Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

ဒီ MBS Network ကလေးမှာ မန်ဘာဝင်လာကြတဲ့ လူတွေ အတော်များများ မြင်ရတော့ ၀မ်းသာမိပါတယ်။ Myanmar Blogger Society လို့ ခေါင်းစဉ် တပ်ထားတော့ မြန်မာဘလော့ဂါတွေကိုပဲ အဖွဲ့ဝင် ပေးဝင်သင့်တာပေါ့။ ဒါပေမယ့် မန်ဘာအသစ်ကို ဘလော့ဂ် ရှိခြင်း မရှိခြင်း ဆိုတာ စစ်ဆေးဖို့ တကယ် လက်တွေ့မှာ မလွယ်ကူပါဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် လူတိုင်းနီးပါး ၀င်လို့ ရနေပါတယ်။ ဘလော့လိပ်စာတစ်ခု မဖြစ်မနေ ထည့်ခိုင်းပေမယ့် ဘာလိပ်စာမဆို ထည့်ရနေတော့ အသေးစိတ် လိုက်စစ်ဆေးဖို့ အခက်အခဲ ရှိပါတယ်။ ဒါ Moderator တွေရဲ့ အလုပ်ပါ။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုတာ တွေ့လာရင်ကော ကျနော်တို့ ဘယ်လို အရေးယူမလဲ။ သူဟာ အခု မဟုတ်သေးပေမယ့် နောင် ဘလော့ဂါ ဖြစ်ဖို့ ရည်ရွယ်ချက်ရှိလို့ လာလေ့လာနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Network ရဲ့ စည်းမျဉ်းအရ ဘလော့ဂါများသာ ၀င်ခွင့်ပြုမှာ ဖြစ်ပေမယ့် Potential Blogger များကိုလည်း ကြိုဆိုရမယ့် တာဝန်လည်း ရှိနေပါတယ်။ ဒီ ၀ိရောဓိတွေ ကြားမှာ ပြေလည်နိုင်မယ့် နည်းတစ်ခု အကြံပြုကြည့်ချင်ပါတယ်။ ကျနော်တို့ ဘလော့ဂါမဟုတ်သူများ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါမယ်။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုရင် သူဟာ ဘလော့ဂါ မဟုတ်သူများမှာ အဖွဲ့ဝင် အနေနဲ့ ၀င်ကို ၀င်ရပါမယ်။ တကယ်လို့ သုံးရက်အတွင်း မ၀င်ခဲ့ဘူးဆိုရင် Moderator များအနေနဲ့ အဲဒီ မန်ဘာကို ဖယ်ရှားပိုင်ခွင့် ရှိပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘလော့ဂါ မဟုတ်တဲ့သူတွေကို ထင်ထင်ရှားရှား မြင်သာလာမယ်လို့ ယူဆမိပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း မလေးစားရာ မရောက်ပါဘူး။
အထက်က အကြောင်းအရာကို အားလုံး ၀ိုင်းပြီး ဆွေးနွေးပေးစေချင်ပါတယ်။ ဒါမှ ဘလော့ဂါ မဟုတ်တဲ့ မန်ဘာတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အဖြေတစ်ခုကို ရလာမှာပါ။

Tags: rules

Share

Replies are closed for this discussion.

Replies to This Discussion

ဟင်း .. သူတို့ဟာသူတို့ စိတ်ကုန်လို့ ဘေးကပဲထိုင်ကြည့်နေရုံလို့လည်း ပြောသေးတယ် ။ အခုလာပြီး ဆွေးနွေးတာထက်လွန်ပြီး ငြင်းခုံနေကြသေးတယ် ။ ခက်ပါ့ ။
အကိုပြောတာမှန်ပါတယ် ။ ဒါပေမဲ့ အခုဟာက အားလုံးညှိညှိနှိုင်းနှိုင်းနဲ့ ငြိမ်သက်စပြုနေတဲ့ အခြေအနေ ၊ အားလုံး ပြေလည်မဲ့တစ်ခုခုကို လက်ခံစဉ်းစားပေးနေကြတဲ့ အချိန်မှာ ကျွန်တော်ကတော့ ဒီ MBS ကြီးကို စိတ်ကုန်သွားပြီ ၊ သူတို့ကတဲ့ဇတ် သူတို့သဘော ၊ ဘေးကထွက်ပြီး အသာကြည့်ရုံပဲဆိုပြီး ဝင်နှောင့်နေသေးတာကို မခံချင်လို့ ပြောမိတာပါ ။ အမှန်တော့ ဒါမျိုးတွေက မပြောသင့်တော့ဘူး မဟုတ်လားရှင်။ မမ်ဘာဝင်တစ်ယောက်အနေနဲ့လည်း မပြောစေချင်တဲ့စိတ် အရင်းခံပါ ။

Saturngod said:
အဲလိုကြီးပြောတာကတော့ မကောင်းဘူးလို့ထင်တယ်။ ရှမ်းက မြန်မာနိုင်ငံကို စိတ်ကုန်တယ်ဆိုတာနဲ့ မြန်မာနိုင်ငံကနေ ခွဲထွက်ပေါ့လို့ ပြောနေသလိုဖြစ်နေပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ဆိုပြီးရှိပါတယ်။ အကုန်လုံးဟာ မြန်မာတွေပါ။ မြန်မာနိုင်ငံသားအချင်းချင်း ဘာလူမျိုးလဲလို့မေးရင်တော့ ကျွန်တော် ဗမာလူမျိုးပါလို့ပြောမယ်။ နိုင်ငံခြားသားမေးရင်တော့ မြန်မာလူမျိုးလို့ဖြေမှာပါ။ အဲလိုပါပဲ။ လွယ်လွယ်နဲ့ မကျေနပ်ရင် ထွက်လို့ မပြောသင့်ပါဘူးခင်ဗျာ။ အကုန်လုံးဟာ တည်ငြိမ်စ ပြုလာပြီ။ ကျွန်တော်လည်း အခုမှ ရောက်လာပြီး စာတွေ ပြန်ဖတ်နေတုန်းပါ။ နောက်ဆုံး post လေးမှာ ဒါလေးမြင်သွားလို့ ဝင်ရေးလိုက်တာပါ။

