိလားဗျ နောက်ကွယ်မှာလေ လူငယ်တွေခံစားနေရတယ်ဗျ ဘလောက်ဂါအဖွဲ့ကြီးက ဖိတ်စာပို့ပြီး နောက်တော့ စာဖတ်သူထဲ ၀င်ရမယ်၊ အစကတော့ ဘာမှမပြောဘဲ လူများလာမှ ဒီလိုခွဲတယ် ဆိုတဲ့ အသံတွေ ခင်ဗျား ကြားရလို့လား။
သူတို့ စိတ်ခံစားမှု အတွက် ကျွန်တော်ပြောနေရတာပါ။ ကျွန်တော့်ဟာ ကျွန်တော်ဆို လာဖို့တောင် မရှိဘူး။ ခင်ဗျားတို့ ဟာက နဲနဲ မှတာဝန်မယူတတ်ဘူး။ ကျုပ်အစကထဲက ပြောတယ် မူကိုတိုက်ပါတယ် လူကို မတိုက်ပါဘူးလို့၊ ခုတော့ ခင်ဗျားကပြောပြီ ဟို မစ္စတာကြီး ရဲ့ ပျော့အိအိ စိတ်ပျက်စကားတွေကြောင့် သူကို အငုံ့စိတ်ရှိတယ်လို့ ပြောပြီ။

ကောင်းကြသေးရဲ့လား .. ဟားဟား ရီရတယ် ခင်ဗျားတိုကတော့ဗျာ။ အားကောင်းမောင်းသန်ပြောမှလား .. ဟုတ်လား။ အေးအေးဆေးဆေး ပြောလို့မရဘူးလား အဲလိုလား။

