The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags: rules
Replies are closed for this discussion.
ကောင်းပါတယ်
ကျွှန်တော်ဆိုရင် blogger မဟုတ်ပါဘူး blogger မဟုတ်လို့ ပယ်မယ်ဆိုရင်လဲ ပယ်ပေါ့....
ဒါပေမယ့်...အဖြေကတော့ဟုတ်သေးဘူးဗျ
ကျွန်တော်ဆို site တခုရေးမလို့လုပ်ပြီးမလုပ်ဖြစ်သေးဘူးဗျ
ဘာရေးရမှန်းမသိလို့....
ရေးစမရှိတော့နဲနဲလန့်နေတာလဲပါပါတယ်..
ပြောချင်တာက blogger မဟုတ်လို့ပယ်မယ်ဆိုရင်မတရားဘူး...
တချို့ကြတော့လည်း...blogger ဘယ်လိုလုပ်ရမယ်ဆိုတာမသိကြဘူး
ဒါသူတို့အပြစ်တော့လည်းဟုတ်မယ်မထင်....
blogger ဖြစ်မှရမယ်ဆိုရင်..... Blogger ဘယ်လို Account ဖွင့်ရတယ်....ဆိုတာကိုရှင်းပြသင့်တယ်
ဒီsite ကိုဝင်ကြတဲ့မြန်မာတိုင်းဟာ Computer Field ကမဟုတ်ဘူးဆိုတာကိုလဲသတိထားစေချင်ပါတယ်ခင်ဗျား
အားလုံးအဆင်ပြေနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်
Myanmar Blogger Society လို့ ခေါင်းစဉ် တပ်ထားတော့ မြန်မာဘလော့ဂါတွေကိုပဲ အဖွဲ့ဝင် ပေးဝင် သင့်တာပေါ့။
ဘလော့ဂါဟုတ်သူနဲ့ မဟုတ်သူဆိုတာကို ခင်ဗျားတို့ သဘောထားတွေ ဖတ်ရတော့ အရင်ဆုံးမေးချင်ပါတယ် ... ဘလော့ဂါဆိုတာဘာလဲ ... ဘယ်လိုအကောင်မျိုးကို ဘလော့ဂါလို့ခေါ်တာလဲ ... အကောင်ကြီးကြီး အမြီးရှည်ရှည်မှ ဘလော့ဂါလို့ခေါ်တာလား ... ခွေးပေါက်လေးလည်း ခွေးပဲဖြစ်သလို ... ခွေးအိုကြီးလည်း ခွေးပဲဖြစ်ပါတယ် ... ခွေးပေါက်လေးကို ခွေးလို့ မခေါ်နဲ့လို့ ပြောသလို ဖြစ်နေပါတယ်။ ခွေးပေါက်လေးက ခွေးလို သေသေချာချာ မဟောင်တတ်သေးတော့ ခွေးမဟုတ်သေးဘူးဆိုရင် မဟုတ်သေးပါဘူး။ ကျွန်တော်ကတော့ စကားပြောရင် နည်းနည်း ပြတ်ပြတ်သားသား ပြောတတ်ပါတယ်။ ဘယ်သူ့ကိုမှ စော်ကားလိုခြင်း မရှိပါဘူး။ တကယ်တော့ အင်တာနက်ပေါ်တက်ပြီးမှ ဘလော့ရေးမှ ဘလော့ဂါတစ်ယောက် မဟုတ်ပါဘူး။ တကယ်တော့ လူတိုင်းရင်ထဲမှာ ကလေးဘ၀ကတည်းက အမေ့ကို ဘယ်လို ပူဆာမယ်ဆိုတာမျိုးကို ဘလော့ရေးထားနိုင်ပါတယ်။ ဘလော့ရေးခြင်းဆိုတာ လူတိုင်းရဲ့ လွတ်လပ်တဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒီတော့ လူတိုင်းက ဘလော့ဂါဖြစ်ပြီးသားလို့ ယူဆပါတယ်။ ဒီတော့ ခွေးပေါက်လေးလည်း ခွေးပဲဖြစ်သလို ခွေးအိုကြီးလည်း ခွေးပါပဲ။ ကျွန်တော်ဆိုရင်လည်း ခွေးပေါက် အဆင့်ပဲရှိပါသေးတယ်။ နည်းနည်းတော့ ဟောင်တတ်နေပြီပေါ့ဗျာ။ ခင်ဗျားတို့ ပြောတဲ့ ပို့စ် သုံးဆယ်ပြည့်မှ ဘလော့ဂါဖြစ်မယ်ဆိုရင် ကျွန်တော်ခု ဘလော့တစ်ခုဆောက်မယ်ဗျာ ပြီးရင် မင်္ဂလာပါ ဆိုတဲ့ စကားကို တစ်ထောင်တိတိ တပည့်တစ်ယောက်ကို တင်ခိုင်းမယ်။ (ကျွန်တော့်မှာ အဲဒီလောက် အချိန်မရှိလို့ပါ) ပြီးရင် ကိုယ့်ကိုကိုယ် ဘလော့ဂါ ဘိုးအေကြီး၊ ဘလော့ဂါစစ်စစ်ကြီး လုပ်နေမယ်ဆိုရင်ရောဗျာ။ ဒါပေမယ့် အဲဒီလို လုပ်တဲ့ ကျွန်တော့်ကို ဘလော့ဂါမဟုတ်ဘူးလို့ ခင်ဗျားတို့ပြောဦးမလား။ သူလည်း ဘလော့ဂါတစ်ယောက်ပဲ ဖြစ်နေသေးတယ်နော်။
ဒီပို့စ်ကို မပိတ်ပါနဲ့ဦး ... ဆက်ဆွေးနွေးချင်ပါသေးတယ် ... မြင်းတိုက်တဲ့ ဘရပ်နဲ့ အတိုက်ခံဖို့ စောင့်နေပါတယ် ...