မစ်(စ်)သွန်းသွန်း said:
စိတ်ကုန်တယ်ဆိုရင်ထွက်ပေါ့ရှင် ။ ဒါကကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ ကိုကဒေါင်းတို့ ကိုသင်ကာတို့ဆွေးနွေးပြီးသားပါ။ အားလုံးကအခုဆို အေးအေးဆေးဆေးနဲ့ ညှိညှိနှိုင်းနှိုင်းရှိနေကြပါပြီ ။ ဘယ်သူကမှလည်း ထွက်ဖို့မလိုသလို ဘယ်သူကမှလည်း ဘယ်သူ့ကိုမှ အတင်းထွက်ခိုင်းနေတာမဟုတ်တာအားလုံးအသိပါ ။ ဒီလိုဆွေးနွေးတယ်ဆိုတာကလည်း အကောင်းဘက်ကကြည့်ရင် မမ်ဘာတွေအားလုံးရဲ့အတွေးအခေါ်အယူအဆတွေကို ဖလှယ်ကြတဲ့ပွဲပါ ။ မမ်ဘာတစ်ယောက်အနေနဲ့ ဒါကိုစိတ်ကုန်တယ်ဆိုရင် ထွက်ပေါ့ရှင်။ ဒါပဲရှိတာပဲ ။

Sithu Aung said:
မှန်ပါတယ် ကျွန်တော့လဲ မြန်မာ Blogger တွေအပါအဝင် Society တစ်ခုလုံးကို စိတ်ကုန်မိနေပါပြီ။
စည်သူအောင်
ဟုတ်ကဲ့။ ဒီလို စကားတွေကို လာပြောရင် အစာကြေမှာ မဟုတ်တာ အကို နားလည်ပေးပါတယ်။ ဒါပေမယ့် အဲဒါတွေက ဆွေးနွေးချက်တွေပါ ညီ။ ဆုံးဖြတ်ချက်တွေ မဟုတ်ပါဘူး။ တကယ်တမ်း အတည်ချမှတ်ထားတဲ့ စည်းမျဉ်းက ၁၀ ခုပဲ ရှိပါသေးတယ်။ ငါတို့ကို ဒီလို ချုပ်ချယ်တယ်လို့ မြင်ဖို့ ပြောဖို့ စောနေပါသေးတယ်။ အများလက်ခံနိုင်မယ့် Constructive Decision အလုပ်ဖြစ်မယ့် ဆုံးဖြတ်ချက်ကို လိုချင်လို့ ဆွေးနွေးနေကြတုန်း ရှိပါသေးတယ်။ အကိုက အက်ဒမင်ထဲမှာ တစ်ယောက်ပါ။ အဲဒီစကားတွေကို အကို မပြောခဲ့ရိုး အမှန်ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် အက်ဒမင်အနေနဲ့ မချမှတ်မချင်း စည်းကမ်းချက်က မပေါ်ပေါက်သေးပါဘူး။ အကိုတို့ ဘယ်သူ့ကိုမှ အလွယ်တကူ မဖယ်ရှားဘူး၊ မဘန်းဘူးဆိုတာ ပြောကြားခဲ့ဖူးပါတယ်။ Moderator တွေ အနေနဲ့ ဖယ်ရှားခွင့်ရှိတဲ့ မန်ဘာ ကိစ္စကို ဆွေးနွေးတုန်းပါ။ အဲဒီမှာ ကျနော် သုံးထားတာ မန်ဘာပါ။ ဒါကြောင့် အပေါ်မှာ ဆွေးနွေးနေကြတဲ့ ဘလော့ဂါဆိုတာလည်း ပါပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖောက်မယ်ဆိုရင် အဲဒီ မန်ဘာကို ဖယ်ရှားခွင့် ရှိပါတယ်။ ဒါပေမယ့် အခုမှ စတာ မကြာသေးတော့ အဲဒီ ဖယ်ရှားခွင့်စည်းကမ်း ဆိုတာ ဆွေးနွေးနေကြတုန်းပါ။