မွန် said:
နားလည်မှုလွဲသွားပြီထင်တယ် မွန်ပြောတဲ့ပထမဆုံးကွန်းမန့်ဆိုတာ မွန်နဲ့ကိုမစ္စတာကြီးတို့ရေးကြတာပါ ကိုမစ္စတာကြီးက စိတ်မကောင်းခြင်းကြီးစွာနဲ့ မခွဲဖို့လေးပဲပြောနေတာပါဗျာဆိုလို့ သူတို့ကိုမောင်းထုတ်နေတာ ခံစားရတယ်ဆိုလို့ မွန်ရေးတာပါ အကိုသေချာဖတ်ကြည့်လိုက်ပါ စာမျက်နှာ၂၁လောက်မှာလို့ မွန်ထင်ပါတယ် အကိုက လုံးဝစိတ်မကောင်းဟန်မပါပါဘူး ရဲရဲရင့်ရင့်ကြီးကို စွမ်းစွမ်းတမံ ယောက်ျားပီပီသသ အားကြိုးမာန်တက် အားကောင်းမောင်းသန် လှေကွက်ကြီးကျန် အလံမလဲ ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက် ဇွဲနဘဲနဲ့ အံကြိတ်ဆွေးနွေးတယ်ဆိုတာ မွန်လက်ခံပါတယ်ရှင့်
phpcrazy said:
မွန် said:
အဆင့်အတန်းနဲ့ ချီပြီးပြောလာပြီဆိုတော့လဲ ဒီကအကိုကို မွန်ပြန်ဖြေရှင်းဖို့ တာဝန်ရှိပါတယ် မွန့်ကွန်းမန့်ကိုပြန်ထားတဲ့ ရီပလိုင်းမှာဆိုရင် အကိုပြောသလို positive and negative thinking မျှခြင်းထက် အဆိုးမြင်မှု အားငယ်မှု မလုံခြုံမှုဆိုတဲ့ အငွေ့အသက်ကိုမွန်ခံစားခဲ့ရပါတယ် စာဖတ်သူလို့အုပ်စုတစ်စုခွဲခြားခြင်းဟာ ဘာမှထူးထွေဆန်းပြားမနေတဲ့ လူသာမန်တိုင်း လက်ခံနိုင်တဲ့ situation တစ်ခုပါဒါကို အရမ်းခံစားမိနေတယ်ဆိုရင်တော့ တစ်နေရာရာမှာ မှားနေပါပြီ မွန်ပြောတဲ့အငုံ့စိတ်ဆိုတာ inferiority complexတော့ ဒီလူရနေပါပြီလို့ ဝေဒနာနာမည်တပ်ခြင်းမဟုတ်ပါ ဒီကိစ္စကိုဖြင့် အငုံ့စိတ်နဲ့ကြည့်ပြီး ခံစားနေတယ်လို့ဆိုလိုပါတယ် debate တစ်ခုမှာ ဝင်ဆွေးနွေးနိုင်တယ် မနိုင်ဘူးဆိုတာကတော့ depends on ပါ အပြုသဘောဆွေးနွေးမှုတိုင်းကို မွန်ကြိုဆိုပါတယ် ထပ်ပြီး ဒါဟာ မွန်ပြောခဲ့တဲ့စကား ရေးခဲ့တဲ့စာတစ်ကြောင်းကို ရုပ်သိမ်းတာမဟုတ်ကြောင်း အတည်ပြုပြောချင်ပါတယ်
အော် ကျွန်တော်က တော်တော်လေးကို ခံစားနေရတယ်နော် ... အောင်မလေး ကျွတ်ကျွတ်ကျွတ် .... တနားလိုက်တာ ကိုယ့်ကိုကိုယ် ... တနားလိုက်တာ ... စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေ ဖတ်တာတောင် ဒီလောက်မခံစားရဖူးဘူး ... ခင်ဗျားလေး ဒါဆို ကျွန်တော်ပြောခဲ့တဲ့ စကားတွေထဲက constructive မဖြစ်တဲ့ စာသားလေးတွေ ထုတ်ပြပါလားဗျ ... စကားလေးတွေကို ထောက်ပြီး ပြောပြပေးပါလား ကြည့်ချင်လို့ပါ ... အဆိုးမြင်တာလေးတွေ အားငယ်နေတဲ့ စကားလုံးလေးတွေ ... လူတွေ သနားသွားအောင်ဗျာ ... အဲဒီ inferiority complex ဆိုတာကြီးက phpcrazy မှာရှိနေပြီဆိုရင် ... ကျွန်တော့် နာမည်ရှေ့မှာ
လက်စသတ်တော့ ဒီအကိုကြီး အီးမေးလ် သိချင်နေတာလား။ တိပါဘူး။ ဘွာတေး ဘွာတေး။ ဝင်ကြောတော့ဘူး။ :P
ကဲ.. ငါ့အကိုက အကြီးဆိုပြီး အလျှော့ပေးလိုက်ပါတော့နော်...
ကျွန်မ တစ်ခုလောက်ပြောချင်တာက ခုချိန်မှာ ကျွန်မတို့တွေ Seminar ဖြစ်မြောက်ရေးအတွက် အရမ်းအလုပ် များနေကြပါတယ်.. ဒီထဲမှာ ရှိတဲ့ သူတွေအားလုံး စီမီနာ အောင်မြင်နိုင်ဖို့အတွက် ၀ိုင်းဝန်းပါဝင် လက်တွဲစေလိုပါတယ်.. အဲ.. စီမီနာကတော့ ဒီတော့ပစ်နဲ့ ဘာမှ မဆိုင်ဘူးပေါ့နော်... ကြော်ငြာဝင်တယ်လို့ပဲ သဘောထားလိုက်ပေါ့.. အဟီး.. နောက်ပြီး လောလောဆယ်မှာ မော်ဒရေတာ Result လည်းထွက်အောင် လုပ်နေတယ်ဆိုတော့ Seminar လည်းပြီး မော်ဒရေတာတွေလည်း ရွေးအပြီးမှာ ဒီ Community လေးကို ဒီထက်ပိုကောင်းအောင်၊ ဒီထက်ပိုစနစ်ကျအောင်၊ အားလုံးဝိုင်းဝန်းပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးထားတဲ့ အချက်ကလေးတွေနဲ့ ကိုက်ညီအောင်၊ တိုင်တိုင်ပင်ပင်နဲ့ Rules လေးတွေ ပြုလုပ်ပါမယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်ရှင့်။ ခုတော့ အားလုံး လျှော့သင့်တာ လျှော့ပါနော်.. အကိုကြီးလည်းလျှော့ .. ညီမလေးလည်း လျှော့ နော်.. အားလုံးကတော့ အားလုံးကောင်းဖို့ လုပ်နေကြတာအတူတူ... အငြင်းမပွားကြပါ နဲ့တော့ရှင်။

ကျေးဇူးပါ...
ပင့်ဂိုလ်း

MrDBA said:
မစွာချင်ပါဘူး အေးအေးလေး စကားလုံးတောင် သေချာ ရွေးပြီး မထိခိုက်အောင် ကြိုးစားရေးပါတယ် .. သူက အငုံ့စိတ်ရှိတယ်ဆိုတော့ .. ခက်တယ်မဟုတ်လား။ ဟိုမှာ စွာလန်တေးကျတော့ အားကောင်းမောင်းသန်ဆိုတော့ .. အင်း .. ဒွတ်ခ

