Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အားလုံးအတွက် မဟုတ်ဘဲနဲ့ ပါဆင်နယ် ပြုလုပ်ထားတဲ့ Group တွေ၊ အမျိုးအစား ထပ်နေတဲ့ Group တွေ၊ MBS ရဲ့ အခြေခံ စည်းမျဉ်းနဲ့ မညီညွတ်တဲ့ ပိုစ့်တွေ၊ Discussion တွေကို မော်ဒီရိတ် လုပ်ပါမယ်။ လုပ်တဲ့ အရာတွေကို မော်ဒီရေတာတွေက ဒီနေရာလေးမှာ အကျိုးအကြောင်း ပြောပြပြီး မှတ်သားထားစေချင်ပါတယ်။ ဒါမှ ဘယ်သူဖျက်တယ်၊ ဘာကြောင့်ဖျက်တယ် ဆိုတာ သိရမှာပါ။

Share

Reply to This

Replies to This Discussion

ဒီ Discussion တင်တဲ့ ကိစ္စတွေမှာ ကျနော်တို့တွေ စိတ်တအား လောနေတာတော့ အမှန်ပဲ။ စိတ်လောရင် အမှားတွေ ပါလာတယ်ဆိုတာ လက်တွေ့ပါပဲ။ Discussion ကို ပစ္စလက်ခတ် တင်နေတဲ့ လူတချို့ ရှိနေတာကြောင့်လည်း ပါသလို၊ တန်ဖိုးရှိတဲ့ Discussion တွေကို အများသိအောင် နေရာတကျ ထားချင်တဲ့ ဇောလည်း ကပ်သွားတာ ပါလို့ပါ။
တကယ်ဆို ကျနော် အရင် မေးမြန်းပြီးမှ လုပ်သင့်ပါတယ်။ ဆောရီးပါဗျာ။

mabaydar said:
ခုလို ပြန်လည်ရှင်းလင်းဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်..
ကျွန်မအနေနဲ့ကလည်း အများအတွက် ဒီလိုကိစ္စမျိုးလေးတွေဖြစ်လာရင် သိထားအောင် အပြုသဘောဆောင်ပြီး မေးခြင်းသာဖြစ်ပါတယ်... ဒီကိစ္စလေးဟာလဲ ကိုပီကေနဲ့ ကျွန်မ အတွေးအမြင်ယူဆပုံခြင်း မတူညီခြင်းသာဖြစ်ပါတယ်.. ကျွန်မအယူအဆကလည်း အလုပ်အကိုင်ဆိုရာဝယ် Bussiness အနေနဲ့ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်ငွေရှာခြင်းကို မဆိုလိုပဲ... နိုင်ငံရပ်ခြားမှာ ပညာသင်မဲ့သူတစ်ယောက်ရပ်တည်နိုင်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အချိန်ပိုင်းအလုပ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်...
ဒီလိုအပ်ချက်ဟာ နိုင်ငံခြားပညာသင်မဲ့ကျောင်းသားများအတွက် ပညာရေးနှင့်အတူပူးတွဲသိသင့်တဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ပညာသင်ဖူးတဲ့သူတိုင်းသဘောပေါက်ပါတယ်...
ထိုသို့ကျွန်မယူဆမိသောကြောင့် ပညာရေးအောက်တွင်ရေးခြင်းဖြစ်ပါတယ်..

Reply to This

"MBS ကထွက်ချင်တယ် ဘယ်လိုလုပ်ရမလဲ" ဟူသော ခေါင်းစဉ်ဖြင့် "MBS" ကဏ္ဍတွင် "ဒီခု ကျွန်တော်ထွက်ချင်လို့ ဘယ်လိုလုပ်ရမလဲ ဗျာ.....တတ်နိုင်ရင် ကျွန်တော့ကို ဘန်းပေးပါ အက်ဒ် မင်ကြီးခင်ဗျာ.... " ဟု Aungchanthar မှ ရေးသားတောင်းဆိုထားသဖြင့် ထို "Aungchanthar" ဟု အမည်တွင်သော မန်ဘာ၏ အကောင့်အား ကာယကံရှင် ဆန္ဒအရ MBS မှ ဖယ်ရှားလိုက်သည်။

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service