The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags: rules
Replies are closed for this discussion.
![]()
ကဲအားလုံးလဲ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးပါပြီ။ အဖြေတစ်ခုကို ရောက်အောင် အမြန်ဆုံးသာ ဆုံးဖြတ်ကြပါတော့။
အဲ့လိုလုပ်ပြီး တော်တော် ပဲ စိတ်ကုန်ပါတယ်ဗျာ ခင်ဗျားတို့ အဖွဲ့ အစည်းကြီးကို။
မှန်ပါတယ် ကျွန်တော့လဲ မြန်မာ Blogger တွေအပါအဝင် Society တစ်ခုလုံးကို စိတ်ကုန်မိနေပါပြီ။
စည်သူအောင်
ကျွန်တော်တို့တွေ က အသိသာကြီးပါဗျာ။ ဘေးထွက်ပြီးထိုင်နေလိုက် ရုံပဲ။ အခု က သူတို့ တည်ထောင်သူတွေ အလို ကျ ဆက်ကပါလိမ့်မယ်။ သူတို့ အရပ်နဲ့ သူတို့ဇာတ်ပဲ။ ထားလိုက်ပါ။
စည်သူအောင်
Myo Aung said:ကျွန်တော်တို့ တော်မှထင်တယ် ကိုပီဇီရ .. ကျွန်တော်တို့လဲ သူများဘက်က ၀င်ပြီး တောင်းဆိုပေးနေတာ၊ အကြံပြုကြည့်တာ .. သူတို့မှာလဲ သူတို့ ဆုံးဖြတ်ချက်နဲ့ဘဲဗျ ..
tharphyo said:အဲဒါ မဟုတ်သေးတာပဲ ... ကျွန်တော်တို့ ငြင်းနေကြတာလား ဆွေးနွေးနေကြတာလားဆိုတာ သေသေချာချာလည်း ပြန်ဖတ်ကြည့်ပါဦးဗျ .. ခုလို အဖြေတွေ ထွက်လာတဲ့ အချိန်ကျမှ ထပြီး ငြင်းတဲ့သူတွေ မရှက်ဘူးလားလို့ ပြောတာ ခင်ဗျားမရှက်ဘူးလား ...ကိုညီလင်းဆက်ရေ... ကျွန်တော် ဒီစာ မရေးခင် တစ်ခုတော့ ကြိုပြီး တောင်းပန်ပါရစေဗျာ...
ကျွန်တော်က မိုးကုတ်ကပါ။ ဒီ networkထဲမှာ အားလုံး စုစုစည်းစည်းနဲ့ နေရတာကိုလည်း အတိုင်းမသိ ၀မ်းသာကြည်နူးရတယ်တယ်။ ကြည်နူးရခြင်းနဲ့ အတူ စိတ်မကောင်းခြင်းတွေကိုလည်း ကြုံတွေ့ရပါတယ်။
ဒီထဲမှာ ဘလောဒ်ဂါတွေလည်း ရှိမယ်၊ ဘလောဒ်ဂါမဟုတ်တဲ့ စာဖတ်ချင်သူတွေလည်း ရှိမယ်၊ ယောင်ဝါးတွေလည်း ရှိမယ်။ အဲ့ဒီထဲမှာမှ ဒီnetworkလေး အဓွန့်ရှည်စေဖို့ အားလုံးက ရိုင်းပင်းကူညီမှုတွေနဲ့ အတူ တည်ဆောက်နေကြချိန်မှာ ဒီ discussion ထဲမှာ လာပြီး အငြင်းပွားနေတာတော့ ရှက်စရာ တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလော့ဒ်ဂါတွေ အားလုံး စုစည်းညီညွှတ်ဖို့အတွက် ရှေ့ဆောင်ပေးတဲ့သူတွေရဲ့ စိတ်ကိုမှ အားမနာပဲ ငြင်းချင်တိုင်း ငြင်းနေကြတာ၊ ငြင်းနေကြတဲ့လူတွေ အဖို့ မရှက်ကြဘူးလား မသိဘူးဗျာ....
ကျွန်တော်တို့ကတော့ ရိုးတယ်... ဒီခုလို ဘလော့ဒ်ဂါတွေနဲ့ စုဝေးစွာ နေနေရတာကို ကျေနပ်တယ်။ ဘလော့ဒ်ဂါတစ်ယောက်အနေနဲ့ ဘာတွေလိုအပ်သလဲဆိုတဲ့ အမေးကိုလည်း တော်တော် သဘောကျတယ်။ ဒီလို ပြောလိုက်လို့ ကျွန်တော့်ကို ရင့်လှချည်လားလို့တော့ မထင်လိုက်နဲ့။ ကျွန်တော်က ကဗျာပဲ ရေးတာပါ။ ဒါပေမယ့် ဒီ discussionထဲမှာ နေ့တိုင်း ၀င်ဖတ်တယ်။ သူလို ကိုယ်လို ငြင်းနေကြတယ်။ ရှေ့ဆက်ဖို့ နောက်တွန့်တယ်ဗျ။ မလုပ်ကြပါနဲ့။ ကျွန်တော် တောင်းပန်ပါတယ်။
ခင်ဗျားတို့တွေက နိုင်ငံခြားမှာ၊ ဒါမှ မဟုတ်ရင် ကွန်ပြူတာ ပညာကို ၀၀လင်လင် သောက်သုံးရတဲ့ နေရာမှာ နေကြသူတွေဗျ။ ကျွန်တော်တို့လို အလှမ်းဝေးဝေးမှာ မတောက်တခေါက်လေးကို သင်နေရတဲ့လူတွေ မဟုတ်ဘူး။ ဒီလို ငြင်းနေတာ မြင်ရတော့ စိတ်ထဲ မကောင်းဘူးဗျာ။ အားလုံးကို တိုင်တိုင်ပင်ပင်နဲ့ စောဒက တက်မယ့်အစား အဆင်ပြေအောင် ဆွေးနွေးတိုင်ပင်နိုင်ဖို့ပဲ တိုက်တွန်းပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်ဗျာ..။
စိတ်ကုန်တယ်ဆိုရင်ထွက်ပေါ့ရှင် ။ ဒါကကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ ကိုကဒေါင်းတို့ ကိုသင်ကာတို့ဆွေးနွေးပြီးသားပါ။ အားလုံးကအခုဆို အေးအေးဆေးဆေးနဲ့ ညှိညှိနှိုင်းနှိုင်းရှိနေကြပါပြီ ။ ဘယ်သူကမှလည်း ထွက်ဖို့မလိုသလို ဘယ်သူကမှလည်း ဘယ်သူ့ကိုမှ အတင်းထွက်ခိုင်းနေတာမဟုတ်တာအားလုံးအသိပါ ။ ဒီလိုဆွေးနွေးတယ်ဆိုတာကလည်း အကောင်းဘက်ကကြည့်ရင် မမ်ဘာတွေအားလုံးရဲ့အတွေးအခေါ်အယူအဆတွေကို ဖလှယ်ကြတဲ့ပွဲပါ ။ မမ်ဘာတစ်ယောက်အနေနဲ့ ဒါကိုစိတ်ကုန်တယ်ဆိုရင် ထွက်ပေါ့ရှင်။ ဒါပဲရှိတာပဲ ။
Sithu Aung said:မှန်ပါတယ် ကျွန်တော့လဲ မြန်မာ Blogger တွေအပါအဝင် Society တစ်ခုလုံးကို စိတ်ကုန်မိနေပါပြီ။
စည်သူအောင်
© 2009 Created by MBS on Ning. Create a Ning Network!