The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.
Tags: rules
Replies are closed for this discussion.
ဒီအကြောင်းအရာကိုဖတ်ရတော့စိတ်တော်တော်လေသွားပါတယ်..ကျွန်မက ဘလော့ဂါတစ်ယောက်တော့ မဟုတ်ပါ..ဘလော့ဖတ်သူစစ်စစ်တစ်ယောက်...ဘလော့ဖို့လည်းရည်ရွယ်ချက်မရှိပါဘူး..ဘလော့တွေကို စွဲစွဲ
မြဲမြဲဖတ်လာတာ တစ်နှစ်ကျော်ပါပြီ..စွဲစွဲမြဲမြဲဆိုတာ သာမာန်တော့မဟုတ်ပါဘူး..မနက်လင်းတာနဲ့ကော်ဖီသာက်ရင်းဖတ်..အလုပ်ကပြန်လာတာနဲ့ဖွင့်ဖတ်..မိုးချုပ်အိပ်ရာဝင်တဲ့အထိပါပဲ..
အဲဒီတော့ဘလော့ဂါတွေတော်တော်များများကို စိတ်ထဲကရင်းနှီးနေရော...ကွန်မန့်ရေးလေ့မရှိတော့သူတို့က
သိမယ်မထင်ပါဘူး...ဘလော့ထဲက၀တ္ထု၊ဆောင်းပါ၊ဘာသာပြန်တွေဖတ်သလို..ဘလော့ဂါတွေရဲ့ကိုယ်ရေးကိုယ်
တာတွေလဲ ဖတ်တယ်...ကျွန်မစိတ်ထဲက ရင်းနှီးတဲ့သူတွေကို အပြင်မှာမိတ်ဆက်ချင်တဲ့စိတ်ကူးတောင်ရှိပါတယ်..အခုဟာကိုဖတ်ရတော့..ကျွန်မကိုဖြတ်ရိုက်လိုက်သလိုခံစားရပါတယ်...ဒါပေမယ့် MBS ကိုတည်ထောင်သူဟာ ဘလော့ဂါတွေကို သပ်သပ်ဖြစ်စေချင်တဲ့ စိတ်ကူးရှိပုံရပါတယ်..သူတပါးရဲ့စိတ်ကူးနဲ့ ကြိုးပမ်းထားတာဖြစ်လို့ ကျွန်မ မဝေဖန်လိုပါဘူး...ကျွန်မ MBS ကိုဝင်တဲ့ရည်ရွယ်ချက်က ဗဟုသုတလိုချင်လို့ပါ..ဒါပေမယ့် နောက်ပိုင်းတော့ လာချင်မှလာဖြစ်တော့မှာပါ...“ကိုင်တွယ်ဖြေရှင်း”ဆိုတဲ့ စကားအပေါ် အတော့်ကို စိတ်ကုန်မိ ပါတယ်...
ဘလော့ဂါတစ်ယောက်ဟာ အနည်းဆုံး ပိုစ့် သုံးဆယ် ဒါမှမဟုတ် တစ်လလောက် ဘလော့စာတွေ ရေးတဲ့သူ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ဘလော့ဂါလို့ ခံယူထားတဲ့သူတိုင်း အဲဒီထက် မနည်းတဲ့စာတွေ ရေးဖူးကြလို့ပါပဲ။ နောက်ပြီးတော့ အမြဲမပြတ် ထိတွေ့နေသူ ဖြစ်ရပါမယ်။ ကိုယ့်အလုပ်က ဆရာဝန် ဒါပေမယ့် ဘလော့အမြဲ ရေးနေဖြစ်ရင် ဆရာဝန်ဘလော့ဂါပေါ့။ ဒီလိုမဟုတ်ဘဲ ဘလော့မရေးတော့ဘဲ ဆရာဝန်အလုပ်တစ်ခုပဲ လုပ်တော့မယ် ဆိုရင်တော့ ဆရာဝန်ပေါ့။ ဘလော့ဂါ မဟုတ်ပါဘူး။
NLS said:ဘလော့ဂါတစ်ယောက်ဟာ အနည်းဆုံး ပိုစ့် သုံးဆယ် ဒါမှမဟုတ် တစ်လလောက် ဘလော့စာတွေ ရေးတဲ့သူ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ဘလော့ဂါလို့ ခံယူထားတဲ့သူတိုင်း အဲဒီထက် မနည်းတဲ့စာတွေ ရေးဖူးကြလို့ပါပဲ။ နောက်ပြီးတော့ အမြဲမပြတ် ထိတွေ့နေသူ ဖြစ်ရပါမယ်။ ကိုယ့်အလုပ်က ဆရာဝန် ဒါပေမယ့် ဘလော့အမြဲ ရေးနေဖြစ်ရင် ဆရာဝန်ဘလော့ဂါပေါ့။ ဒီလိုမဟုတ်ဘဲ ဘလော့မရေးတော့ဘဲ ဆရာဝန်အလုပ်တစ်ခုပဲ လုပ်တော့မယ် ဆိုရင်တော့ ဆရာဝန်ပေါ့။ ဘလော့ဂါ မဟုတ်ပါဘူး။
ကျွန်တော်ပြောတာ ဘယ်လိုရင့်သီးပါသလဲ ... သိချင်ပါတယ် ... ဒီနေရာမှာ ခင်ဗျား ကိုယ်တိုင် ပြောခဲ့တာပဲ မဟုတ်လား ဒီကိစ္စနဲ့ ပတ်သက်ပြီး Technically ဆိုပြီး ပြောနေလို့ ပြန်ပြောနေတာပါ ... ning service ကို ကျွန်တော်ကြည့်ဖူးတဲ့ အပြင် ကိုယ်ဘာသာလည်း စမ်းကြည့်ဖူးပါတယ်။ ဒီလိုပဲ နိုင်ငံခြားက ning တော်တော်များများကိုလည်း ၀င်ဖူးပါတယ်။ ဘယ်လို Configuration ကိုလေ့လာခိုင်းနေပါသလဲ ... ဘာကို ဆိုလိုပါသလဲ ...