Sithu Aung said:
ကိုပီကေ ခင်ဗျား အကို တို့ စတည်ထောင် စကတည်း က "Myanmar Blogger Society လို့ ခေါင်းစဉ် တပ်ထားတော့ မြန်မာဘလော့ဂါတွေကိုပဲ အဖွဲ့ဝင် ပေးဝင်သင့်တာပေါ့။" ဒီလို လုပ်ချင်ရင် ဒီ ကိစ္စကို သေသေခြာခြာ ပြင်ဆင်ပြီးမှ စတည်သင့်တယ်။ ကျွန်တော်တို့ Non Blogger တွေ ဝင်လာပြီးမှ ဖယ်ထုတ် ကန့်သတ် ခွဲခြားဆိုတာက တော့ ကျွန်တော်တို့ လုံးဝလက်မခံနိုင်တာပါ။ အဲ့လို ခွဲထုတ်ပြီး ဖျက်ဆီးရေးသမား နံမည် အတပ်ခံရတယ်။ ပြီးတော့ ပြင်းပြင် ထန်ထန် တားမြစ်ခံရတယ်။ "တကယ်လို့ သုံးရက်အတွင်း မ၀င်ခဲ့ဘူးဆိုရင် Moderator များအနေနဲ့ အဲဒီ မန်ဘာကို ဖယ်ရှားပိုင်ခွင့် ရှိပါတယ်။"
"ဒီ Network ရဲ့ စည်းမျဉ်းအရ ဘလော့ဂါများသာ ၀င်ခွင့်ပြုမှာ ဖြစ်ပေမယ့် "
ဒါတွေ ကို ကျွန်တော် တို့ ကပြောနေတာဗျ။
အကုန်လုံး ငြိမ်သက်သင့်နေပါပြီဗျာ။ ခဏလောက် နားကြပါအုံး။ မနက်ကတည်းကနေ အခုထက်ထိ ငြင်းခုန်ဖို့မလိုဘူးလေ။ မနက်ဖြန်မှ ကျွန်တော်ကတော့ ဆက်တော့မယ်။ :)

ကလေးတွေ ရန်မဖြစ်ကြနဲ့နော်။ ငြိမ်ငြိမ်နေကြ။ အိပ်တော့။ ကလေး အိပ်ချိန်ရောက်ပြီ ။

PS: ကျွန်တော်ကတော့ အလုပ်ကနေတောင် အိမ်မပြန်ရသေးဘူး :(
အဟီး ဒါဆိုလည်းတော်ပြီ ချစ်သူနဲ့ပဲဆက် ချက်တော့မယ် ။ :P

Saturngod said:
အကုန်လုံး ငြိမ်သက်သင့်နေပါပြီဗျာ။ ခဏလောက် နားကြပါအုံး။ မနက်ကတည်းကနေ အခုထက်ထိ ငြင်းခုန်ဖို့မလိုဘူးလေ။ မနက်ဖြန်မှ ကျွန်တော်ကတော့ ဆက်တော့မယ်။ :)

ကလေးတွေ ရန်မဖြစ်ကြနဲ့နော်။ ငြိမ်ငြိမ်နေကြ။ အိပ်တော့။ ကလေး အိပ်ချိန်ရောက်ပြီ ။

PS: ကျွန်တော်ကတော့ အလုပ်ကနေတောင် အိမ်မပြန်ရသေးဘူး :(
ကျွန်တော် ကတော့ နောက်ကျမှ ဒီပို့တွေရေးသား ဆွေးနွေးနေတဲ့ အပေါ်ကိုရောက်လာတာပါ။ အားလုံးကို အစအဆုံးတော့ ကျွန်တော်မဖတ်ဖြစ်တော့ပါဘူး။ ဒါပေမယ့် တော်တော်များများ ကိုဖတ်ကြည့်လိုက်မိပါတယ်။ အခု ကျွန်တော်ပြောမယ့် အကြောင်းက ကိုပီကေပြောတဲ့ အကြောင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ အခြားဘယ်သူ ကိုမှ ရည်ညွှန်းမှာမဟုတ်ပါဘူး ဆိုတာ ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထားရှိရမယ့် ကျင့်ဝတ်တွေ (မည်သူက အတင်းအကြပ်လိုက်နာရန် ဖိအားပေးချင်းမရှိ) အရ ကျွန်တော်အခုရေးမယ့် အကြောင်းအရာရဲ့ ဝေဖန်ပြောဆိုမှု အကောင်းအဆိုး အကျိုးဆက်ကို ကျွန်တော် တာဝန်ခံပါမယ်။

