Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အားလုံးအတွက် မဟုတ်ဘဲနဲ့ ပါဆင်နယ် ပြုလုပ်ထားတဲ့ Group တွေ၊ အမျိုးအစား ထပ်နေတဲ့ Group တွေ၊ MBS ရဲ့ အခြေခံ စည်းမျဉ်းနဲ့ မညီညွတ်တဲ့ ပိုစ့်တွေ၊ Discussion တွေကို မော်ဒီရိတ် လုပ်ပါမယ်။ လုပ်တဲ့ အရာတွေကို မော်ဒီရေတာတွေက ဒီနေရာလေးမှာ အကျိုးအကြောင်း ပြောပြပြီး မှတ်သားထားစေချင်ပါတယ်။ ဒါမှ ဘယ်သူဖျက်တယ်၊ ဘာကြောင့်ဖျက်တယ် ဆိုတာ သိရမှာပါ။

Share

Reply to This

Replies to This Discussion

ဟုတ်ပါတယ်.. ပညာရေးနဲ့အလုပ် category ၂ခုကွဲနေပါတယ်.. ဒါပေမဲ့ မဗေဒါသိချင်တာက ၂ခုလုံးပါ..
ဒီ၂ခုကလဲ ဆက်ဆက်နေလို့ပါ.. အမှန်တော့ဒါတင်မဟုတ်ပါဘူး.. သြစတေးလျမှာနေထိုင်ပုံ အကုန်သိချင်တာပါ..
ဒါလဲ ဗဟုသုတ တနည်းအားဖြင့် အထွေထွေပညာ ထဲမှာပါတယ်လို့ ယူဆလို့ရေးလိုက်တာပါ...
တကယ်လို့ မဗေဒါသိချင်တာ ခုလို Category ကွဲနေလို့ ပညာရေးသက်သက်သာ ဒီ category အောက်မှာမေးလို့ရတယ်ဆိုရင်.. စီးပွားရေး၊ လူမှုရေး စသည်ဖြင့် category တစ်ခုခြင်းစီအောက်မှာ မဗေဒါက သြစီနဲ့ပတ်သတ်တဲ့ တော့ပစ်တွေ ၁ခုခြင်းစီလိုက်ဖွင့်မယ်ဆိုရင် အဆင်မပြေပါဘူး..
Category တွေအောက်မှာလဲ စီးပွားရေး၊ နိုင်ငံအကြောင်းသိကောင်းစရာ စတဲ့ Category မရှိပဲ ပညာရေးတစ်ခုသာရှိပါတယ်..
အဲဒါကြောင့် သြစီအကြောင်းကို သုတပညာလို့ သဘောထားလို့ ပညာရေးအောက်မှာရေးခြင်းဖြစ်ပါတယ်...
ဒါကြောင့် ဘယ်လို တော့ပစ်အောက်မှာရေးသင့်တယ်ဆိုတာကို အကြံပြုစေချင်ပါတယ်...
အမှားပါရင် လမ်းပြပါ..
ကျေးဇူးတင်ပါတယ်..

Reply to This

မှူးဒါရီဆိုသောအကောင့်အား ကာယကံရှင်မှ ပယ်ဖျက်ပေးပါရန် တောင်းဆိုလာပါသဖြင့် ဤနက်ဝပ်မှ block ပေးထားလိုက်၏။

Reply to This

လူအများစုက နိုင်ငံရပ်ခြားမှာ ပညာသင်တယ် ဆိုကတည်းက ပညာသင်ပြီးရင် အဲဒီ နိုင်ငံမှာ အလုပ်လုပ်မယ့်သူ များပါတယ်။ ဒါ နားလည်ပြီးသားပါ။ အဲဒီတော့ ပညာရေးအကြောင်း ဆွေးနွေးကတည်းက သင်ယူပြီး ပညာနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကို လူတိုင်း သိချင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာ ပညာရေးကို ဦးစားပေးစေချင်တယ်။ ဘယ်အလုပ်က ဘယ်လောက် ပင်ပန်းတယ်။ ဘယ်လောက် ရသလဲဆိုတာကို ဆွေးနွေးမယ့်အစား ဘယ်အလုပ်တွေအတွက် ဘယ်ပညာရပ်တွေ လိုအပ်သလဲ ဆိုတာ ဒီနေရာလေးမှာ ဆွေးနွေးစေချင်ပါတယ်။ ကျနော်တော့ ဘာဘွဲ့တွေ ရပြီးပြီဗျာ။ ဒီနိုင်ငံမှာ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ်အလုပ်က အလုပ်ရဖို့ ပိုလွယ်သလဲ ဆိုတာတွေက Career ထဲမှာ ဆွေးနွေးစေချင်တယ်။ မဗေဒါရဲ့ Description က နည်းနည်းလေး ပြန့်ကျဲနေတယ်လို့ ကျနော် ယူဆမိလို့ပါ။ အလုပ်အကိုင် အခွင့်အလမ်းကို သိချင်တာလား။ အလုပ်လုပ်ရင်း ရလာတဲ့ လူနေမှု ဘ၀ကို ဆွေးနွေးချင်တာလား။ ဒါဆို Career မှာ ဆွေးနွေးသင့်တယ်။ ပညာရေး လမ်းကြောင်းကို ဆွေးနွေးမလား။ ကျောင်းသားတစ်ယောက်ရဲ့ လူနေမှုဘ၀ကို သိချင်လား။ ဒါဆို Education မှာ ဆွေးနွေးစေချင်ပါတယ်။ ဒါ ကျနော်ရဲ့ အယူအဆပါ။ ပြန်လည် သုံးသပ် ဝေဖန်နိုင်ပါတယ်။