Soe Min said:
အတိုကြီးကလဲ စွာလိုက်တာ။ :P။ လုပ်ပါနဲ့ဂျ။

MrDBA said:
လူဆိုတာကတော့ အမျိုးမျိုးရှိမှာဘဲဗျ ..အားနဲသူကို အားပေးရမယ်ဗျ၊ စွတ်ပြီး ကိုယ်က အတွေးအခေါ်မြင့်နေတာနဲ့ နိမ့်နေတဲ့လူငယ်တွေကို ဒီလောက်တောင် မသိရဘူးလားလို့ တော်ရမ်းလျှောက်ပြောနေလို့မှမရဘဲ၊ နားလည်ပေးပြီး လက်တွဲခေါ်ရမှာပေါ့ဗျ။
ကျုပ် ဥပမာ အမျိုးမျိုးနဲ့ ခင်ဗျားတို့နားလည်အောင် ပြောပြသားဘဲ။ ခင်ဗျားတို့ကို အားကျနေတဲ့လူငယ်တွေဗျ။ မင်းသား မင်းသမီးနဲ့ အတူတူ တတန်းထဲ ထိုင်ပြီး စကားပြောရတဲ့ အရသာမျိုးလို့ ရှေ့မှာ ပုံပမာတင်စားပြီး ခင်ဗျားတို့ နားလည်နိုင်မလားလို့ ပြောခဲ့ပါတယ်။ ခင်ဗျားတို့ က ကောင်းတာတော့ ပြန်မ Quote ဘဲ ပြောချင်တာလေးဘဲ လာပြောလို့ ဖြစ်မလား။
မွန် နည်းနည်းလေး စိတ်လျော့လိုက်ပါဗျာ။ လူကြီးတွေဆိုတော့ အဲလို အကုန်ပြန်ပြောနေလို့မကောင်းလို့ပါ။ မွန် ရဲ့ စိတ်ကို နည်းနည်းလေးလျော့လိုက်ပါ။

ကို DBA ကြီးလည်းလျော့လိုက်ပါအုံးဗျာ။ နှစ်ဖက်လုံး လျော့လိုက်လို့ အကုန်ငြိမ်းသွားရင် အကောင်းဆုံးပေါ့ဗျာ။

