Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ပီကေ

ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

ဒီ MBS Network ကလေးမှာ မန်ဘာဝင်လာကြတဲ့ လူတွေ အတော်များများ မြင်ရတော့ ၀မ်းသာမိပါတယ်။ Myanmar Blogger Society လို့ ခေါင်းစဉ် တပ်ထားတော့ မြန်မာဘလော့ဂါတွေကိုပဲ အဖွဲ့ဝင် ပေးဝင်သင့်တာပေါ့။ ဒါပေမယ့် မန်ဘာအသစ်ကို ဘလော့ဂ် ရှိခြင်း မရှိခြင်း ဆိုတာ စစ်ဆေးဖို့ တကယ် လက်တွေ့မှာ မလွယ်ကူပါဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ရင် လူတိုင်းနီးပါး ၀င်လို့ ရနေပါတယ်။ ဘလော့လိပ်စာတစ်ခု မဖြစ်မနေ ထည့်ခိုင်းပေမယ့် ဘာလိပ်စာမဆို ထည့်ရနေတော့ အသေးစိတ် လိုက်စစ်ဆေးဖို့ အခက်အခဲ ရှိပါတယ်။ ဒါ Moderator တွေရဲ့ အလုပ်ပါ။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုတာ တွေ့လာရင်ကော ကျနော်တို့ ဘယ်လို အရေးယူမလဲ။ သူဟာ အခု မဟုတ်သေးပေမယ့် နောင် ဘလော့ဂါ ဖြစ်ဖို့ ရည်ရွယ်ချက်ရှိလို့ လာလေ့လာနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Network ရဲ့ စည်းမျဉ်းအရ ဘလော့ဂါများသာ ၀င်ခွင့်ပြုမှာ ဖြစ်ပေမယ့် Potential Blogger များကိုလည်း ကြိုဆိုရမယ့် တာဝန်လည်း ရှိနေပါတယ်။ ဒီ ၀ိရောဓိတွေ ကြားမှာ ပြေလည်နိုင်မယ့် နည်းတစ်ခု အကြံပြုကြည့်ချင်ပါတယ်။ ကျနော်တို့ ဘလော့ဂါမဟုတ်သူများ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါမယ်။ တကယ်လို့ မန်ဘာတစ်ယောက်ဟာ ဘလော့ဂါ မဟုတ်ဘူးဆိုရင် သူဟာ ဘလော့ဂါ မဟုတ်သူများမှာ အဖွဲ့ဝင် အနေနဲ့ ၀င်ကို ၀င်ရပါမယ်။ တကယ်လို့ သုံးရက်အတွင်း မ၀င်ခဲ့ဘူးဆိုရင် Moderator များအနေနဲ့ အဲဒီ မန်ဘာကို ဖယ်ရှားပိုင်ခွင့် ရှိပါတယ်။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘလော့ဂါ မဟုတ်တဲ့သူတွေကို ထင်ထင်ရှားရှား မြင်သာလာမယ်လို့ ယူဆမိပါတယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း မလေးစားရာ မရောက်ပါဘူး။
အထက်က အကြောင်းအရာကို အားလုံး ၀ိုင်းပြီး ဆွေးနွေးပေးစေချင်ပါတယ်။ ဒါမှ ဘလော့ဂါ မဟုတ်တဲ့ မန်ဘာတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အဖြေတစ်ခုကို ရလာမှာပါ။

Tags: rules

Share

Replies are closed for this discussion.