ကျွန်တော်တခုဘဲ ပြောချင်ပါတယ် ကျွန်တော်ကဒီဆိုဒ်ကို စတင်ဖန်တီးတာ မဟုတ်ပေမယ့် ဒီလို မျိုးလေး လုပ် ဖို့ မနှစ်ကတည်းက ဆန္ဒရှိခဲ့တဲ့ သူတွေ ထဲကတယောက်အဖြစ်ပါဝင်ခဲ့သူပါ။ ဒါကြောင့် ကျွန်တော်တို့လို ကျွန်တော်သုံးနှုန်းပါမယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဒီလိုပေါ်တယ်လို ဆိုဒ်တခုဖြစ်ပေါ်လာစေချင်တဲ့ စိတ်က တကယ်တော့ အရပ်ရပ်က မြန်မာ ဘလောက်ဂါတွေကိုတနေရာထဲမှာ စုနေစေချင်တဲ့ သဘောပါ။ သူ့ရဲ့အကျိုး အမြတ်ကတော့ မြန်မာလိုရေးတဲ့ ဘလောက်ဂါတွေ ဘယ်လောက်ရှိနေပြီ၊ ဘလောက်ဂါတွေ အခြင်းခြင်း အပြန်အလှန် ရင်းနှီးမှု၊ ရေးသူနဲ့ဖတ်သူတွေရဲ့ အမြင်တွေ ဖလှယ်ဖို့၊ စုစည်းတဲ့ အသိုက်အ၀န်း အဖြစ် အကျိုးပြု လုပ်ငန်းလေးတွေ ဥပမာ - လူမှုရေး လုပ်ငန်းတွေ ၊ ကုသိုလ်ဖြစ် လုပ်ငန်းတွေ၊ နည်းပညာ နဲ့ အခြားသော အတွေ့ အကြုံတွေ ကို ပွင့်လင်းရင်းနှီးစွာ ဒေသစည်းမခြား အပြန်အလှန် ပြောဆို စီးစင်းစေချင် ခဲ့တာပါ။ နောက်တခုက ကျွန်တော်တို့ ဘလောက်ရေးတဲ့ သူတွေအနေနဲ့ နိုင်ငံတကာ ဘလောက်ဂါများနည်း တူ စည်းပွားရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ကိုဝါသနာ ပါရာ အကြောင်းအရာတွေ ရေးခြစ်ရင်း ၀င်ငွေတိုးပွားစေမယ့် နည်းလမ်းကောင်းတွေ ကိုရှာဖွေကြဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပေါ်စေချင်ခဲ့တာပါ။ ကိုပီကေ ပြောတဲ့ အကြောင်းအရာက အခုရည်ရွယ်ချက်တွေကို သွေဖယ်စေတဲ့ သဘောမဟုတ်ပါဘူး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြောင်းတွေအပေါ် မည်သို့မည်ပုံ ဆောင်ရွက်ကြရင်ကောင်းမယ်ဆိုတာကို ဆွေးနွေးပေးကြ ဖို့ ဖိတ်ခေါ်တဲ့ သဘောဘဲဖြစ်ပါတယ်။
ဒီဆိုဒ်ကို ကျွန်တော်တို့ခေါင်းစဉ်ပေးထားတာက မြန်မာဘလောက်ဂါအစည်းအရုံးသဘောနဲ့ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးစားပေးအနေနဲ့ ဘလောက်ဂါများကို ရွေးချယ်ရတဲ့ သဘောဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မလိုလားအပ်တဲ့ အခြေအနေတွေဖြစ်မှာကို စိုးရိမ်လို့ဖြစ်ပါတယ်။ ဒီ ဆိုဒ်ကို အားပေး ၀င်ရောက်ကြတဲ့ ညီအကိုမောင်နှမတွေကို ဘယ်လိုအခြေအနေမျိုးမှာမှ ကျွန်တော်တို့လစ်လျုရှုမှာ မဟုတ်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ဘလောက်ဂါမဟုတ်ဘဲ ဘလောက်တွေကို တစိုက်မတ်မတ် ဖတ်ရှုနေတဲ့ ဘလောက် ဖတ်ပုရိတ်သတ်ကြီးသာ မရှိခဲ့ရင် ကျွန်တော်တို့ ဘလောက်ဂါ အ၀န်း အ၀ိုင်းကြီးဟာ ဘယ်လိုမှ ရှင်သန်ဖွယ်ကောင်းတဲ့ လောကတခု ဖြစ်လာမယ်လို့ ကျွန်တော်မယုံကြည်ခဲ့မိပါဘူး။ နောက်တခုက အများနဲ့ ဆောင်ရွက်လုပ်ကိုင်ရတဲ့ အခါဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲလေးတွေကိုနားလည်သဘောပေါက် ကြမယ်လို့ လဲကျွန်တော်တို့ ထင်ပါတယ်။ အခုဝင်ရောက်နေတဲ့ မန်ဘာတွေ အားလုံးဟာ မြန်မာပြည်တွင်း မှာသာမက မြန်မာပြည်အပြင်ဘက်က ပြင်ပနိုင်ငံတွေမှာ ပါရှိနေကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေတွေဟာ လဲ တခုနဲ့တခု မတူပါဘူး။ သူတို့အားလုံးရဲ့ ဖြစ်ချင်တဲ့ ၊ ရေးချင်တဲ့ ဆန္ဒတွေကို တပြေးညီ လိုက်ရောညီထွေ ဖြစ် ပေါ်အောင် ညှိပေးဖို့ရာ ကျွန်တော်တို့ အတွက် စိန်ခေါ်ချက်တရပ်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ တစုံတခုသောစည်းကမ်း တခု မရှိမဖြစ်လိုအပ်လာပါတယ်။ အိမ်မှာနေရင် အိမ်စည်းကမ်း၊ ကျောင်းမှာနေရင် ကျောင်းစည်းကမ်းလို့ ကျွန်တော်တို့ ငယ်ငယ်က မိဘတွေ ဆုံးမခဲ့တာ သိကြမှာပါ။ စည်းကမ်းဆိုတာ လူ့တန်ဖိုး ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့လိုအပ်တဲ့စည်းကမ်းတခုကို ချမှတ်ပေးမှဖြစ်ပါမယ်။ ကိုညီလင်းဆက်ပြော တဲ့ ပို့ ၃၀ ပြည့်မှ ဘလောက်ဂါ ဆိုတာ အသေစွဲမှတ်ထားတဲ့ သတ်မှတ်ချက်မဟုတ်တန် ပါဘူး။ ဒါဟာ အားလုံး အတွက် ညှိလို့ရတဲ့ လမ်းဆုံတခုဖြစ်မှာပါ။ သူဟာ ဒီဆိုဒ်ကို စတင်ခဲ့တာ ဖြစ်တာကြောင့် တကိုယ်တော် လုပ်ချင်တဲ့ သဘောအတိုင်း သူလုပ်ချင်တဲ့ ဆန္ဒရှိခဲ့ရင် အခုလို ၀င်ရောက်ဆွေးနွေးနေမယ် မထင်ပါဘူး။ ဒါကိုအနည်းငယ်နားလည် ပေးကြဖို့လိုပါလိမ့်မယ်။ ဘာဘဲဖြစ်ဖြစ် တရေးတယူ ၀င်ရောက်ဆွေး နွေးနေကြတဲ့ ညီအကိုမောင်နှမတွေ ကိုလေးစားပါတယ်။ ဝေဖန်အကြံပေးချက်များကလဲ ကျွန်တော်ဖတ်ကြည့် သလောက် အားရကျေနပ်စရာကောင်းတာတွေ့ပါတယ်။ စေတနာထားဝေဖန်ပေးကြတာလဲ ကျေးဇူးတင်ပါတယ်။ အမှားနဲ့အမှန်၊ အဖြူအမဲ လောကကြီးမှာတွဲနေတဲ့အတွက် အားလုံး ဟာ အမှန်တွေ ဘဲ မဟုတ်လောက်ပါဘူး။ လူတွေဖြစ်နေတဲ့အတွက် အမှားမကင်းတတ်ကြတဲ့အတွက် သူ့ဘက် ကို့ဘက်၊ သူ့ အုပ်စု ငါ့အုပ်စုဆိုတာတွေဟာ ရှိနေဦးမှာဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာများဖြစ်ပေါ်နေပါစေ။ ကျွန်တော်တို့ အားလုံးဟာ အများအတွက် လုပ်ဆောင်နေကြသူတွေဖြစ်နေတဲ့အတွက် ရည်မှန်းထားတဲ့ ပန်းတိုင် ကို ရောက်အောင်သွားချင်တဲ့ ဆန္ဒရှိကြပါတယ်။ တကယ်တော့ ဘလောက်ရေးမှ ဘလောက်ဂါဖြစ်တာ မဟုတ်ဘူးလို့ ကျွန်တော်တို့မှာ ငြင်းချက်ထုတ်စရာ အကြောင်းပြချက် လုံးဝမရှိဘူးဆို တာ အားလုံးကိုပြောပြချင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပွားမှုများကင်းစင်ပြီး ပျော်ရွှင်တဲ့ ကျွန်တော်တို့ ရပ်ဝန်းလေး အမြဲဖြစ်တည်နေဖို့ရာ မန်ဘာများအားလုံးရဲ့ စေတနာပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အားလုံးသော ညီအကိုမောင်နှမများအနေနဲ့ ၀ိရောဒိဖြစ်စရာ စိတ်ကူးတွေကို ဘေးချ ပြီး အပြုသဘောဆောင်တဲ့ အကြံတွေ၊ ဝေဖန်ချက်တွေကို ဆက်လက်ပြီး တင်ပြပေးကြပါလို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ အငြင်းပွားနေမယ့်အစား အလုပ်ဖြစ်မယ့် ဟာတွေကို စဉ်းစားပေးကြ စေချင်ပါတယ်။ ဒါမှ အချိန်တိုတိုအတွင်း အောင်မြင်မှာဖြစ်ပါတယ်။
ပြန်ချိန်းတာကတော့လွယ်ပါတယ်...
My setting ထဲမှာ အားလုံးရှိပါတယ်.
Beginner Blogger ကနေ Blogger ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်ပြီး ဘယ်လို အဆင့်တိုးသွားမှာလဲ ဆိုတာတော့ သိဝူးကွယ်....