မွေးကင်းစနဲ့ လူကြီးတစ်ယောက်ဟာ တွေးကြည့်ရင်ဒီလူပါပဲ ဆိုပေမယ့် ကွာပါတယ်ဗျ။ ဥပမာ...
ကလေးက လေးဘက်ထောက်သွားမယ် - လူကြီးက မသွားဘူး
ကလေးက လူလယ်ခေါင်မှာ မအေနို့စို့မယ်မယ် - လူကြီးမစို့ဘူး
ကလေး ကိုယ်လုံးတီးနဲ့လျှောက်သွားချင်သွားမယ် - လူကြီးမသွားပါဘူး
ကလေးကတွေ့တဲ့နေရာ မှာ သေးပေါက်ချီးပါလုပ်မယ် - လူကြီးက မလုပ်ဘူး
အဲလိုပါပဲ... တူတော့တူတယ်၊ တူလည်း မတူပါဘူးဗျ...။
အိုင်းစတိုင်းဆိုတာ ရီလေတီဗတီ သီအိုရီ ရေးပြီးမှ `အိုင်းစတိုင်း´ လို့နာမည်ကျော်တာပါ။ မွေးကင်းစ နို့ဘူးစို့နေတဲ့ အချိန်မှာ မဟုတ်ပါဘူး။
ကလေးဆိုတာ အနာဂတ်ရှိသူပါ။ အနာဂတ်မဟုတ်ပါဘူး။ သူနောင်တချိန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဲဒါမှ မဟုတ်ရင်... စာမေးပွဲ မဖြေဘဲနဲ့ ကျောင်းသားတွေကို အအောင်ပေးရမလို ဖြစ်နေမှာပေါ့ဗျာ...
ခင်မင်စွာဖြင့်
ဟန်သစ်ငြိမ်
ကျွန်တော်တို့လိုချင်တာက MBS အောက်မှာ ရေးသူသတ်သတ်၊ ဖတ်သူသတ်သတ်ဆိုတာမျိုး ထပ်မရှိစေချင်ပါဘူး။ ရေးသူ ဖတ်သူ တစ်သားထဲပါ။
ဒီဆိုဒ်ကို နှောက်ယှက်မယ့်သူကို စောင့်ကြည့် တားမြစ်ရမှာက Admin နဲ့ Mods တွေတာဝန်ပါ။
ဂရုခွဲပြီးမှ စောင့်ကြည့်မယ်ဆိုတာကိုကတော့ လုံးဝကို စိတ်မကောင်းပါဘူး။ နာမည်ကြီးနဲ့ နာမည်မကြီးသူခွဲသလိုဖြစ်နေပါတယ်။
စာဖတ်သူ လိုချင်ယုံနဲ့တော့ option ကြီးခွဲပြီး ထားစရာ မလိုကြောင်းပြောနေတာပါ။ စာကောင်းကောင်း ....
စာဖတ်သူ လိုချင်ယုံနဲ့တော့ option ကြီးခွဲပြီး ထားစရာ မလိုကြောင်းပြောနေတာပါ။ စာကောင်းကောင်းရေးရင် စာဖတ်သူ များလာမှာပါဘဲ ..