မွန် said:
ဘလော့ရေးသားခြင်းမပြုရသေးတဲ့ လူငယ်များအနေနဲ့ ဘလော့ဂါဆိုဆိုက်ရတီနာမည်တပ်ထားတဲ့နေရာမှာ ဘလော့ဖတ်သူဆိုပြီး optionတစ်ခုသတ်သတ်မှတ်မှတ်ရသွားပြီ ဆိုတာကို အားငယ်နေတဲ့ စိတ်ပျက်သွားတဲ့လူငယ်တွေရှိသေးတယ်ဆိုတာ မွန်ယုံလို့မရပါဘူး ဒါဆိုဒီလောက်ပဲစိတ်ဓာတ်ပျော့ညံ့ကြလား အလယ်မှာလပ်နေတာထက် နေရာလေးတစ်ခုရတာ ဂုဏ်ယူစရာပါ ဒါဟာadmin ကလဲ သူတို့လေးတွေကို လစ်လျူရှုထားတာမဟုတ်ဘူး ဂရုတစိုက်ရှိတယ်ဆိုတာ ပြတာပါ အစထဲကဆိုတဲ့စကားကတော့ အခုချိန်မှာလွန်သွားပါပြီ အစထဲကမလုပ်မိခဲ့လို့ အခုပြင်လိုက်တာပါ တူတူပဲ တူတူပဲလို့အော်နေလဲအလကားပါပဲ တူမှမတူတာလေ စိတ်ခံစားမှုတွေအတွက်တော့ ဒီလိုoption တွေကို ပြန်မပြင်ပေးသင့်ပါဘူး ကိုမစ္စတာကြီးပြောတာ ခံစားရတာအကိုမဟုတ်ဘူး အဲဒီလူငယ်တွေဆို၇င် အကိုအဲဒီလူငယ်တွေအတွက် လာပြောပေးတာဆိုရင် မွန့်စာဟာအဲဒီလူငယ်တွေကို ရည်ညွှန်းပါတယ်
MrDBA said:
ဟိုက်ရှားဘားစ် နင်ငါ့ကိုဆော်တာပေါ့။ ဟေးဟေး နာမည်ကြီးနဲ့ .. လူလိမ်မာသား ယဉ်ပါးတဲ့၊ (ကိုပီဇီ လူမိုက်မဟုတ်ပါ) ကျွန်တော်က စကားကို အေးအေးဘဲပြောတတ်ပါတယ်။
ခင်ဗျားသိလားဗျ နောက်ကွယ်မှာလေ လူငယ်တွေခံစားနေရတယ်ဗျ ဘလောက်ဂါအဖွဲ့ကြီးက ဖိတ်စာပို့ပြီး နောက်တော့ စာဖတ်သူထဲ ၀င်ရမယ်၊ အစကတော့ ဘာမှမပြောဘဲ လူများလာမှ ဒီလိုခွဲတယ် ဆိုတဲ့ အသံတွေ ခင်ဗျား ကြားရလို့လား။ သူတို့ စိတ်ခံစားမှု အတွက် ကျွန်တော်ပြောနေရတာပါ။ ကျွန်တော့်ဟာ ကျွန်တော်ဆို လာဖို့တောင် မရှိဘူး။ ခင်ဗျားတို့ ဟာက နဲနဲ မှတာဝန်မယူတတ်ဘူး။ ကျုပ်အစကထဲက ပြောတယ် မူကိုတိုက်ပါတယ် လူကို မတိုက်ပါဘူးလို့၊ ခုတော့ ခင်ဗျားကပြောပြီ ဟို မစ္စတာကြီး ရဲ့ ပျော့အိအိ စိတ်ပျက်စကားတွေကြောင့် သူကို အငုံ့စိတ်ရှိတယ်လို့ ပြောပြီ။
ကောင်းကြသေးရဲ့လား .. ဟားဟား ရီရတယ် ခင်ဗျားတိုကတော့ဗျာ။ အားကောင်းမောင်းသန်ပြောမှလား .. ဟုတ်လား။ အေးအေးဆေးဆေး ပြောလို့မရဘူးလား အဲလိုလား။

မွန် said:
နားလည်မှုလွဲသွားပြီထင်တယ် မွန်ပြောတဲ့ပထမဆုံးကွန်းမန့်ဆိုတာ မွန်နဲ့ကိုမစ္စတာကြီးတို့ရေးကြတာပါ ကိုမစ္စတာကြီးက စိတ်မကောင်းခြင်းကြီးစွာနဲ့ မခွဲဖို့လေးပဲပြောနေတာပါဗျာဆိုလို့ သူတို့ကိုမောင်းထုတ်နေတာ ခံစားရတယ်ဆိုလို့ မွန်ရေးတာပါ အကိုသေချာဖတ်ကြည့်လိုက်ပါ စာမျက်နှာ၂၁လောက်မှာလို့ မွန်ထင်ပါတယ် အကိုက လုံးဝစိတ်မကောင်းဟန်မပါပါဘူး ရဲရဲရင့်ရင့်ကြီးကို စွမ်းစွမ်းတမံ ယောက်ျားပီပီသသ အားကြိုးမာန်တက် အားကောင်းမောင်းသန် လှေကွက်ကြီးကျန် အလံမလဲ ငုတ်မိသဲတိုင်တက်နိုင်ဖျားရောက် ဇွဲနဘဲနဲ့ အံကြိတ်ဆွေးနွေးတယ်ဆိုတာ မွန်လက်ခံပါတယ်ရှင့်
phpcrazy said:
မွန် said:
အဆင့်အတန်းနဲ့ ချီပြီးပြောလာပြီဆိုတော့လဲ ဒီကအကိုကို မွန်ပြန်ဖြေရှင်းဖို့ တာဝန်ရှိပါတယ် မွန့်ကွန်းမန့်ကိုပြန်ထားတဲ့ ရီပလိုင်းမှာဆိုရင် အကိုပြောသလို positive and negative thinking မျှခြင်းထက် အဆိုးမြင်မှု အားငယ်မှု မလုံခြုံမှုဆိုတဲ့ အငွေ့အသက်ကိုမွန်ခံစားခဲ့ရပါတယ် စာဖတ်သူလို့အုပ်စုတစ်စုခွဲခြားခြင်းဟာ ဘာမှထူးထွေဆန်းပြားမနေတဲ့ လူသာမန်တိုင်း လက်ခံနိုင်တဲ့ situation တစ်ခုပါဒါကို အရမ်းခံစားမိနေတယ်ဆိုရင်တော့ တစ်နေရာရာမှာ မှားနေပါပြီ မွန်ပြောတဲ့အငုံ့စိတ်ဆိုတာ inferiority complexတော့ ဒီလူရနေပါပြီလို့ ဝေဒနာနာမည်တပ်ခြင်းမဟုတ်ပါ ဒီကိစ္စကိုဖြင့် အငုံ့စိတ်နဲ့ကြည့်ပြီး ခံစားနေတယ်လို့ဆိုလိုပါတယ် debate တစ်ခုမှာ ဝင်ဆွေးနွေးနိုင်တယ် မနိုင်ဘူးဆိုတာကတော့ depends on ပါ အပြုသဘောဆွေးနွေးမှုတိုင်းကို မွန်ကြိုဆိုပါတယ် ထပ်ပြီး ဒါဟာ မွန်ပြောခဲ့တဲ့စကား ရေးခဲ့တဲ့စာတစ်ကြောင်းကို ရုပ်သိမ်းတာမဟုတ်ကြောင်း အတည်ပြုပြောချင်ပါတယ်
အော် ကျွန်တော်က တော်တော်လေးကို ခံစားနေရတယ်နော် ... အောင်မလေး ကျွတ်ကျွတ်ကျွတ် .... တနားလိုက်တာ ကိုယ့်ကိုကိုယ် ...
စေတန်ရေ.............. ဘာတွေဖစ်ကုန်ပြီလဲ အဲလေ ဘာတွေဖြစ်ကုန်ပြီလဲ အစပဲ ရှိသေးတယ်နော်။ ဟဟ။ အပြင်လူ ၀င်တောင် မမွှေသေးဘူး နွားကွဲတော့ ဘာဖြစ်သလဲ............... ဒီတော့ အားလုံး ဆွေးနွေးတိုင်ပင်ကြပေါ့...............