phpcrazy said:
ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသလို မေးစရာတွေ ပေါ်လာပြန်ပြီဗျာ ... ကျွန်တော် အကောင့်အသစ် တစ်ခု စမ်းဆောက်ကြည့်တော့ blogger ဆိုတာရယ် blogger beginner ဆိုတာရယ် ပြီးတော့ reader ဆိုတာရယ် ပဲရှိတာတွေ့ရပါတယ် ...
အဲဒီသုံးခုလုံးမဟုတ်ဘူးဆိုရင် ဘာကိုရွေးရမှာလဲ ...
နောက်ပြီး reader တစ်ယောက်က blogger ဖြစ်ပြီဆိုရင် ဘယ်လို ပြန်ချိန်းရမှာလဲ ...
နောက်ပြီး Beginner Blogger ကနေ Blogger ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်ပြီး ဘယ်လို အဆင့်တိုးသွားမှာလဲ ...
နောက်ဆုံး တစ်ချက်က အဲဒီလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပေးပါ ...
ကျွန်တော်ကတော့ ဘလော့ဂါမဟုတ်သူတွေကိုလည်း..အတိုင်းအတာတစ်ခုနေနဲ့ ပါဝင်လက်တွဲစေချင်ပါတယ်.. ကိုယ့်မြန်မာအချင်းချင်း ကိုယ်တတ်တာလေးတွေကိုဝေမျှစေချင်တယ်..ဒါမှ သူများနိုင်ငံတွေနဲ့ ရင်ပေါင်တန်း လိုက်နိုင်မှာပါ.. ပြည်ပရောက် ဘလော့ဂါများအနေနဲ့လည်း ..ဒီလိုနည်းပညာ အမှောင်ထဲကသူတွေကို ဆက်လက် လက်တွဲခေါ်ထုတ်သင့်ပါတယ်..ဘယ်သူမှတော့ ..မွေးကတည်းက တတ်ကြတာမဟုတ်ပါဘူး ..ကျွန်တော်လည်း သေချာသိလားဆိုတော့ သိပ်မသိပါဘူး..ခုလိုပဲ..ဘလော့တွေကိုလိုက်ဖတ်လိုက်လေ့လာပြီး လုပ်ခဲ့တာပါ.. အချိန်ယူပြီး စဉ်းစားသင့်တယ်လို့ထင်ပါတယ်.. အစ်ကိုတို့ပြောတဲ့ ဆိုးဆိုးရွားရွားတွေ ..ညစ်ညမ်းမှုတွေ ရေးတဲ့သူဆိုရင်တော့ ..အသင်းဝင်အဖြစ်မှ ထုတ်ပယ်မည်ဆိုတဲ့ အကြောင်းလေးကိုတော့ ...မြန်မာလိုလေး.. နားလည်လွယ်အောင် register လုပ်ကတည်းက alert လုပ်မယ်ဆိုရင်ပိုကောင်းမယ်လို့ အကြံပြုပါတယ်..ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်ကို လေ့လာနေဆဲမို့လို့ပါ.. ကျေးဇူးတင်ပါတယ် ခင်ဗျာ..
မပူနဲ့ .. ဘလော့ဂါဖြစ်တဲ့တချိန်ကျရင် အက်မင်ကိုယ်တိုင်က ပခုံးပေါ်မှာ အမ်ဘီအက်စ်တံဆိပ်နဲ့ ကြယ်တပွင့်လာတပ်ပေးလိမ့်မယ် ... ;P