mabaydar said:
ဟုတ်ပါတယ်.. ပညာရေးနဲ့အလုပ် category ၂ခုကွဲနေပါတယ်.. ဒါပေမဲ့ မဗေဒါသိချင်တာက ၂ခုလုံးပါ..
ဒီ၂ခုကလဲ ဆက်ဆက်နေလို့ပါ.. အမှန်တော့ဒါတင်မဟုတ်ပါဘူး.. သြစတေးလျမှာနေထိုင်ပုံ အကုန်သိချင်တာပါ..
ဒါလဲ ဗဟုသုတ တနည်းအားဖြင့် အထွေထွေပညာ ထဲမှာပါတယ်လို့ ယူဆလို့ရေးလိုက်တာပါ...
တကယ်လို့ မဗေဒါသိချင်တာ ခုလို Category ကွဲနေလို့ ပညာရေးသက်သက်သာ ဒီ category အောက်မှာမေးလို့ရတယ်ဆိုရင်.. စီးပွားရေး၊ လူမှုရေး စသည်ဖြင့် category တစ်ခုခြင်းစီအောက်မှာ မဗေဒါက သြစီနဲ့ပတ်သတ်တဲ့ တော့ပစ်တွေ ၁ခုခြင်းစီလိုက်ဖွင့်မယ်ဆိုရင် အဆင်မပြေပါဘူး..
Category တွေအောက်မှာလဲ စီးပွားရေး၊ နိုင်ငံအကြောင်းသိကောင်းစရာ စတဲ့ Category မရှိပဲ ပညာရေးတစ်ခုသာရှိပါတယ်..
အဲဒါကြောင့် သြစီအကြောင်းကို သုတပညာလို့ သဘောထားလို့ ပညာရေးအောက်မှာရေးခြင်းဖြစ်ပါတယ်...
ဒါကြောင့် ဘယ်လို တော့ပစ်အောက်မှာရေးသင့်တယ်ဆိုတာကို အကြံပြုစေချင်ပါတယ်...
အမှားပါရင် လမ်းပြပါ..
ကျေးဇူးတင်ပါတယ်..

Reply to This

၂မျိုးလုံးကိုသိချင်တာပါ... ဒါဆို ၂နေရာမှာသွားဆွေးနွေးရမှာပေါ့နော်...
အဓိကသိချင်တာက.. အလုပ်အကိုင် ၁ခုထဲလဲမဟုတ်ပါဘူး..
သြစတေးလျမှာပညာသွားသင်မဲ့သူတွေအတွက် ဘယ်ပညာရပ်က အလုပ်အကိုင်အခွင့်အရေးဘယ်လိုရလဲနဲ့.. ကျောင်းသားတစ်ယောက်ရဲ့ လိုအပ်တဲ့လူနေမှုအခြေခံအချက်တွေကိုသိချင်တာပါ..
ပညာရေးပြောရင်တော့ စီးပွားရေးကကပ်ပါလာမှာပါ.. နိုင်ငံခြားဖြစ်တဲ့အတွက် နေရေးထိုင်ရေးကလဲ ပူရပါတယ်.. အလုပ်အကိုင်အခွင့်အရေးပိုရမဲ့ ဘာသာရပ်ကိုရွေးချယ်ပြီးကျောင်းတက်ချင်တာပါ..
ဒီတော့ ၂ခုလုံးကဆက်စပ်နေလို့ပါ..
ဘာလို့လဲဆိုတော့ နိုင်ငံရပ်ခြားမှာပညာသင်မယ်ဆိုရင် ပညာရေးချည်းပဲကြည့်လို့မရပါဘူး. (ဒါကလဲ မဗေဒါအတွက်တော့ ဘယ်လောက်ကုန်နိုင်တယ်.. ဘယ်လိုအလုပ်လုပ်ရင်တော့ ကျောင်းလခအတွက် cover ဖြစ်နိုင်တယ်.. နေစရိတ် ထိုင်စရိတ် စသည်ဖြင့်).. ဒါတွေကို ကြည့်ပြီးမှ အဲဒိမှာ ပညာသင်သင့် မသင်သင့် ကိုယ်တတ်နိုင်လား မတတ်နိုင်လားကို ဆုံးဖြတ်ရမှာမို့လို့ပါ..
ကိုယ်ကတော့ အဲဒိမှာ အဲဒိဘာသာရပ်ကို တက်မယ်ဆိုပြီး သင်တန်းတွေတက်ထား.. ပြင်ဆင်ထားပြီးမှ တခြားအရေးတွေမညီညွတ်လို့ ပျက်ရရင် ပိုဆိုးပါတယ်..
မဗေဒါပြောတာကို ကိုပီကေ သဘောပေါက်မလားတော့မသိပါဘူး..
တကယ်လို့သဘောပေါက်တယ်ဆိုရင် သင့်တော်တဲ့ခေါင်းစဉ်အောက်မှာ တော့ပစ်တစ်ခုမဗေဒါကိုယ်စားဖွင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်..
မဗေဒါကတော့ ထပ်ဖွင့်ရင် မှားမှာစိုးလို့မဖွင့်တော့ပါဘူး..
ပီကေ said:

မိန်းကလေးဘလော့ကာ ဂရုဖွဲ့ချင်ပါတယ်။
အဲဒါဆိုရင်လည်း ဖျက်ပစ်မှာလားဟင်..

