Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

khantpwar

ဘယ်လိုစာအုပ်မျိုးတွေဖတ်သင့်သလဲ?

ဘယ်လိုစာအုပ်မျိုးတွေ ဖတ်သင့်လဲဆိုတာ ဆွေးနွေးပေးကြပါ။ ဖတ်သင့်တယ်လို့ ထင်တဲ့စာအုပ်ကိုလည်း ကြိုးစားရှာဖွေပြီး တင်ထားပေးစေလိုပါတယ်။ ကျနော်ကတော့ ဆရာ မင်းခိုက်စိုးစန် ရဲ့ သုည ဆိုတဲ့ စာအုပ်လေး အရင်ဆုံး တင်ထားပေးလိုက်တယ်။ ပျော်ဖို့ကောင်းတယ်၊ ဖတ်လို့ကောင်းတယ်၊ ပေါ့ပေါ့ပါးပါးလေးလဲ ဖြစ်တယ်။ ဒီမှာနှိပ်ပြီး ဖတ်လို့ရပါတယ်။ နည်းနည်းတော့ ကြာမယ်နဲ့တူတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Share

Reply to This

Replies to This Discussion

ထပ်တင်ပေးအုံး..ဖတ်ချင်သေးတယ်..း)

Reply to This

"စာဖတ်ပါ။ နေ့စဉ်ဖတ်ပါ။ စာကောင်း ပေကောင်းများကို ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက်၊ ကိုယ့်ဘ၀အတွက် အသုံးဝင်မည့် အရာကို ဦးစားပေး ရွေးဖတ်ပါ။"

Reply to This

"စာဖတ်ပါ။ ဘယ်လို စာပေမျိုးကိုမဆို ဖတ်ပါ။ ဖြစ်နိုင်ပါက အသိဥာဏ်ကြွယ်ဝစေမည့် နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာ စကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ် ကျော် ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ၊ သမိုင်းတွေကို ရွေးဖတ်ပါ။ ပေါ့ပေါ့ပါးပါး စာပေများကိုလည်း မဖတ်ရဘူးမဟုတ်။ ဖတ်ပါ ။ ဘာစာမှသာ မဖတ်ဘဲတော့ မနေပါနဲ့။ ပေါ့ပေါ့ပါးပါး စာပေများဖတ်ခြင်းသည် လုံးဝ စာမဖတ်သည်နှင့်စာလျှင် အများကြီးပိုကောင်းပါသည်။"

Reply to This

ဆရာဖေမြင့်ရဲ့ ဦးနှောက်တွင် ရင်းနှီးမြှပ်နှံပါဆိုတဲ့ စာအုပ်ကိုတော့ဖတ်သင့်ပါတယ်။ စာဖတ်နည်းတွေ ရေးထားတာပါ။ ဆရာဖေမြင့်ရဲ့အလိုအရတော့ တစ်ချို့စာတွေဟာ ဖတ်ပြီးထွေးထုတ်ပြစ်ရမယ် (အပေါစား ဝတ္ထုတွေပေါ့) တစ်ချို့စာတွေကြတော့ သေချာဖတ်ပြီး စဉ်းစားဆင်ခြင်မယ်တဲ့။ စာဖတ်တာကတော့ ကောင်းပါတယ်ဗျာ။

Reply to This

ဒေါက်တာသန်းထွန်း ရဲ့ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ပါ။ ကျနော်ကတော့ တော်တော်ကြိုက်တယ်။ ဖတ်ချင်ရင်တော့ ဒီမှာနှိပ်ပြီး ယူလိုက်ပါ။ (Rapidshare Hosting)

Reply to This

ကောင်းတဲ့ စာပေတွေရွေးဖတ်တော့ တိုးတက်တာပေါ့...... နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ယဉ်ကျေးမှု့ နဲ့ အဆင့်အတန်းကို စာပေနဲ့ပဲ တိုင်းတာကြတယ်....ကောင်းတဲ့စာပေက အရေးကြီးတယ်

Reply to This

ထပ်တင်ပေးအုံး :D thanks a lot ...

Reply to This

အဲဒီ ဆရာဖေမြင့် ရဲ့ ဦးနှောက်တွင်ရင်နှီးမြုပ်နှံပါ ဆိုတဲ့စာအုပ်ကို ဖြစ်နိုင်မယ်ဆိုရင် ရှာပြီး တင်ထားပေးပါလားခင်ဗျာ။

စာဖတ်တဲ့သူတွေလည်း ဘာတွေဖတ်သင့်တယ်၊ ဘာတွေမဖတ်သင့်ဖူး ဆိုတာကို သိသွားတာပေါ့။

moehmaung said:
ဆရာဖေမြင့်ရဲ့ ဦးနှောက်တွင် ရင်းနှီးမြှပ်နှံပါဆိုတဲ့ စာအုပ်ကိုတော့ဖတ်သင့်ပါတယ်။ စာဖတ်နည်းတွေ ရေးထားတာပါ။ ဆရာဖေမြင့်ရဲ့အလိုအရတော့ တစ်ချို့စာတွေဟာ ဖတ်ပြီးထွေးထုတ်ပြစ်ရမယ် (အပေါစား ဝတ္ထုတွေပေါ့) တစ်ချို့စာတွေကြတော့ သေချာဖတ်ပြီး စဉ်းစားဆင်ခြင်မယ်တဲ့။ စာဖတ်တာကတော့ ကောင်းပါတယ်ဗျာ။