Win Maw Oo said:
ပြန်ချိန်းတာကတော့လွယ်ပါတယ်...
My setting ထဲမှာ အားလုံးရှိပါတယ်.
Beginner Blogger ကနေ Blogger ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်ပြီး ဘယ်လို အဆင့်တိုးသွားမှာလဲ ဆိုတာတော့ သိဝူးကွယ်....

phpcrazy said:
ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသလို မေးစရာတွေ ပေါ်လာပြန်ပြီဗျာ ... ကျွန်တော် အကောင့်အသစ် တစ်ခု စမ်းဆောက်ကြည့်တော့ blogger ဆိုတာရယ် blogger beginner ဆိုတာရယ် ပြီးတော့ reader ဆိုတာရယ် ပဲရှိတာတွေ့ရပါတယ် ...
အဲဒီသုံးခုလုံးမဟုတ်ဘူးဆိုရင် ဘာကိုရွေးရမှာလဲ ...
နောက်ပြီး reader တစ်ယောက်က blogger ဖြစ်ပြီဆိုရင် ဘယ်လို ပြန်ချိန်းရမှာလဲ ...
နောက်ပြီး Beginner Blogger ကနေ Blogger ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်ပြီး ဘယ်လို အဆင့်တိုးသွားမှာလဲ ...
နောက်ဆုံး တစ်ချက်က အဲဒီလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပေးပါ ...
ကိုယ်တိုင်က ငြင်းတာခုံတာ ဝါသနာ မပါပေမယ့် ခုလို ဆွေးနွေးတာမျိုး ရှိထားသင့်ပါတယ်။ အဖွဲ့ အရှိန်ရလာမှ ပြဿနာ တဖြည်းဖြည်းပေါ်လာမယ့် အစား အစကတည်းက ဖြစ်လာနိုင်တဲ့ အချက်တွေ၊ ခံစားချက်တွေကို ဖလှယ်လိုက်တော့ ဆုံမှတ်တစ်ခုကို ပိုနီးလာတယ်လို့ ထင်ပါတယ်။ အခု အက်ဒမင် အဖွဲ့ကလုပ်ပေးလိုက်တဲ့ အချက်လေးကလည်း မဆိုးပါဘူး။ အတော်လေး လက်ခံလို့ ရပါတယ်။ လူတွေအများကြီး က လက်ခံလာအောင် လုပ်ရတာ အင်မတန်ခက်ပါတယ်။ လူတွေ အများကြီးနဲ့ လုပ်တဲ့ အခါ စည်းကမ်းဆိုတာမျိုးကို အစကတည်းက သေချာထုတ်ထားဖို့လိုပါတယ်။ ဒါပေမယ့် အစဦး စည်းကမ်းတွေ၊ အသုံးအနှုန်းတွေမှာ လိုအပ်ချက်တွေ အမှားတွေ ပါနေပါလိမ့်မယ်။ ဒါကို မန်ဘာများက ခဏလောက် လက်ခံပြီး နားလည်ထားပေးလိုက်ကြစေချင်ပါတယ်။ အက်ဒမင်များအတွက်လဲ ဒါဟာ စာမေးပွဲ တစ်ခုပါပဲ။ အစပိုင်းက လိုအပ်ချက်များကို အက်ဒမင်များက အတွေ့အကြုံအရ တဖြည်းဖြည်းခြင်း ပြင်ဆင်ပေးကြမှာပါ။ မန်ဘာများကလဲ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို တဖြည်းဖြည်းချင်း တောင်းဆို စေချင်ပါတယ်။ တစ်ခါတည်း စင်းလုံးချော ဖြစ်ဖို့ ဆိုတာမျိုး တော့ မမျှော်လင့်စေချင်ပါဘူး။ အသုံးအနှုန်းလေးတွေ လွဲမှားတာမျိုးကိုလည်း နားလည်ပေးကြပါခင်ဗျာ။ ကျွန်တော့် အတွက်ကတော့ အသုံးအနှုန်းထက် ခံယူချက်ကပို အဓိက ကျပါတယ်။ ကျွန်တော်က MBS ထဲကို မန်ဘာများ ဝင်လာကြတာဟာ စည်းစည်းလုံးလုံးနဲ့ မြန်မာ ဘလောက် တွေ ကနေစတင်ပြီး မြန်မာစာပေ တိုးတက်အောင် ဝိုင်းဝန်းကူညီ အကြံပြု လုပ်ဆောင်ကြဖို့ ခံယူချက်နဲ့ ဝင်လာတယ်လို့ နားလည်ထားပါတယ်။ ဒီခံယူချက်ကို ဆွေးနွေး ညှိုနှိုင်းလို့ ရနိုင်တဲ့ သာမာန် အသေးအဖွဲ အကြောင်းအရာတွေ အကြောင်းပြုပြီး အပျက်မခံပါနဲ့ လို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ။ သာမာန် အသေးအဖွဲဆိုတာက ကိုယ်ရေးကိုယ်တာ ခံစားချက် ဘယ်လောက်ပဲ ပြင်းပြင်း ကိုယ့်ရဲ့ ကောင်းမြတ်တဲ့ ခံယူချက်နဲ့ စာရင် သေးငယ်သွားစေချင်လို့ သုံးလိုက်တာပါ။ ဒီတော့ အခု အက်ဒမင်များက စီစဉ်ထားတဲ့ အတိုင်း သဘောမတူသူများရှိခဲ့ရင် အကျိုးအကြောင်းနဲ့ အေးအေးဆေးဆေး ဆက်လက် ဆွေးနွေးငြင်းခုန်ကြပါ။
ကျွန်တော်ကတော့ စာဖတ်သူများ အတွက် သီးသန့် စီစဉ်ပေးထားတာ ကို သဘောကျပါတယ်။ ဘာနဲ့တူလဲဆိုတော့ စာဖတ်သူများဟာ ကျွန်တော်တို့ ဘလောက်ဂါများကို အကဲဖြတ်မဲ့ ဒိုင်လူကြီးများလို သီးသန့် နေရာပေးထားသလိုပါပဲ။ ကျွန်တော်အပါအဝင် ဘလောက်ဂါလို့ မိမိကိုယ်ကို ခံယူထားသူတိုင်းက စာဖတ်သူများကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် ဘလောက်မရေးဖြစ်တဲ့ စာဖတ်သူများအနေနဲ့ စိတ်ထဲမှာ တစ်မျိုး မဖြစ်ပဲ ကျွန်တော်တို့အရေးအသားတွေကို ပွင့်ပွင့်လင်းလင်း အကဲဖြတ် အမှတ်ပေးကြပါ။ ဘလောက်ဂါများမှလဲ စာဖတ်သူများကို မိမိတို့ အစွမ်းပြတဲ့ ဆောင်းပါးများနဲ့ ကျေးဇူးဆပ်ကြပါ။ ဘလောက်ဂါနဲ့ စာဖတ်သူဟာ ရေနဲ့ကြာလိုပါပဲ။ ဒီတော့ ရေလည်းမြင့်ပြီး၊ ကြာလည်း တင့်စေချင်ပါတယ်။ ဒီကိုလာတဲ့ သူတိုင်း စာပေကို မြတ်နိုး တန်ဖိုးထားပြီးသူများ ဖြစ်လို့ ကိုယ်က အရိုးခံနဲ့ သုံးစွဲလိုက်တဲ့ တစ်ချို့ အသုံးအနှုန်းမျိုးဟာ တစ်ခါတစ်လေ တစ်ဘက်သား မခံသာ ဖြစ်စေတတ်တာကိုလည်း သတိပြုပြီး နှုတ်တစ်ရာ၊ စာတစ်လုံးမို့လို့ ကိုယ်ရေးတဲ့ စာသားတိုင်းကို ဂရုတစိုက်နဲ့ ရေးသားပေးကြပါ။ တကယ်လို့ တစ်ဘက်က မခံသာဘူးဆိုရင် လဲ “ခွင့်လွှတ်ပါဗျာ” ဆိုတဲ့ မှော်စကားလုံးလေး လေးလုံးနဲ့ တောင်းပန် ကျေအေးကြပါလို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။
ကိုညီလင်းဆက်နဲ့ စီစဉ်သူများကိုလည်း အခုလို ဘလောက်ဂါတွေ တစ်စုတစ်စည်းတည်း ဖြစ်အောင် အပင်ပန်းခံ၊ စိတ်ညစ်ခံပြီး လုပ်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လူအများနဲ့ ဆက်ဆံရတာဖြစ်လို့ အခက်အခဲတွေရှိပေမယ့် အောင်မြင်အောင် ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။