Reply to This

female အဖွဲ့ ရှိပြီးသားပါ။ အဲဒီမှာ ၀င်လိုက်ပါလား ။

Cloud said:
မိန်းကလေးဘလော့ကာ ဂရုဖွဲ့ချင်ပါတယ်။
အဲဒါဆိုရင်လည်း ဖျက်ပစ်မှာလားဟင်..

Reply to This

ဟုတ်သားပဲ
ပြီးတော့ မေးစရာလေးရှိလို့ပါ....
mbs ကို message ပို့လို့ မရဘူး ဖြစ်နေတယ်
အဲဒါဘာဖြစ်လို့လည်း သိချင်ပါတယ်။
သူများတွေဆီကိုတော့ ပို့လို့ရပြီးတော့လေ ...
ဖြေပေးပါနော်

သူများတွေဆီကို ပို့လို့ ရပြီးတော့ .......

ဆိုတာကို သိပ်နားမရှင်းဘူး။ နည်းနည်းလောက် ထပ်ရှင်းပြပါဦး။

Cloud said:
ဟုတ်သားပဲ
ပြီးတော့ မေးစရာလေးရှိလို့ပါ....
mbs ကို message ပို့လို့ မရဘူး ဖြစ်နေတယ်
အဲဒါဘာဖြစ်လို့လည်း သိချင်ပါတယ်။
သူများတွေဆီကိုတော့ ပို့လို့ရပြီးတော့လေ ...
ဖြေပေးပါနော်

Reply to This

relax guys.
i don't think i am visiting middle east extremist territory.

Soe Min said:
ကျနော် ကတော့ မသင့်ဘူးလို့မြင်ပါတယ်။ အဲဒီသူ ဘယ်သူဆိုတာ နဲနဲလေ့လာရဦးမယ်။
2 votes for delete that post now then. နောက်ထပ်မကြိုက်တဲ့သူ နဲနဲရလာရင် ဖျက်သင့်ဖျက်ထိုက်တာတွေ လုပ်ရပါမယ်။

ကဒေါင်းညင်သာ said:
ဒီလိုမျိုး myanmar society နဲ့ controversial ဖြစ်တဲ့ လိင်တူတွေအကြောင်းဆိုရင်ကော လက်ခံသင့်သလားခင်ဗျ

ဒေစီဂျိမ်းဆိုတဲ့ ဘလော့ပို့စ်များ

Reply to This

MBS ကို အင်တာနက်ပျက်နေတာနဲ့မဝင်ဖြစ်တာနဲ့.. မဗေဒါရဲ့ အကြောင်းပြချက်မလုံလောက်ပဲ ဖျက်ခံလိုက်ရတဲ့ တော့ပစ်လေးအကြောင်းကိုတောင် ပြန်ဖြေတဲ့သူမရှိတော့ပါဘူး..
သိချင်တာလေးတစ်ခုမေးလို့ရမလားမသိပါဘူး.. MBS မှာ ပိုစ့်တွေကို ဖျက်မယ်ဆိုရင် မော်ဒီရေတာ တစ်ဦးတစ်ယောက်ထဲက မသင့်တော်ဘူးထင်တာနဲ့ တော့ပစ်တင်ပြီးပြီးချင် ၅မိနစ်လောက်အတွင်းမှာပဲ
ဖျက်လို့ရပါသလား.. ဒါမှမဟုတ် အများသဘောကို တိုင်ပင်ပါသလား.. တခြားမော်ဒီရေတာတွေနဲ့ရောတိုင်ပင်ပြီးမှလုပ်ပါသလား... တော့ပစ်ပိုင်ရှင်ကို ဘာကြောင့်သူဒီလိုရေးသလဲ.. ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ရှင်းပြတိုင်ပင်ခွင့်မပေးပဲ.. မော်ဒီရေတာ တစ်ဦးတစ်ယောက်ထဲရဲ့ ဦးနှောက်နဲ့ သင့်တော်မသင့်တော်ကို ဆုံးဖြတ်ပါသလား... ဘာလို့လဲဆိုတော့ ကျမတော့ပစ်က ကျမရေးပြီးပြီးချင်း ကျမနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ.. အဖျက်ခံခဲ့ရလို့ပါ.. အဲလိုဖြစ်ခြင်းဟာ.. တခြားသော မလွတ်လပ်တဲ့ ဆိုဒ်များနဲ့ ထူးမခြားနားဘူးလို့ထင်မိပါတယ်.. ကျမပြောတဲ့အထဲမှာ လူအများဖတ်လို့မသင့်တော်တဲ့ တော့ပစ်မျိုးကိုပြောတာမဟုတ်ပါဘူး.. အဲလိုတော့ပစ်မျိုးကတော့ ချက်ခြင်းဖျက်ပစ်သင့်ပါတယ်..
ဘာပဲပြောပြော ကျမကတော့ MBS ဖိုရမ်မှာ ဆက်ရေးဖို့တောင် အတော်လေးလက်တွန့်သွားပါပြီ.... ရေးပြီးလဲ ကိုယ့်တော့ပစ်က မော်ဒီရေတာတစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖျက်ခံရချင်ဖျက်ခံရနိုင်လို့ပါ..
အမှားပါရင် ခွင့်လွှတ်ကြပါ.. မည်သို့မှ မရည်ရွယ်ပါဘူး.. လုပ်ထုံးလုပ်နည်းလေးတွေကို မန်ဘာတစ်ယောက်အနေနဲ့ သိသင့်တယ်ထင်လို့ပါ...