Reply to This

ဒေါက်တာသန်းထွန်း ရဲ့ ၀ိတိုရိယနဲ့အယ်လဗတ်မှာ မြန်မာအနုပညာလက်ရာ ဆိုတဲ့စာအုပ်ပါ။ ဖတ်ရင်တော့ သေချာဖတ်ဖို့ လိုပါတယ်။ တော်တော်ကောင်းတဲ့ စာအုပ်ပါ။ (ကျနော့် အထင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့)
ဒီမှာနှိပ်ပြီး ယူလိုက်ပါ။ (Rapidshare Hosting)

Reply to This

ဟုတ်ကဲ့ ဒီဆွေးနွေးချက်လေး အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် "ဆရာဝန်မလုပ်သူများနှင့် ဦးဏှောက်ယိုစီးမှု" ဆိုတဲ့ စာအုပ်လေးကို ဖတ်ခြင်ပါတယ်။ ကျွန်တော်ဖတ်ခဲ့တာ ကြာပြီဆိုတော့ မေ့နေပါပြီ။ ဆောင်းပါးပေါင်းချုပ်စာအုပ်လေးပါ။ အများလည်း ဖတ်သင့်တယ်လို့ ထင်ပါတယ်။ စာအုပ်လက်ဝယ် ရှိသူများ မျှဝေပေးဖို့ တောင်းဆိုခြင်ပါတယ် ခင်ဗျာ။

Reply to This

ဆရာဖေမြင့် ရေးတဲ့ ဘာသာပြန်တဲ့ တက်ကျမ်းတွေ ကြီးပွားရေးစာအုပ်တွေဟာ လူငယ်တွေရော လူကြီးတွေရောအတွက် အကျိုးအများကြီးဖြစ်ထွန်းခဲ့ပါတယ် ဆရာဖေမြင့်ကိုယ်တိုင်လဲ အရမ်းချမ်းသာသွားတယ်။ အရင်ရှေးက တက်ကျမ်းရေးတဲ့ ပီမိုးနင်း (ပီမိုးနင်းကတက်ကျမ်း သာရေးတာ သူကိုယ်တိုင်က ဆင်းရဲတယ်လို့ကြားဘူးတယ်) လိုတော့မဟုတ်တော့ ဆရာဖေမြင့် စာအုပ်တွေဖတ်သင့်တယ် ဟဲဟဲ

Reply to This

သူများတွေစာဖတ်ကြတယ်..တကယ်အားရစရာ၊အားကျစရာတွေပါ....အလုပ်ကိစ္စလေးရှိလို့အပြင်သွားတိုင်း ရထား၊ကား၊(Underground Train) ၊ ပန်းခြံ ၊ အနားယူတဲ့နေရာလေးတွေကအစ စာဖတ်တဲ့သူတွေနဲ့ပဲ ကြုံနေရတယ်...တကယ်လည်းအားကျခဲ့ရပါတယ်...သူတို့ကိုမြင်တာနဲ့ လူမျိုးချင်းနိုင်ယှဉ်လာရလောက်တဲ့အထိ
ကျွန်တော့်ရင်ထဲမှာခံစားခဲ့ရပါတယ်...ဒါပေမယ့်ကျွန်တော်သူတို့လောက်စာမဖတ်ဖြစ်ခဲ့ပါဘူး....အခုတော့စာဖတ်တဲ့
အကျင့်လေးကို လုပ်နေပါတယ်....Blogspot တွေ၊မြန်မာ site တွေထဲမှာပဲ သူများရေသားတာလေးတွေ ၊ အတွေအကြုံဗဟုသုတတွေ၊ပညာပိုင်း ဆိုင်ရာလေးတွေလောက်ပါပဲ သူများတွေလိုစာအုပ်စာပေ တွေနဲ့မဖတ်နိုင်ပေမယ့် ကောင်းနုတ်ရာရာလေးတွေလည်း ဖတ်ဖြစ်ပါတယ်.....ဘာပဲဖြစ်ဖြစ် စာဖတ်ခြင်းဟာ
ကောင်းပါတယ်...ဆိုးတယ်ဆိုတာမရှိပါဘူး...ဖတ်တဲ့စာပေါ်မူတည်ပြီး ခံယူချက်တွေ၊အယူအဆတွေ ပြောင်းလဲနိုင်တာပါ...ကျွန်တော့်ရဲ့ အမြင်လေးတင်ပြရင်းနဲ့စာဖတ်ခြင်းကို အစဉ်အားပေးလျက်ပါ...
ရွှင်လန်းချမ်းမြေ့ကြပါစေ။။။။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service