အားလုံးကို ခင်မင်လေးစားလျက်
ဘလူးဖီးနစ်
ကို ဘလူးဖီးနစ်ပြောသွားတာလေးတွေ အင်မတန် သင့်လျော် မှန်ကန်ပါတယ် ခင်ဗျာ.
ဒါလေးကို ပြန်ပြီး ကိုးကားလိုက်တယ်ဗျ.

အစပိုင်းက လိုအပ်ချက်များကို အက်ဒမင်များက အတွေ့အကြုံအရ တဖြည်းဖြည်းခြင်း ပြင်ဆင်ပေးကြမှာပါ။ မန်ဘာများကလဲ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို တဖြည်းဖြည်းချင်း တောင်းဆို စေချင်ပါတယ်။ တစ်ခါတည်း စင်းလုံးချော ဖြစ်ဖို့ ဆိုတာမျိုး တော့ မမျှော်လင့်စေချင်ပါဘူး။ အသုံးအနှုန်းလေးတွေ လွဲမှားတာမျိုးကိုလည်း နားလည်ပေးကြပါခင်ဗျာ။ ကျွန်တော့် အတွက်ကတော့ အသုံးအနှုန်းထက် ခံယူချက်ကပို အဓိက ကျပါတယ်။ ကျွန်တော်က MBS ထဲကို မန်ဘာများ ဝင်လာကြတာဟာ စည်းစည်းလုံးလုံးနဲ့ မြန်မာ ဘလောက် တွေ ကနေစတင်ပြီး မြန်မာစာပေ တိုးတက်အောင် ဝိုင်းဝန်းကူညီ အကြံပြု လုပ်ဆောင်ကြဖို့ ခံယူချက်နဲ့ ဝင်လာတယ်လို့ နားလည်ထားပါတယ်။ ဒီခံယူချက်ကို ဆွေးနွေး ညှိုနှိုင်းလို့ ရနိုင်တဲ့ သာမာန် အသေးအဖွဲ အကြောင်းအရာတွေ အကြောင်းပြုပြီး အပျက်မခံပါနဲ့ လို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ။