mabaydar said:
၂မျိုးလုံးကိုသိချင်တာပါ... ဒါဆို ၂နေရာမှာသွားဆွေးနွေးရမှာပေါ့နော်...
အဓိကသိချင်တာက.. အလုပ်အကိုင် ၁ခုထဲလဲမဟုတ်ပါဘူး..
သြစတေးလျမှာပညာသွားသင်မဲ့သူတွေအတွက် ဘယ်ပညာရပ်က အလုပ်အကိုင်အခွင့်အရေးဘယ်လိုရလဲနဲ့.. ကျောင်းသားတစ်ယောက်ရဲ့ လိုအပ်တဲ့လူနေမှုအခြေခံအချက်တွေကိုသိချင်တာပါ..
ပညာရေးပြောရင်တော့ စီးပွားရေးကကပ်ပါလာမှာပါ.. နိုင်ငံခြားဖြစ်တဲ့အတွက် နေရေးထိုင်ရေးကလဲ ပူရပါတယ်.. အလုပ်အကိုင်အခွင့်အရေးပိုရမဲ့ ဘာသာရပ်ကိုရွေးချယ်ပြီးကျောင်းတက်ချင်တာပါ..
ဒီတော့ ၂ခုလုံးကဆက်စပ်နေလို့ပါ..
ဘာလို့လဲဆိုတော့ နိုင်ငံရပ်ခြားမှာပညာသင်မယ်ဆိုရင် ပညာရေးချည်းပဲကြည့်လို့မရပါဘူး. (ဒါကလဲ မဗေဒါအတွက်တော့ ဘယ်လောက်ကုန်နိုင်တယ်.. ဘယ်လိုအလုပ်လုပ်ရင်တော့ ကျောင်းလခအတွက် cover ဖြစ်နိုင်တယ်.. နေစရိတ် ထိုင်စရိတ် စသည်ဖြင့်).. ဒါတွေကို ကြည့်ပြီးမှ အဲဒိမှာ ပညာသင်သင့် မသင်သင့် ကိုယ်တတ်နိုင်လား မတတ်နိုင်လားကို ဆုံးဖြတ်ရမှာမို့လို့ပါ..
ကိုယ်ကတော့ အဲဒိမှာ အဲဒိဘာသာရပ်ကို တက်မယ်ဆိုပြီး သင်တန်းတွေတက်ထား.. ပြင်ဆင်ထားပြီးမှ တခြားအရေးတွေမညီညွတ်လို့ ပျက်ရရင် ပိုဆိုးပါတယ်..
မဗေဒါပြောတာကို ကိုပီကေ သဘောပေါက်မလားတော့မသိပါဘူး..
တကယ်လို့သဘောပေါက်တယ်ဆိုရင် သင့်တော်တဲ့ခေါင်းစဉ်အောက်မှာ တော့ပစ်တစ်ခုမဗေဒါကိုယ်စားဖွင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်..
မဗေဒါကတော့ ထပ်ဖွင့်ရင် မှားမှာစိုးလို့မဖွင့်တော့ပါဘူး..
ပီကေ said:
လူအများစုက နိုင်ငံရပ်ခြားမှာ ပညာသင်တယ် ဆိုကတည်းက ပညာသင်ပြီးရင် အဲဒီ နိုင်ငံမှာ အလုပ်လုပ်မယ့်သူ များပါတယ်။ ဒါ နားလည်ပြီးသားပါ။ အဲဒီတော့ ပညာရေးအကြောင်း ဆွေးနွေးကတည်းက သင်ယူပြီး ပညာနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကို လူတိုင်း သိချင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာ ပညာရေးကို ဦးစားပေးစေချင်တယ်။ ဘယ်အလုပ်က ဘယ်လောက် ပင်ပန်းတယ်။ ဘယ်လောက် ရသလဲဆိုတာကို ဆွေးနွေးမယ့်အစား ဘယ်အလုပ်တွေအတွက် ဘယ်ပညာရပ်တွေ လိုအပ်သလဲ ဆိုတာ ဒီနေရာလေးမှာ ဆွေးနွေးစေချင်ပါတယ်။ ကျနော်တော့ ဘာဘွဲ့တွေ ရပြီးပြီဗျာ။ ဒီနိုင်ငံမှာ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ်အလုပ်က အလုပ်ရဖို့ ပိုလွယ်သလဲ ဆိုတာတွေက Career ထဲမှာ ဆွေးနွေးစေချင်တယ်။ မဗေဒါရဲ့ Description က နည်းနည်းလေး ပြန့်ကျဲနေတယ်လို့ ကျနော် ယူဆမိလို့ပါ။ အလုပ်အကိုင် အခွင့်အလမ်းကို သိချင်တာလား။ အလုပ်လုပ်ရင်း ရလာတဲ့ လူနေမှု ဘ၀ကို ဆွေးနွေးချင်တာလား။ ဒါဆို Career မှာ ဆွေးနွေးသင့်တယ်။ ပညာရေး လမ်းကြောင်းကို ဆွေးနွေးမလား။ ကျောင်းသားတစ်ယောက်ရဲ့ လူနေမှုဘ၀ကို သိချင်လား။ ဒါဆို Education မှာ ဆွေးနွေးစေချင်ပါတယ်။ ဒါ ကျနော်ရဲ့ အယူအဆပါ။ ပြန်လည် သုံးသပ် ဝေဖန်နိုင်ပါတယ်။