Saturngod said:
ုငြိမ်နေပြီမဟုတ်လား။ ဘာလို့ ထပ်ဖွတာလဲ။

မွန်လေးလဲ လျော့လိုက်ပေါ့။ ကိုယ်မှန်တယ်ထင်ပြီး ဇွတ်လုပ်လို့ ပြသနာက ဖြေရှင်းနိုင်မှာမဟုတ်ဘူးဗျ။
ကိုပီဇီလဲ လျော့ဗျာ။ အစ်ကိုမကျေနပ်တာတွေ ရှိတာမှန်တယ်။ အခုလို ပြိုင်ပြောနေလို့ ဒီ post ကနေ အဖြေထွက်လာမှာ မဟုတ်တော့ဘူးဆိုတာ မြင်သာနေပြီ။

ဒီနေ့ပြီးသွားတယ်။ နောက်နေ့ နောက်တစ်ယောက်က အစအဆုံး မဖတ်ပဲ ပြန်ဖြေအုံးမယ်။ အဲဒီအခါ ပြသနာ ထပ်ဖြစ်အုံးမယ်။ ပြီးတော့မှာ မဟုတ်ဘူး။ မနေ့က ကိုပီဇီကော ကိုDBA ပါ ငြိမ်းသွားပြီ။ admin ပိုင်းက ထုတ်ပြန်ပေးဖို့လုပ်နေပြီ။ ဘာလို့ ထပ်ဖြေနေရတာလဲဗျာ။

ပြိုင်ပြောနေလို့ ဘာမှမထူးလာဘူး။ ဒီ post ကိုကြည့်တာနဲ့ သိသာပါတယ်။ ပထမတစ်ရက်က မနက်ပိုင်းမှာ
ကျွန်တော်ရယ် ကိုရန်အောင် ကိုကဒေါင်းရယ် ၃ ယောက် ရှင်းလိုက်တာ ငြိမ်းသွားပြီ။ ညနေရောက်တော့ မေးထားတာတွေကို admin ပိုင်းတွေက ပြန်ဖြေတော့ ပြန်ဆိုးကုန်ရော။ ညပိုင်းမှ ပြီးသွားတယ်။ အားလုံး အေးဆေးသွားတယ်။ နောက်နေ့ရောက်တော့ တခြားလူတွေက ပြန်ဖြေရှင်းတော့ ပြန်ဆိုးသွားပြန်တယ်။ ဘာထူးတော့မှာလဲဗျာ။ ကျွန်တော်တို့ ဖြေရှင်းလည်း ထူးမှာမဟုတ်ဘူး။ တော်ပြီဗျာ။