ဟုတ်တယ်ဗျာ. မန်ဘာများအနေနဲ့ကလည်း အက်ဒမင်များကို နားလည်ပေးပါ. အက်ဒမင်များနဲ့ မော်ဒရေတာများဖက်ကလည်း မန်ဘာတွေရဲ့ ခံစားချက်ကို နားလည်ပြီး ပြင်ဆင်ညှိနှိုင်းပေးပါ. ကျွန်တော်တို့ MBS ရဲ့ အဓိကရည်ရွယ်ချက်က မြန်မာလူငယ်တွေအကြား နည်းပညာတိုးတက်ထွန်းကားစေရုံသာမက မြန်မာစာပေ၊ မြန်မာစာအဆင့်အတန်း မြင့်မားလာစေဖို့လည်း ပါပါတယ်. ဒါကို ကျွန်တော်တို့ အဓိက ဦးတည်ထားပြီး အသေးအဖွဲ မပြေလည်တာလေးတွေကို ကြိုးစားနားလည် ခွင့်လွှတ်စေချင်ပါတယ်.

သူများတွေတော့ မသိဘူးဗျ. အခုချိန်ထိတော့ ဆွေးနွေးငြင်းခုန်တာလေးတွေကို ဖတ်ရတာ ကျွန်တော့်အတွက် မတူညီတဲ့ အမြင်ရှုထောင့်လေးတွေ ရစေတာမို့ ပါဝင်ဆွေးနွေးပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ. ဒီလိုငြင်းခုန်ဆွေးနွေးကြရင်း၊ တစ်ယောက်နဲ့တစ်ယောက် အလျှော့အတင်းလေးတွေ လုပ်ကြရင်းနဲ့ လူမှုဆက်ဆံရေး နည်းပညာ၊ ခေါင်းဆောင်မှု နည်းပညာတွေကို ကျွန်တော်တို့ လူငယ်တွေ ဆည်းပူးလေ့လာခွင့်ရနေတယ်လို့လည်း ကျွန်တော်မြင်မိတယ်.

ရှေ့လျှောက်လည်း ကျွန်တော်တို့ ပညာတတ်ပီသစွာ ရန်ဖြစ်ကြတာပေါ့၊ ငြင်းခုန်ဆွေးနွေး အဖြေရှာကြတာပေါ့ဗျာ....

ချစ်ခင်လေးစားလျက်

ရန်အောင်
phpcrazy said:
ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသလို မေးစရာတွေ ပေါ်လာပြန်ပြီဗျာ ... ကျွန်တော် အကောင့်အသစ် တစ်ခု စမ်းဆောက်ကြည့်တော့ blogger ဆိုတာရယ် blogger beginner ဆိုတာရယ် ပြီးတော့ reader ဆိုတာရယ် ပဲရှိတာတွေ့ရပါတယ် ...
အဲဒီသုံးခုလုံးမဟုတ်ဘူးဆိုရင် ဘာကိုရွေးရမှာလဲ ... နောက်ပြီး reader တစ်ယောက်က blogger ဖြစ်ပြီဆိုရင် ဘယ်လို ပြန်ချိန်းရမှာလဲ ... နောက်ပြီး Beginner Blogger ကနေ Blogger ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်ပြီး ဘယ်လို အဆင့်တိုးသွားမှာလဲ ... နောက်ဆုံး တစ်ချက်က အဲဒီလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပေးပါ ...

ဟုတ်တယ် MBS ကြီးရေ... ကျွန်တော်လည်း ကို php မေးသွားတဲ့ ကိစ္စလေး သိချင်ပါတယ်. ပြီးတော့လည်း MBS ထဲမှာ Blogger Helpdesk လေးတစ်ခုကိုပါ ထည့်သွင်းပေးထားနိုင်ရင် ပိုကောင်းပါမယ်. မေးချင်တာမေး၊ သိကျွမ်းသူများက ဖြေပေါ့ဗျာ. Blogger, Wordpress, Domain, Hosting စတာလေးတွေကိုပါ သက်ဆိုင်ရာ တတ်ကျွမ်းသူများအလိုက် တာဝန်ယူပြီး ဖြေကြားပေးသွားမယ်ဆိုရင် ဘလော့ဂါဖြစ်ချင်သူများအတွက် သိပ်ကို အဆင်ပြေ လွယ်ကူစေမှာ ဖြစ်သလို လူငယ်တွေအကြားလည်း နည်းပညာ ပိုပြီး မြန်မြန်ဆန်ဆန် ပြန့်ပွားသွားစေနိုင်မယ်လို့ ထင်ပါတယ်.

Blogger Group, Wordpress Group စသည်ဖြင့် ဖွဲ့ထားတာလေးတွေတော့ တွေ့ရပါတယ်. ဒါပေမယ့် Blogging University ပုံစံမျိုး အားလုံးကို တစ်နေရာတည်းမှာ စုစည်းပြီး ထားပေးနိုင်ရင် ပိုကောင်းမလားလို့ပါ.

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service