mabaydar said:
ဟုတ်ပါတယ်.. ပညာရေးနဲ့အလုပ် category ၂ခုကွဲနေပါတယ်.. ဒါပေမဲ့ မဗေဒါသိချင်တာက ၂ခုလုံးပါ..
ဒီ၂ခုကလဲ ဆက်ဆက်နေလို့ပါ.. အမှန်တော့ဒါတင်မဟုတ်ပါဘူး.. သြစတေးလျမှာနေထိုင်ပုံ အကုန်သိချင်တာပါ..
ဒါလဲ ဗဟုသုတ တနည်းအားဖြင့် အထွေထွေပညာ ထဲမှာပါတယ်လို့ ယူဆလို့ရေးလိုက်တာပါ...
တကယ်လို့ မဗေဒါသိချင်တာ ခုလို Category ကွဲနေလို့ ပညာရေးသက်သက်သာ ဒီ category အောက်မှာမေးလို့ရတယ်ဆိုရင်.. စီးပွားရေး၊ လူမှုရေး စသည်ဖြင့် category တစ်ခုခြင်းစီအောက်မှာ မဗေဒါက သြစီနဲ့ပတ်သတ်တဲ့ တော့ပစ်တွေ ၁ခုခြင်းစီလိုက်ဖွင့်မယ်ဆိုရင် အဆင်မပြေပါဘူး..
Category တွေအောက်မှာလဲ စီးပွားရေး၊ နိုင်ငံအကြောင်းသိကောင်းစရာ စတဲ့ Category မရှိပဲ ပညာရေးတစ်ခုသာရှိပါတယ်..
အဲဒါကြောင့် သြစီအကြောင်းကို သုတပညာလို့ သဘောထားလို့ ပညာရေးအောက်မှာရေးခြင်းဖြစ်ပါတယ်...
ဒါကြောင့် ဘယ်လို တော့ပစ်အောက်မှာရေးသင့်တယ်ဆိုတာကို အကြံပြုစေချင်ပါတယ်...
အမှားပါရင် လမ်းပြပါ..
ကျေးဇူးတင်ပါတယ်..

Reply to This

ပထမဆုံး အနေနဲ့ ကျနော် တောင်းပန်ချင်ပါတယ်။ ကျနော်ရဲ့ လုပ်ရပ်တစ်ခုက စိတ်မကောင်းစရာ ဖြစ်သွားတဲ့ အတွက်ပါ။ အတော်လေး လက်တွန့်သွားတယ်လို့ ခံယူသွားတဲ့အတွက်လည်း ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။

ကျနော် ပြန်လည် ရှင်းပြတာကို လက်ခံပြီး ဖတ်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အရင်ဦးဆုံး ကျနော် ပြောချင်တာက ကျနော် မဗေဒါရဲ့ တော့ပစ်ကို ဖျက်ပစ်လိုက်တာ မှန်ပါတယ်။ ဒါပေမယ့် ကျနော် အသိပေးခဲ့ပါတယ်။ နောက်ပြီး ဖျက်ရတဲ့ အကြောင်းအရင်းကိုလည်း ကျနော် ရေးထားပါတယ်။ နောက်ပြီး ဖျက်ပစ်တယ်ဆိုတာ လုံးဝ မတင်ဖို့ မဟုတ်ဘဲ သင့်လျော်တဲ့ Category မှာ နှစ်ခုခွဲပြီး တင်ပေးပါလို့ တောင်းဆိုတာပါ။ ကျနော် တော့ပစ်ကိုလည်း သဘောကျပါတယ်။ တကယ်လည်း အနှစ်ပါတဲ့ တော့ပစ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းကို နှစ်နေရာမှာ ခွဲပြီး ဆွေးနွေးစေချင်လို့ လေးစားသမှုနဲ့ တောင်းဆိုခဲ့တာပါ။ အပြုသဘော လုပ်ရပ်လို့ ကျနော် ခံယူမိပါတယ်။
ကျနော်ရဲ့ စေတနာက တော့ပစ်ရဲ့ ရည်ရွယ်ချက်နဲ့ ထားတားတဲ့ နေရာ (Category) အန်ဝင်စေချင်တဲ့ သဘောပါ။