စာရေးဆရာ အချင်းချင်းတောင် သူလေးစား နှစ်သက်တဲ့စာအုပ်များဆို ၀ယ်ဖတ်နေကြသေးတာဘဲဟာ။ စာတွေရေးနေရင် စာရေးဆရာ ဖြစ်နေတာပါဘဲ။ တခုတော့ ရှိသပေါ့ Registered စာရေးဆရာဖြစ်ဖို့ကတော့ စာပေစိစစ်ရေးလား၊ စာပေလုပ်သားအသင်းလား၊ တည်ဆဲအစိုးရက သတ်မှတ်ထားတဲ့ အဲဒီအဖွဲ့မှာ မှတ်ပုံတင်ရပေမပေါ့ .. အောင်မြင်တဲ့ စာရေးဆရာဖြစ်ဖို့ကတော့ အများကြီးလိုသပေါ့လေ .. (အကျယ်မပြောတော့ဘူး)၊ စာရေးဆရာများဟာလဲ စာရေးနေဖို့ စာဖတ်ဖို့လိုသဗျ၊ ဒီတော့ သူလဲ စာဖတ်သူတစ်ဖြစ်လဲ ဖြစ်ပြန်ပါသေးတယ်။
ဒီနေရာမှာ ဘလောက်ဂါနဲ့ စာရေးဆရာကွာခြားချက်လာပါဘီ။ Registered စာရေးဆရာဖြစ်ဖို့က အစိုးရအသိအမှတ်ပြု အဖွဲ့မှာ မှတ်ပုံတင်ဖို့လိုအပ်ပေမယ့် ဘလောက်ဂါဖြစ်ဖို့ကတော့ လိုပါဘူး။ ရေးနေဖို့ဘဲ လိုတာပါ။ ဖတ်လို့ကောင်းရင် လူလာမှာဘဲ။
MBS သည် ဘလောက်ဂါများ စုဝေးချင်လို့ ဖြစ်လာတာပါ၊ နဂိုကတည်းက ဘလောက်ဂါမဟုတ်ရင် မလာနဲ့ဆိုရင်လဲ ဖြစ်ရဲ့သားနဲ့ ခေါ်ပြီးမှ ငါဘာလောက်ဂါ နင် စာဖတ်သူနေရာသွား ဆိုတာကို လက်မခံနိုင်လို့ပါ.။ ဒါပေမယ့်လဲ နောက်ဆုံးတော့ အကြောင်းပြချက်များစွာနဲ့ နောက်ဆုံးမှာတော့ option သုံးခု ရွေးစရာ နဲ့ အသင်းဝင်လို့ရနေပါပြီ။ အကောင် အထည်လဲဖော်နေပြီဖြစ်တဲ့ အတွက် ခုဒီမှာ ၀င်ငြင်းမည့်သူများဟာ လဲ နောက်ဆုံးအခြေ အနေကိုသိပြီးမှ ၀င်ပြောပါ။ ရှေ့နားက ပို့စ်လေးတွေလာဖတ်ပြီးတော့ ဒီဟာလေးတော့ ပြန်ပြောမယ် လုပ်လို့မရပါဘူး။ ဖတ်ချင်တာလေးဖတ်လိုက် ပြန်ပြောလိုက် ဒါဆိုရင်ဘယ်တော့မှ မပြီးဆုံးသော ငြင်းခုံပွဲကြီးဖြစ်နေပါမယ်။ ကိုပီကေ တို့လဲ လုပ်သင့်တာ လုပ်ပြီးရင် ဒီ Thread ကို ပိတ်သင့်ပြီ၊ (တခြားငြင်းခုံစရာတွေ ရှိသေးတယ် :P)
စာအရေးကောင်းပြီး လူမသိတဲ့ စာရေးဆရာတွေ အပြင်လောကမှာ အများကြီးပါ၊ သူ့ရူးသွတ်မှုနဲ့ သူရေးနေတာပါ စာရေးဆရာ အချင်းချင်းကတော့ ဒီလူ စာအရေးကောင်းတယ်လို့ တန်ဖိုးထားကြပါတယ်။ Best Seller ဖြစ်ချင်ရင် အချစ်၊ အလွမ်း၊ အကြမ်း တွေရေးမှာပေါ့ ဆိုတာ သူတို့ရဲ့ အမြဲပြောနေကြစကားပါ။
ဘလောက်ဂါများကို အွန်လိုင်း စာရေးသူများလို့ ကျွန်တော်ကတော့ တန်ဖိုးထားချင်ပါတယ် ..။ရေးနေပါ များများရေးပါ စာဖတ်သူလာပါလိမ့်မယ် ကျွန်တော်တို့ ဖတ်ကောင်းရင် အချင်းချင်းတောင် လက်တို့ကြပါတယ်။ "ဟေ့ ဟိုဘလော့လေးကတော့ အသစ် ဒါပေမယ့် စာတွေကောင်းတယ် .." ဆိုတော့ ပရိတ်သတ်ရမှာပါ။