ဒီတော့ ဘာမှ အဓိပ္ပါယ်မရှိပဲ ... ဒီတော့ ... ခင်ဗျားဘာသာ ခွဲချင်ခွဲ မခွဲချင်နေ စိတ်မ၀င်းစားဘူး .... အဲဒီတော့ မေးချင်တယ် ... ခင်ဗျားပြောတဲ့ တက်ခနီကယ်လီးဆိုတာ ဘာလဲဗျ ... လျောမချပါနဲ့ ... Technically ဆိုတာ ဘလော့တွေမှာ အဲဒီလို Technically ဆိုတာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ ပို့စ် ၃၀ ပြည့်မှ ဆိုတာ အဓိပ္ပါယ်မရှိဘူးဆိုတာ ခင်ဗျားလည်း သိနေသားနဲ့ ဘာဖြစ်လို့ တက်ခနီကယ်လီးဆိုပြီး ပြောနေရတာလဲ ...
ဒီအဖွဲ့လေး စဖွဲ့ဖြစ်တဲ့ နေ့ကပဲ ကျမဒီထဲဝင်ဖြစ်ပါတယ် ။ ပထမဆုံးတွေ့လိုက်ရတဲ့ rules and regulations မှာပဲ No Fighting Place!! ဆိုတာကို တွေ့ပြီး သဘောကျမိပါတယ် ။ ဒီတော့ ဒီနေရာက ရန်ဖြစ်ဖို့နေရာတစ်ခု မဟုတ်တဲ့ အတွက် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်ဘက်ကမှစတဲ့ စိန်ခေါ်မှုမျိုး မဖြစ်စေချင်တာ အမှန်ပါ ။ မမ်ဘာဝင်ထားကြတဲ့ သူတွေလည်း ဒီ No fighting place! ဆိုတာကို တွေ့ပြီး နားလည်ပြီးသားပဲ ဖြစ်မှာပါ ။ Admin ဘက်ကလည်း မမ်ဘာတွေ ဘယ်လိုဖြစ်စေချင်သလဲဆိုတာကို ထည့်ပြီးစဉ်းစားပေးမယ်လို့ ယုံကြည်ပါတယ် ။ မမ်ဘာတွေဘက်ကလည်း Admin ပိုင်းက ဘာတွေလုပ်သွားပေးမလဲဆိုတာကို စောင့်ကြည့်ကြပါဦးလို့ပဲ ပြောချင်ပါတယ် ။
ကျနော်တို့ ခု အခြေခံလေးတွေတော့ ရပြီ။ ကိုညီလင်းဆက်တို့ သဘောတူလား မတူလားတော့ မသိဘူး။
၁) ဘလော့မရှိသူတွေအတွက် မန်ဘာများ (သို့) မော်ဒီရိတ်တာများက reader group ထဲ join ပေးဖို့ လိုတယ်။
၂) ဘလော့မရှိသူတွေ တနေ့ ရှိလာဖို့ဟာ ကျနော်တို့ MBS ရဲ့ ဆန္ဒပဲ။
၃) ကိုညီလင်းဆက်ရဲ့ ပို့စ် ၃၀ အယူအဆထက် ပိုကောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လိုလားတယ်။
၎) ဘလော့မရှိသူတွေကို MBS ကနေ kick out မလုပ်စေချင်ဘူး။ (လုပ်ချင်တဲ့သူတွေကိုလဲ မလုပ်စေချင်အောင် ညှိုနှိုင်းယူရမယ်။)
၅) reader ဆိုတာလဲ MBS ရဲ့ တစိတ်တပိုင်းပဲ။
ဒီလောက်ဆို အငြင်းအခုံပိုင်းမှာ ညှိုနှိုင်းယူလို့ ရနေပြီ ထင်တာပဲဗျာ။
---
နောက် အသုံးအနှုန်းလေးတွေ ပြင်သင့်နေပြီလို့ ထင်တာပဲ။
၁) ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဆိုတဲ့ ခေါင်းစဉ်ကို စပြီး ပြင်သင့်ပါတယ်။
၂) Non-blogger လို့ မသုံးဘဲ MBS visitor သို့ reader လို့ သုံးသင့်ပါတယ်။
ကျေးဇူး
ဘလော့ဂါတွေ စိတ်သဘောချင်းကွဲနေလို့တော့မဖြစ်ဘူး။ အားလုံးဝိုင်းဝန်းပြီး ဆွေးနွေးကြပါ။ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ပါတယ်။ Myanmar Blogger Society လို့ခေါင်းစဉ်တပ်ထားတော့ Member တွေအနေနဲ့က Blog တစ်ခုတော့ ရှိသင့်တယ်လို့တော့ထင်တယ်။
ဒီနေ့တော့ မအားသေးလို့ နောက်မှပဲလာတော့မယ်။။။ ကျွန်တော်လည်း ဆွေးနွေခင်ပါတယ်။။
ျကျွန်တော်ကတော့ blogs ရေးတာတော့ကြာပါပြီ...ဒါပေမယ့် ဒီအဖွဲ့ထဲ ၀င်တာတော့ မကြာသေးပါဘူး။
© 2009 Created by MBS on Ning. Create a Ning Network!