နောက်မေးခွန်း တစ်ခုကို ဖြေပါ့မယ်။ မော်ဒရိတ်တာ တစ်ဦးဦးရဲ့ ကိုယ်ပိုင် ထင်မြင် ယူဆချက်နဲ့ပဲ တော့ပစ်တစ်ခုကို ဖျက်သလား ဆိုတဲ့ မေးခွန်းပါ။ အဖြေက ဟုတ်ပါတယ်။ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဖျက်လိုက်ကြပါတယ်။ အဲဒါကြောင့်လည်း ဖျက်တဲ့ လူမှာ တာဝန် အပြည့်ရှိပါတယ်။ ဘယ်သူ့တာဝန်လည်း ဆိုတာ သိရအောင်လည်း ကျနော်တို့ မော်ဒရိတ်တာတွေကို Moderation Records မှာ လာရေးဖို့ တောင်းဆိုထားပါတယ်။ ဘယ်လို အခြေအနေမျိုးတွေ၊ ဘယ်လို အကြောင်း ဆိုရင် ဖျက်ခွင့်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ စည်းမျဉ်းတွေ ချမှတ်နေတုန်းပါ။ ဒါကြောင့်လည်း တော့ပစ် အတော်များများကို ကျနော်ပဲ ဖျက်တာ များတယ်။ ကျနော်ပဲ သင့်လျော်တဲ့ Category ကို ရွှေ့တာ များပါတယ်။ ကျနော် လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် တာဝန်အပြည့်ယူပါတယ်။ ကျနော် လုပ်တာ မှားရင်လည်း ဝေဖန် အကြံပြုနိုင်ပါတယ်။ ဒီနေရာမှာပဲ ကျနော်ရဲ့ ခံယူချက်အရ ဘယ်လို အခြေအနေမျိုးတွေမှာ ဖျက်သလဲ ရွှေ့သလဲ ဆိုတာ အကြမ်းဖျင်း တင်ပြပေးပါ့မယ်။ ကျနော့် အနေနဲ့ တော့ပစ် အသစ် ရောက်လာရင် ခေါင်းစဉ်နဲ့ စာကိုယ်ကို ဖတ်ပါတယ်။ ပြီးတော့ ရောက်နေတဲ့ Category နဲ့ တိုက်ဆိုင်ကြည့်ပါတယ်။
၁။ ဒီ Category ထဲမှာ မရှိသင့်ဘူးလို့ ယူဆရင် ကျနော် ရွှေ့ပစ်လိုက်ပါတယ်။ ဥပမာ အချစ်အကြောင်းတွေကို MBS ဆိုတဲ့ အထဲမှာ လာလာပြီး ထည့်ကြပါတယ်။ မသိလို့လား၊ သိလျက်နဲ့လား ဆိုတာ ကျနော် မစဉ်းစားတော့ပါဘူး။ ကျနော် သက်ဆိုင်ရာ Love, Emotion ကဏ္ဍကို ရွှေ့ပစ်လိုက်ပါတယ်။ တကယ်လို့ အဲဒီ ယူဇာက အဲဒီလို မကြာခဏ လုပ်လာရင်တော့ အီးမေးလ်နဲ့ အကြောင်းကြားပါတယ်။ သတိပေးပါတယ်။ မဗေဒါရဲ့ တော့ပစ်မှာ ကျနော် တော့ပစ်တစ်ခုတည်းကို ကဏ္ဍ နှစ်ခုလုံးမှာ ထည့်လို့ မဖြစ်နိုင်လို့ (Ning မှာ အဲလို လုပ်လို့ မရပါဘူး) နှစ်နေရာ ခွဲထည့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
၂။ ခေါင်းစဉ်မှာ ယေဘုယျ ဆန်တဲ့ စာမျိုး ရေးထားရင် တော့ပစ်တင်ထားသူကို အကြောင်းကြားပြီး ဖျက်ပစ်လိုက်ပါတယ်။ မေးလ်ထဲမှာ သူ နဂိုရေးထားတဲ့ စာတွေကို ပြန်ထည့်ပေးလိုက်ပါတယ်။ ခေါင်းစဉ်ပြင်ပြီး ပြန်တင်လို့ ရအောင်ပါ။ ဥပမာ အနေနဲ့ “ကူညီကြပါဦး” ဆိုတဲ့ ခေါင်းစဉ်မျိုးပါ။ ယေဘုယျ အလွန် ဆန်နေပါတယ်။
၃။ စာကိုယ်မှာ ဘာရေးလို ရေးထားမှန်း မသိတာတွေ တချို့ ရှိပါတယ်။ နောက်ပြီး တချို့ ခေါင်းစဉ်နဲ့ စာကိုယ် အဆက်အဟတ် မတည့်တာတွေ ရှိပါတယ်။ အဲဒီလို ဆိုရင် ကျနော် သူတို့ဆီ မေးလ်ပို့ပြီး ပြင်ခိုင်းပါတယ်။ ၅ ရက်လောက်မှ မပြင်သေးရင် အကြောင်းကြားပြီး ဖျက်ပစ်လိုက်ပါတယ်။
တကယ်ဆို ခေါင်းစဉ်နဲ့ စာကိုယ်ကို ဖတ်လိုက်ရင်ပဲ စာရေးသူ ဘာကို ဆိုလိုသလဲ ဆိုတာ သိသာပါတယ်။ ဖျက်မယ်ဆိုရင်လည်း အကြောင်းပြချက် အမြဲ ပြောသလို၊ တချို့ ဆိုရင်လည်း အကြံပြုပြီး ပြန်တင်ပေးဖို့ တောင်းဆိုထားပါတယ်။ လွဲနေတဲ့ နေရာတွေ ထောက်ပြပြီး ပြန်တင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျနော် အနေနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဖျက်တယ်ကွာ ဘာဖစ်လဲ ဆိုတဲ့ ပုံစံမျိုးနဲ့ မလုပ်ခဲ့ရိုး အမှန်ပါ။
ကျနော်တို့ အနေနဲ့ တော့ပစ်ရဲ့ အကြောင်းအရာပိုင်းနဲ့ ပတ်သက်ပြီး ၀င်ရောက် စွတ်ဖက်လေ့ မရှိပါဘူး။ အစိုးရ ဆန့်ကျင်ရေးနဲ့ ညစ်ညမ်းစာတွေ မပါရင် လက်ခံတာချည်းပါ။ ထပ်နေတယ်လို့ ယူဆရတဲ့ အကြောင်းအရာတွေကိုတော့ ဖျက်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အကြောင်းကြားပါတယ်။ အကြောင်းပြပါတယ်။ နောက်ပြီး Ning မှာ အက်ဒမင် အနေနဲ့ တခြားသူရဲ့ ခေါင်းစဉ် နဲ့ စာကိုယ်ကို ပြင်ပိုင်ခွင့် မရှိပါဘူး။ စာလုံးပေါင်း မှားတွေ့တာတောင် အမြင်မတော်ပေမယ့် ထိုင်ကြည့်ရတဲ့ ဘ၀ပါ။ အက်ဒမင်တွေ လုပ်နိုင်တာက (၁) ကဏ္ဍတွေ ရွှေ့နိုင်တယ် (၂) တော့ပစ်ကို ဖျက်ပစ်နိုင်တယ် (၃) တော့ပစ်ကို ပိတ်ပစ်နိုင်တယ်။ အဲဒီလို အကြမ်းစားတွေပဲ လုပ်လို့ရတယ်။ ဟိုဟာလေး ဒီဟာလေး ပြင်ပေးပါလား ဆိုတာ မူလ တော့ပစ်တင်သူကို တောင်းဆိုရုံမှ အပ အခြား မရှိပါဘူး။
အခု တင်ပြခဲ့သလောက် မဗေဒါ မရှင်းလင်းတာ ရှိသေးရင်လည်း မေးနိုင်မြန်းနိုင်ပါတယ်။