တကယ်တော့လေ MBS မှာ အသင်းဝင်မှ စာဖတ်သူများက ဘလောက်ဂါများရဲ့ စာတွေကိုဖတ်လို့ရတာ မဟုတ်ပါဘူး ဖတ်နေကြ ဘလောက်များမှာ သူ့ပရိတ်သတ်နဲ့သူပါ။ အားလုံးတစ်သားထဲ ဖြစ်နေတော့ရော .. ပရိတ်သတ်ဟာ မင်းသား မင်းသမီးနဲ့ ကြမ်းတပြင်တည်းထိုင်ရပြီး စကားတွေပြောနေရရင် ပျော်နေ ကြေနပ်နေသလိုပေါ့ဗျာ .. လူမြင်ကွင်းသွားရင်တော့ အနှောက်အယှက်ဖြစ်မှာ စိုးတဲ့ အတွက် အတားအဆီးလေးတော့ ထားရတယ်ပေါ့ ..။ MBS နဲ့က သဘောသဘာဝမှ မတူတာ။
ခွဲလဲ မထူးဘူးဆိုတာကို ထောက်ပြနေတာပါ၊ ခု option သုံခုထားတယ်၊ အားလုံးက Blogger option ရွေးမယ် ဘာမှ မတတ်နိုင်ပါဘူး၊ ဒီတော့ ပြောတယ် အဲဒါဆိုရင် မသမာဘူးပေါ့ စစ်လို့တွေ့ရင် အရေးယူမယ်ပေါ့ ဖြစ်လာတယ်၊ မသမာမှု မဖြစ်အောင် အစကထဲက ခွဲမထားဘူးဆိုရင် အေးတယ် မဟုတ်လား၊ ဒါပြောတာပါ။ (မသမာမှု မမြောက်အောင် blog လေးတစ်ခုဆောက်ပြီး လာရင်လဲ ရတာဘဲလေ၊ အဲဒီမှာ ငြင်းစရာတွေ ပိုများလာတယ်ပေါ့။)
ခုလဲ လုပ်သင့်တယ် ထင်တာ လုပ်နေကြပါပြီ။ ဆွေးနွေးမှုတွေက ပြီးသင့်ပြီဗျ။ စာမျက်နှာ ၂၀ ကျော်ကို သေသေချာချာ ဖတ်ပြီး ရင် ဆက်ငြင်းစရာ မရှိလောက်အောင်ကို အဖြေက ထွက်နေပါပြီ။
မွန် said:နာမည်မကြီးသူ နဲ့ ကြီးသူခွဲတယ်လို့ မထင်ပါဘူး ဒါပေမယ့် ဘလော့ရေးသူအနေနဲ့ အချိန်ခွန်အားနဲ့ စိတ်ဓာတ်တို့စိုက်ထုတ်ခဲ့ပြီးဖြစ်လို့ စာရေးသူဆိုတဲ့ option တစ်ခုတော့လိုချင်မိပါတယ် ဖတ်သူနဲ့ရေးသူခွဲခြားပေးခြင်းဟာ ရေးသူရဲ့ self esteemကို appreciateလုပ်ပေးရာကျတယ်လို့မထင်ဘူးလား ဖတ်သူနဲ့ရေးသူ အပြန်အလှန်respectပေးပြီး အတန်းအစားခွဲခြားခြင်းမဟုတ်တဲ့ two way communication တစ်ခုကိုတည်ထောင်ချင်ပါတယ်
ဟုတ်တယ် ကျွန်တော်လဲ ပိတ်ပါတော့လို့ ပြောထားပါတယ် ကိုဘလူးရေ။ ဆွေးနွေးစရာ ကျန်သေးတယ်လို့ သူတို့ကပြောလို့။ :-)
ဘလူးဖီးနစ် said:ဒီတော့ပစ်လေး ပိတ်ပြီး တကယ်အကျိုးရှိမယ့် စာပေအကြောင်းတွေ စတင် ဆွေးနွေးကြရင် ပိုကောင်းမယ်ထင်ပါတယ်။ ဆွေးနွေးတာတွေလဲ ထပ်နေပါပြီ။ ရှင်းလဲ ရှင်းလောက်ပါပြီ။ ကျန်တာတွေကို နောက်မှ အေးအေးဆေးဆေး ပြောကြဆိုကြတာပေါ့ဗျာ။ အချိန်တွေ ရှိနေပါသေးတယ်။
© 2009 Created by MBS on Ning. Create a Ning Network!