Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

khantpwar

ဘယ်လိုစာအုပ်မျိုးတွေဖတ်သင့်သလဲ?

ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သင့်လဲဆိုတာ ဆွေးနွေးပေးကြပါ။ ဖတ်သင့်တယ်လို့ ထင်တဲ့စာအုပ်ကိုလည်း ကြိုးစားရှာဖွေပြီး တင်ထားပေးစေလိုပါတယ်။ ကျနော်ကတော့ ဆရာ မင်းခိုက်စိုးစန် ရဲ့ သုည ဆိုတဲ့ စာအုပ်လေး အရင်ဆုံး တင်ထားပေးလိုက်တယ်။ ပျော်ဖို့ကောင်းတယ်၊ ဖတ်လို့ကောင်းတယ်၊ ပေါ့ပေါ့ပါးပါးလေးလဲ ဖြစ်တယ်။ ဒီမှာနှိပ်ပြီး ဖတ်လို့ရပါတယ်။ နည်းနည်းတော့ ကြာမယ်နဲ့တူတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Share

Reply to This

Replies to This Discussion

အဲဒီစာအုပ်ရှိမရှိတော့မသိဘူး၊ http://www.aseaninfonet.org/myanmar/ မှာ အခြားဝက်ဆိုဒ်တွေမှာမတွေ့ဘူးတဲ့ စာအုပ်တွေ ရှိသဗျ ကျွန်တော်လည်းဒေါင်းလုပ်သာလုပ်ထားတာ မဖတ်ဖြစ်သေးဘူး။

paingmyothet said:
ကိုရန်အောင်ရေ..
အစ်ကိုပြောတဲ့ မောင်ရွှေရိုးစာအုပ်ကို ရန်ကုန်ပန်းဆိုးတန်း အဟောင်းဆိုင်တန်းမှာ ကျွန်တော် မှာထားကြောင်းပါ။ ကျွန်တော့်ကို ရမယ်လို့ အာမခံထားကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
pdf file လုပ်ဖို့ ကျွန်တော်က ပြန်ရိုက်ပေးရမှာ ဆိုတော့ နည်းနည်းတော့ ကြာမယ်ထင်တယ်နော်
Yan Aung said:
ဒီတော့ပစ်လေးကို သဘောကျတယ်ဗျာ.
ကျွန်တော်လည်း စုဆောင်းထားတာလေးတွေကို ဖြည်းဖြည်းချင်း လာတင်ပေးဦးမယ်ဗျ.
တော်ကြာ ဆိုက်ကြီးလေးသွားမှာတောင် စိုးရသေးတယ်. ဟတ်ဟတ်ဟတ်..

စာအုပ်တစ်အုပ် ကျွန်တော်တောင်းဆိုချင်တယ်ဗျာ.
မောင်ရွှေရိုးရေးတဲ့ မြန်မာသဒ္ဒါအကြောင်း စာအုပ်များ ရှိမလားလို့ပါ. မောင်ရွှေရိုးဆိုတာ နိုင်ငံခြားသား မျက်နှာဖြူ လူမျိုးတစ်ဦးပါ. မြန်မာသဒ္ဒါအကြောင်းကို သေသေချာချာလေ့လာပြီး ကျမ်းပြုစုခဲ့ဖူးပါတယ်. အဲဒီ့စာအုပ် ဘယ်မှာမှ ရှာမရလို့ပါ. စာအုပ်နာမည်ကိုလည်း အတိအကျ မသိတော့ပါ.

မန်ဘာတို့မှာ ရှိမယ်ဆိုရင်သာ ဝေမျှပေးကြပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ....

Reply to This

ကျွန်တော်ကတော့ လူမှုရေး/စီးပွားရေ/ပညာရေး အတွေးအခေါ်စာအုပ်လေးတွေပဲ ဖတ်ချင်ပါတယ်၊
ဖတ်သင့်တယ်လို့ထင်ပါတယ်ဗျာ။။။

Reply to This

စာအုပ်စာပေ လူ့မိတ်ဆွေပဲ...။ဘယ်စာအုပ်ကိုဖတ်ဖတ် ဖတ်တက်ရင် အကျိုးရှိပါတယ်။

Reply to This

khantpwar said:
ဒေါက်တာသန်းထွန်း ရဲ့ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ပါ။ ကျနော်ကတော့ တော်တော်ကြိုက်တယ်။ ဖတ်ချင်ရင်တော့ ဒီမှာနှိပ်ပြီး ယူလိုက်ပါ။ (Rapidshare Hosting)
တခြားလိပ်စာနဲ့တင်ပေးပါလား
rapidshare နဲ့မရလို့ပါ။

Reply to This

အားလုံးသိမယ်ထင်တဲ့ ၀တ္ထုပါ။ ပေါ့ပေါ့ပါးပါးဖက်ရှုကြပါ။ လေရူးသုန်သုန်

Reply to This

ဒီမှာနှိပ်ပြီး သွားဖတ်လိုက်ပါ။

zawzaw said:
khantpwar said:
ဒေါက်တာသန်းထွန်း ရဲ့ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ပါ။ ကျနော်ကတော့ တော်တော်ကြိုက်တယ်။ ဖတ်ချင်ရင်တော့ ဒီမှာနှိပ်ပြီး ယူလိုက်ပါ။ (Rapidshare Hosting)
တခြားလိပ်စာနဲ့တင်ပေးပါလား
rapidshare နဲ့မရလို့ပါ။

Reply to This

ဦးရွှေအောင် ရေးတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ စာအုပ်တွေ ကောင်းတယ် မှတ်တယ်.။ ဘာသာရေးနဲ့ ပတ်သက် တဲ့ စာအုပ်တွေ ကတော့ များများဖတ်လေ အကျိုး ရှိလေ ပါပဲ.။

Reply to This

့ပရိတ်ကြီး ၁၁ သုတ် ကအကောင်းဆုံးပါဗျာ

Reply to This

ဘာတွေကိုလေ့လာရရင်ကောင်းမလဲ

Reply to This

ဆရာ အတ္တကျော်ရဲ့ လက်တွဲဖော်စာအုပ်များဟာလည်းစာအုပ်ကောင်းများဖြစ်ပါတယ်
ဘ၀တူရိယာ၊ မီးငယ်တို့အသိကြွယ်ဖို့၊ သားငယ်တို့နားလည်ဖို့ စာအုပ်များဟာဆယ်ကျော်သက်လူငယ်လူရွယ်များသာမက အုပ်ထိန်းသူမိဘများပါဖတ်သင့်တဲ့စာအုပ်များဖြစ်ပါတယ်. .ဆယ်ကျော်သက်တွေကတော့အဓိကပေါ့လေ. .

Reply to This

အင်တာနက်ပေါမှာ ဘာတွေလုပ်ရင်ကောင်းမလဲ
ပြောကြပါအုံး

Reply to This

စာဖတ်တာတော့ကောင်းပါတယ်။ဒါပေမယ့်စိတ်ကူးယဉ်နေရင်တော့မကောင်းဘူးနော်။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service