mabaydar said:
MBS ကို အင်တာနက်ပျက်နေတာနဲ့မဝင်ဖြစ်တာနဲ့.. မဗေဒါရဲ့ အကြောင်းပြချက်မလုံလောက်ပဲ ဖျက်ခံလိုက်ရတဲ့ တော့ပစ်လေးအကြောင်းကိုတောင် ပြန်ဖြေတဲ့သူမရှိတော့ပါဘူး..
သိချင်တာလေးတစ်ခုမေးလို့ရမလားမသိပါဘူး.. MBS မှာ ပိုစ့်တွေကို ဖျက်မယ်ဆိုရင် မော်ဒီရေတာ တစ်ဦးတစ်ယောက်ထဲက မသင့်တော်ဘူးထင်တာနဲ့ တော့ပစ်တင်ပြီးပြီးချင် ၅မိနစ်လောက်အတွင်းမှာပဲ
ဖျက်လို့ရပါသလား.. ဒါမှမဟုတ် အများသဘောကို တိုင်ပင်ပါသလား.. တခြားမော်ဒီရေတာတွေနဲ့ရောတိုင်ပင်ပြီးမှလုပ်ပါသလား... တော့ပစ်ပိုင်ရှင်ကို ဘာကြောင့်သူဒီလိုရေးသလဲ.. ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ရှင်းပြတိုင်ပင်ခွင့်မပေးပဲ.. မော်ဒီရေတာ တစ်ဦးတစ်ယောက်ထဲရဲ့ ဦးနှောက်နဲ့ သင့်တော်မသင့်တော်ကို ဆုံးဖြတ်ပါသလား... ဘာလို့လဲဆိုတော့ ကျမတော့ပစ်က ကျမရေးပြီးပြီးချင်း ကျမနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ.. အဖျက်ခံခဲ့ရလို့ပါ.. အဲလိုဖြစ်ခြင်းဟာ.. တခြားသော မလွတ်လပ်တဲ့ ဆိုဒ်များနဲ့ ထူးမခြားနားဘူးလို့ထင်မိပါတယ်.. ကျမပြောတဲ့အထဲမှာ လူအများဖတ်လို့မသင့်တော်တဲ့ တော့ပစ်မျိုးကိုပြောတာမဟုတ်ပါဘူး.. အဲလိုတော့ပစ်မျိုးကတော့ ချက်ခြင်းဖျက်ပစ်သင့်ပါတယ်..
ဘာပဲပြောပြော ကျမကတော့ MBS ဖိုရမ်မှာ ဆက်ရေးဖို့တောင် အတော်လေးလက်တွန့်သွားပါပြီ.... ရေးပြီးလဲ ကိုယ့်တော့ပစ်က မော်ဒီရေတာတစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖျက်ခံရချင်ဖျက်ခံရနိုင်လို့ပါ..
အမှားပါရင် ခွင့်လွှတ်ကြပါ.. မည်သို့မှ မရည်ရွယ်ပါဘူး.. လုပ်ထုံးလုပ်နည်းလေးတွေကို မန်ဘာတစ်ယောက်အနေနဲ့ သိသင့်တယ်ထင်လို့ပါ...

Reply to This

ခုလို ပြန်လည်ရှင်းလင်းဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်..
ကျွန်မအနေနဲ့ကလည်း အများအတွက် ဒီလိုကိစ္စမျိုးလေးတွေဖြစ်လာရင် သိထားအောင် အပြုသဘောဆောင်ပြီး မေးခြင်းသာဖြစ်ပါတယ်...
ဒီကိစ္စလေးဟာလဲ ကိုပီကေနဲ့ ကျွန်မ အတွေးအမြင်ယူဆပုံခြင်း မတူညီခြင်းသာဖြစ်ပါတယ်..
ကျွန်မအယူအဆကလည်း အလုပ်အကိုင်ဆိုရာဝယ် Bussiness အနေနဲ့ တစ်ဦးတစ်ယောက်၏ အကျိုးစီးပွားအတွက်ငွေရှာခြင်းကို မဆိုလိုပဲ...
နိုင်ငံရပ်ခြားမှာ ပညာသင်မဲ့သူတစ်ယောက်ရပ်တည်နိုင်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အချိန်ပိုင်းအလုပ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်...
ဒီလိုအပ်ချက်ဟာ နိုင်ငံခြားပညာသင်မဲ့ကျောင်းသားများအတွက် ပညာရေးနှင့်အတူပူးတွဲသိသင့်တဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ပညာသင်ဖူးတဲ့သူတိုင်းသဘောပေါက်ပါတယ်...
ထိုသို့ကျွန်မယူဆမိသောကြောင့် ပညာရေးအောက်တွင်ရေးခြင်းဖြစ်ပါတယ်..