ဖြစ်ချင်တာဖြစ်။ ဒီ post ကို ဝင်ရှင်းရတာ အချိန်ကုန်တာပဲရှိတယ်။ ဒီနေ့ရှင်းပြီးရင် နောက်နေ့ ထပ်ဖြစ်မှာပဲ။ admin ပိုင်းက လူတွေ post ကိုပိတ်သင့်ပြီလို့ ထင်ပါတယ်။

ရှင်းပြီးသားတွေကို ထပ်ထပ်ရှင်းတာ လက်ညောင်းပြီး ဖင်ပူရုံပဲရှိတယ်။ ဘာမှ မထူးတော့ဘူးဆိုတာ မြင်လာရတယ်။ post တွေကို အစအဆုံး သေသေချာချာ ဖတ်ကြပါ။ တစ်ခုခုတွေ့တာနဲ့ ကောက်ပြီး မကျေနပ်တာကို reply မလုပ်ပါနဲ့။ အစအဆုံးလေး သေသေချာချာ ဖတ်ကြပါ။

ကိုပီဇီ ၊ ကိုDBA တို့က အစအဆုံး ပါခဲ့တဲ့လူတွေ။ တခြားလူတွေက ပါခဲ့ရတာမဟုတ်ဘူး။ သေသေချာချာလေး အစအဆုံး ပြန်လန် သုံးသပ်ပြီးမှ post လေးကို reply လုပ်ကြပါ။
Ning မှာက topic ကို တင်တဲ့လူကသာ ပြင်ခွင့်ရှိတယ်နဲ့တူတယ်။ ကျွန်တော်တို့ကတော့ ပြင်ခွင့်မ၇ှိဘူးဗျ။ အဲ.. အခုအချိန်မှာ ပြင်လိုက်ရင် ပြန်ငြင်းထားတာတွေက အလကားဖြစ်ကုန်မယ်ခင်ဗျ။ ဒီကိစ္စကတော့ ကိုပီကေ ပြန်ပိတ်မှဖြစ်မယ်ထင်တယ်။ မပိတ်ရင်တော့ ငြင်းကြအုံးမှာပဲ

Tin Nwe said:
ကျွန်တော်က ဘလော့reader ပါ ကိုပီကေရှင်းထားတဲ့ ၁၂ ချက်ကိုလဲဖတ်ပြီးပါပြီ တော်တော်များများသဘောတူလို့ရပါတယ်။ မရတာက discrimination ဆိုတဲ့အသုံးအနှုန်းပါ အဲဒီအသုန်းအနှုန်းရဲ့အဓိပ္ပါယ်ကို သဘောလုံးဝမကျပါ။ နောက်၁၂ချက်ပြီးတဲ့အခါမှာဆွေးနွေးကြပါလို့ဆို ပြန်တယ် မပြီးသေးတဲ့သဘော မဆုံးဖြတ်ရသေးတဲ့သဘောပေါက်နေတယ်။ ဆုံးဖြတ်ချက်မြန်မြန်ပေါ်မှ ကောင်းမယ် ဆွေးနွေးနေကြတာလဲများနေပြီ အမျိုးသားညီလာခံလိုဆိုရင်တော့ မပြောတော့ဘူး။ နောက်တစ်ခုသဘောပေါက်တာ ဒီ MBS မှာ NLS ပီကေ ဘီလူးဖီးနစ် ကိုစိုးမင်း စေတန်ဂေါက် တို့အရေးပါမယ့်ပုံပေါက်ပါတယ်။ ဖြေရှင်းချက်ပေးသင့်တယ် မြန်မြန် နဲ့မှန်မှန်ပေါ့ ခွဲထားရင်ခွဲထားတယ် မခွဲထားရင်မခွဲထားဘူး အသံတစ်ခုတည်းကြားခြင်ပါတယ်။ နောက် တစ်ဖက်မှဆွေးနွေးတဲ့သူတွေပြောနေတဲ့ topic ခေါင်းစဉ် (ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်) ဆိုတာကိုပြောင်းပါဆိုတာကို မပြောင်းဘဲထားတာ ဆွေးနွေးပွဲ ဖွအောင် ပွအောင်ထားတာလားဆိုတာသံသယဖြစ်မိတယ်။ အဲဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် စကားလွန်ရင် လွန်တဲ့သူအပြစ်မဟုတ်ပါ Topic တင်သူအပြစ်ပါ။ Topic တင်သူက မော်ဒရေတာဆိုရင် (မော်ဒရေတာလို့လဲထင်တယ်) စကားမများရဆိုတဲ့ စည်းကမ်းကိုသူစချိုးဖောက် အောင်လုပ်တဲ့အတွက် သူ့ကို Ban ပါ။ (ဒါမှမဟုတ်ထွက်ပါ) စကားများကြဘူးလို့ မငြင်းနဲ့ အထက်မှာ တစ်ယောက်တခွန်းဖြစ်ကုန်ပြီ။ ဒါမှမဟုတ် ဒီတော့ပစ်ကိုဖျက်ပစ်ပါ။ ဒါမှမဟုတ် စကားများသူတွေကိုထုတ်ပစ်ပါ။ အကောင်းဆုံးက ဘယ်သူကိုမှဘာမှမလုပ်ဘဲ အဖြေတစ်ခု အမြန်ပေးပါ။ ဒါမှ ကိုပီကေ ပြောသလို နောက်စည်းမျဉ်းတွေအတွက် ဆွေးနွေးကြဖို့ ဆက်သွားလို့ရမည် ထင်ပါသည်။