Replies to This Discussion

ကောင်းပါတယ်ဆက်လုပ်ပါ.....
ကိုပီကေပြောတာ မှန်ပါတယ်။
ပြီးတော့ ဒီ အစုအဝေးလေးထဲမှာက မိန်းကလေးရော ယောင်္ကျားလေးပါစုစည်းနေတဲ့အတွက် ညစ်ညမ်းမှုတွေ မရှိစေချင်ပါဘူး။ အဲ့ဒီ တစ်ချက်ကိုလည်း ထည့်သွင်း စဉ်းစားပေးဖို့ အကြံပြုချင်ပါတယ်ခင်ဗျ။
ပုဂ္ဂိုလ်ရေးစော်ကားမှုတွေလဲ မရေးစေချင်ဘူးဗျာ။
ကောင်းပါတယ် ဘလော့လုပ်နည်းလေးတွေကိုပါ အခြေခံက စပြီးပြနိုင်ရင်ပိုအဆင်ပြေမယ်ထင်ပါတယ်
ဒါမှဘလော့ဂါလောကကြီး ကျယ်ပြန့်လာပါမယ်
ထောက်ခံပါတယ်
ကိုပီပေပြောတာမှန်တယ်....တကယ်ဆို၇င်ကျွန်တော်လည်းဘလော့ကာတယောက်မဟုတ်ဘူး......ဘလော.ဂါဆိုဒါကြီးကို..ဘယ်လိုလုပ်၇မယ်ဆိုဒါကိုမသိလို.ပါ....လုပ်နည်းလုပ်ဟန်တွေသင်ပေး၇င်တော.~~ကျွန်တော်လဲ
ဘလော.ဂါတယောက်ဖြစ်လာမှာပါ~~~သင်ပေးမယ်ဆို၇င်တော.~~ကျေးဇူး~~ကျွန်တော်အီးမေးလ်က
Naykyarzi@gmail.com
အကြံပေးချင်ဒါကတော.~~~~ဘလော.ဂါလုပ်ဘယ်လိုလုပ်တယ်ဆိုတဲ.နည်းတွေဝက်ဆိုဒ်မှာတင်ထားပေး၇င်
နောက်ဆို၇င်ဘလော.ကာမဟုတ်တဲ.သူတွေနည်းလာလိပ်မယ်လို.ထင်ပါတယ်....
ကျနော်လဲ သဘောတူပါတယ်။ လုပ်ပါ။
သဘူတောပါတယ်...
ကောင်းတယ်ဗျာ.... ပြီးရင် ဘလော့ဂါတို့၏ ဘလော့ဂ်စရေးစဉ် ဒုက္ခ၊သုခများ... ဆောင်ရန်၊ ရှောင်ရန်များ... စတာတွေကို အဲဒီအဖွဲ့မှာ တင်မယ်ဗျာ....။ အဲဒီတော့ ဘလော့ဂါ ဖြစ်ချင်သူတွေလည်း ဗဟုသုတ ရတာပေါ့...။
ကိုပီကေရဲ့ အဆိုကိုလက်ခံပါတယ်။ ဒါပေမယ့် ဘယ်လိုလူမျိုးတွေကို ဘလော့ဂါလို့ သတ်မှတ်မှာလဲ? ဥပမာဗျာ ပို့စ်ဘယ်နှစ်ခုတင်ထားမှ ဘလော့ဂါဖြစ်မှာလဲ? ဘလော့ရေးတဲ့သက်တမ်းလိုအပ်သလား? ဘလော့လေးလုပ် ပို့စ်လေးငါးဆယ်ခုတင်ပြီး ဆက်မရေးတော့တဲ့ ဆက်မရေးနိုင်တဲ့သူတွေကို ဘလော့ဂါလို့သတ်မှတ်မှာလား? စသည့်ဖြင့်ပေါ့ဗျာ။ ဘလော့ဂါတစ်ယောက်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့လိုမယ်ဗျ။ ဒါမှ ဘလော့ဂါဟုတ်မဟုတ် သတ်မှတ်လို့ရမှာဗျ။ အားလုံးတစ်ညီတစ်ညွတ်တည်း လက်ခံနိုင်မယ့် (ဘလော့ဂါတစ်ယောက်ဖြစ်ရန် လိုအပ်ချက်များကို) အရင်ဆုံးအတည်ပြုသင့်တယ်လို့ထင်ပါတယ်။
ဘလော့ဂါတစ်ယောက်ဟာ အနည်းဆုံး ပိုစ့် သုံးဆယ် ဒါမှမဟုတ် တစ်လလောက် ဘလော့စာတွေ ရေးတဲ့သူ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ဘလော့ဂါလို့ ခံယူထားတဲ့သူတိုင်း အဲဒီထက် မနည်းတဲ့စာတွေ ရေးဖူးကြလို့ပါပဲ။ နောက်ပြီးတော့ အမြဲမပြတ် ထိတွေ့နေသူ ဖြစ်ရပါမယ်။ ကိုယ့်အလုပ်က ဆရာဝန် ဒါပေမယ့် ဘလော့အမြဲ ရေးနေဖြစ်ရင် ဆရာဝန်ဘလော့ဂါပေါ့။ ဒီလိုမဟုတ်ဘဲ ဘလော့မရေးတော့ဘဲ ဆရာဝန်အလုပ်တစ်ခုပဲ လုပ်တော့မယ် ဆိုရင်တော့ ဆရာဝန်ပေါ့။ ဘလော့ဂါ မဟုတ်ပါဘူး။
အင်း ဟုတ်သားပဲ .. ဒါလည်း အဆင်ပြေတာပဲ.. ဒီလိုပဲ လုပ်လိုက်..

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service