အားလုံးကိုလေးစားစွာဖြင့်
တင်နွယ်
အားလုံး အေးအေးဆေးဆေးလုပ်ပါဗျို့.... စိတ်လျှော့ကြပါဗျာ အားလုံးကို pizza ၀ယ်ကျွေးပါ့မယ် ဟီး ဟီး (ကိုယ်စားချင်တာ ကိုပြောတာ)

ကျွန်တော်ဘာမှ မဟုတ်ပါခင်ဗျား။ အားလုံးကို ပျော်စေချင်တဲ့ သူပါ။ :)

Tin Nwe said:
နောက်တစ်ခုသဘောပေါက်တာ ဒီ MBS မှာ NLS ပီကေ ဘီလူးဖီးနစ် ကိုစိုးမင်း စေတန်ဂေါက် တို့အရေးပါမယ့်ပုံပေါက်ပါတယ်။ ဖြေရှင်းချက်ပေးသင့်တယ် မြန်မြန် နဲ့မှန်မှန်ပေါ့ ခွဲထားရင်ခွဲထားတယ် မခွဲထားရင်မခွဲထားဘူး အသံတစ်ခုတည်းကြားခြင်ပါတယ်။
sorry ဗျာ။ ကျွန်တော် စကားလုံး မှားသွားတယ်။ ဆွေးနွေးတာပါ။ ငြင်းတာတစ်ခုမှ မပါဘူး။ အခု မအားဘူးဗျာ။ နောက်မှပဲ ဝင်တော့မယ်။
sorry ပါ ဆွေးနွေးတာလို့ ပြောင်းသုံးပေးပါ။ ကျွန်တော် စကားလုံး လောလောနဲ့ ရိုက်လိုက်လို့ မှားသွားတာပါ။ ကျွန်တော် အချိန်မရှိတော့တဲ့အတွက် ဒီနေ့တော့ ဒီလောက်ပါပဲ။
Tin Nwe said:
ကိုစေတန်ဂေါက် ပြန်မပြောတဲ့အတွက် မဆွေးနွေးတော့ပါဘူး ငြင်းပါတော့မယ် Topic တစ်ခုတင်ရင် သေချာစဉ်းစားပါ စကားအသုံးအနှုန်းသေချာရွေးပါ ကိုစေတန်ဂေါက် ကိုပီကေဆိုတာ blogger ကျွန်တော်က Reader အဲဒီလိုဆိုတော့ mynamar blogger Society မှာ ဖန်တီးသူနဲ့ ပရိတ်သတ်လို့မြင်ပါတယ် အတူတူ ပါဘဲ မတူတာက
ကျနော်တို့ ဘလော့ဂါမဟုတ်သူများ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါမယ်။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုရင် သူဟာ ဘလော့ဂါ မဟုတ်သူများမှာ အဖွဲ့ဝင် အနေနဲ့ ၀င်ကို ၀င်ရပါမယ်။ တကယ်လို့ သုံးရက်အတွင်း မ၀င်ခဲ့ဘူးဆိုရင် Moderator များအနေနဲ့ အဲဒီ မန်ဘာကို ဖယ်ရှားပိုင်ခွင့် ရှိပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘလော့ဂါ မဟုတ်တဲ့သူတွေကို ထင်ထင်ရှားရှား မြင်သာလာမယ်လို့ ယူဆမိပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း မလေးစားရာ မရောက်ပါဘူး။
MBS ကိုစိတ်ဝင်စားလို့ဝင်လာသူတစ်ယောက်ဟာ သူစိတ်ပါသည်ရှိမပါသည်ရှိ blogger မဟုတ်ရင် သူပြောတဲ့အတိုင်းလုပ် မလုပ်ရင်ဖယ်ရှားမယ်။ မခွဲခြားဘူးဆိုသေးတယ် အတူတူလို့ပြောသေးတယ်။ reader ဆိုတာ လွယ်လွယ်နဲ့ဖယ်၇ှားခံရမယ့် အမျိုးပါလားလို့ထင်မမိဘူးလား။ ဖယ်၇ှားခံရတာဟာ မလေးစားတာဘဲပေါ့ .. အထဲမှာပြန်ရှင်းထားတယ်လို့မပြောပါနဲ့ အပြန်ပြန် အလှန်လှန်ပြောထားတဲ့ ပြောစကား ရာကျော် ကိုဘယ်သူမှ စိတ်မ၀င်စားပါဘူး ထိပ်မှာတင်ထားတဲ့ အကြောင်းအရာကိုသာ ဆွေးနွေးတာများတယ် ဟုတ်မဟုတ် တခြားTopic တွေကြည့်ပါ ဘယ်သူမှ တခြားလူရေးတာမဖတ်ဘူး ဖတ်ရင်လည်း ကိုယ့်အမျိုးရှာတယ် နောက်ကိုယ်နဲ့နီးစပ်တဲ့ အပေါ်ကပြောထားတဲ့သူ ရေးသလောက်ဘဲကြည့်တယ် နောက် reply လုပ်တယ် အဲဒီတော့ ဒီတော့ပစ်ကို တင်တဲ့သူ အဖြေတစ်ခု မပေးမခြင်းငြင်းနေကြမှာဘဲ..
လေးစားစွာဖြင့်
တင်နွယ်
ကျွန်တော် တစ်ခုလောက် အက်ဒမင်တွေကို တောင်းဆိုချင်ပါတယ်။ ဒီတော့ပစ်ကို ဆက်ဆွေးနွေးဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခြားတစ်နေရာမှာလုပ်သင့်ပါတယ်။ ဒီပို့စ်ကို ပိတ်လိုက်ပြီး ဆွေးနွေးချက်တွေထဲက အများသဘောတူတဲ့ အချက်တွေကို စုစည်းပြီး ပို့စ်တစ်ခု ပြန်ရေးပေးပါဗျာ။ အဲဒီမှာ ထပ်ငြင်းကြတာပေါ.။ ခုမှ ဝင်လာပြီး အစအဆုံးဖတ်ဖို့ ဆိုတာလဲ များလာလေ မဖြစ်နိုင်လေပဲ ခင်ဗျ။ အဲဒါကြောင့် ပါ။ နောက်တစ်ခုက ဒီခေါင်းစဉ်ကို ဖတ်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်တဲ့ သူတွေ များလာတယ်ထင်တယ်ခင်ဗျ။ ဒါကြောင့် သင့်တော်တဲ့ decent title လေးတစ်ခု သုံးပြီး ဆွေးနွေးကြမယ်ဆိုရင် ပိုပြီး အပြုသဘောဆောင်တဲ့ ရလာဒ်တွေ ရလာမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

ခင်မင်လေးစားစွာဖြင့်
ဘလူးဖီးနစ်
ဟတ်... ဟတ်..ဟတ် ( ကိုရန်အောင်တို့  မျှားပြာတို့ ရယ်သလို ချောင်းဆိုးကြည့်တာ ... )
တစ်နေ့  တစ်နေ့  ဒီ Topic ကို စိတ်ဝင်စားနေရတာ နဲ့  ဘလော့တွေ တောင် မလည်ဖြစ်ဘူး...။
အားတဲ့ တစ်ချိန်ကျမှပဲ ဒီကိစ္စ နဲ့  ပတ်သက်ပြီး ဘလော့ မှာ အတင်းအုပ်ဦးမယ်...။ တင်တဲ့ ကိုပီကေရေ.. ကြိုပြောသွားတယ်နော်...။ လေးမ အားရင် အတင်းအုပ်ဦးမှာ...။ ဒီမှာ ဟုတ်ဘူး.။ လေးမ ဘလော့မှာ..။

မှ
ဘလော့တွင် ရေးချင်စိတ်ရှိသည်များကို ရေးသားနေသော အပျော်တမ်း ဘလော့ရေးသူ လေးမ

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service