ပီကေ said:
ပထမဆုံး အနေနဲ့ ကျနော် တောင်းပန်ချင်ပါတယ်။ ကျနော်ရဲ့ လုပ်ရပ်တစ်ခုက စိတ်မကောင်းစရာ ဖြစ်သွားတဲ့ အတွက်ပါ။ အတော်လေး လက်တွန့်သွားတယ်လို့ ခံယူသွားတဲ့အတွက်လည်း ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။

ကျနော် ပြန်လည် ရှင်းပြတာကို လက်ခံပြီး ဖတ်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အရင်ဦးဆုံး ကျနော် ပြောချင်တာက ကျနော် မဗေဒါရဲ့ တော့ပစ်ကို ဖျက်ပစ်လိုက်တာ မှန်ပါတယ်။ ဒါပေမယ့် ကျနော် အသိပေးခဲ့ပါတယ်။ နောက်ပြီး ဖျက်ရတဲ့ အကြောင်းအရင်းကိုလည်း ကျနော် ရေးထားပါတယ်။ နောက်ပြီး ဖျက်ပစ်တယ်ဆိုတာ လုံးဝ မတင်ဖို့ မဟုတ်ဘဲ သင့်လျော်တဲ့ Category မှာ နှစ်ခုခွဲပြီး တင်ပေးပါလို့ တောင်းဆိုတာပါ။ ကျနော် တော့ပစ်ကိုလည်း သဘောကျပါတယ်။ တကယ်လည်း အနှစ်ပါတဲ့ တော့ပစ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းကို နှစ်နေရာမှာ ခွဲပြီး ဆွေးနွေးစေချင်လို့ လေးစားသမှုနဲ့ တောင်းဆိုခဲ့တာပါ။ အပြုသဘော လုပ်ရပ်လို့ ကျနော် ခံယူမိပါတယ်။
ကျနော်ရဲ့ စေတနာက တော့ပစ်ရဲ့ ရည်ရွယ်ချက်နဲ့ ထားတားတဲ့ နေရာ (Category) အန်ဝင်စေချင်တဲ့ သဘောပါ။

နောက်မေးခွန်း တစ်ခုကို ဖြေပါ့မယ်။ မော်ဒရိတ်တာ တစ်ဦးဦးရဲ့ ကိုယ်ပိုင် ထင်မြင် ယူဆချက်နဲ့ပဲ တော့ပစ်တစ်ခုကို ဖျက်သလား ဆိုတဲ့ မေးခွန်းပါ။ အဖြေက ဟုတ်ပါတယ်။ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဖျက်လိုက်ကြပါတယ်။ အဲဒါကြောင့်လည်း ဖျက်တဲ့ လူမှာ တာဝန် အပြည့်ရှိပါတယ်။ ဘယ်သူ့တာဝန်လည်း ဆိုတာ သိရအောင်လည်း ကျနော်တို့ မော်ဒရိတ်တာတွေကို Moderation Records မှာ လာရေးဖို့ တောင်းဆိုထားပါတယ်။ ဘယ်လို အခြေအနေမျိုးတွေ၊ ဘယ်လို အကြောင်း ဆိုရင် ဖျက်ခွင့်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ စည်းမျဉ်းတွေ ချမှတ်နေတုန်းပါ။ ဒါကြောင့်လည်း တော့ပစ် အတော်များများကို ကျနော်ပဲ ဖျက်တာ များတယ်။ ကျနော်ပဲ သင့်လျော်တဲ့ Category ကို ရွှေ့တာ များပါတယ်။ ကျနော် လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် တာဝန်အပြည့်ယူပါတယ်။ ကျနော် လုပ်တာ မှားရင်လည်း ဝေဖန် အကြံပြုနိုင်ပါတယ်။ ဒီနေရာမှာပဲ ကျနော်ရဲ့ ခံယူချက်အရ ဘယ်လို အခြေအနေမျိုးတွေမှာ ဖျက်သလဲ ရွှေ့သလဲ ဆိုတာ အကြမ်းဖျင်း တင်ပြပေးပါ့မယ်။ ကျနော့် အနေနဲ့ တော့ပစ် အသစ် ရောက်လာရင် ခေါင်းစဉ်နဲ့ စာကိုယ်ကို ဖတ်ပါတယ်။ ပြီးတော့ ရောက်နေတဲ့ Category နဲ့ တိုက်ဆိုင်ကြည့်ပါတယ်။
၁။ ဒီ Category ထဲမှာ မရှိသင့်ဘူးလို့ ယူဆရင် ကျနော် ရွှေ့ပစ်လိုက်ပါတယ်။ ဥပမာ အချစ်အကြောင်းတွေကို MBS ဆိုတဲ့ အထဲမှာ လာလာပြီး ထည့်ကြပါတယ်။ မသိလို့လား၊ သိလျက်နဲ့လား ဆိုတာ ကျနော် မစဉ်းစားတော့ပါဘူး။ ကျနော် သက်ဆိုင်ရာ Love, Emotion ကဏ္ဍကို ရွှေ့ပစ်လိုက်ပါတယ်။ တကယ်လို့ အဲဒီ ယူဇာက အဲဒီလို မကြာခဏ လုပ်လာရင်တော့ အီးမေးလ်နဲ့ အကြောင်းကြားပါတယ်။ သတိပေးပါတယ်။ မဗေဒါရဲ့ တော့ပစ်မှာ ကျနော် တော့ပစ်တစ်ခုတည်းကို ကဏ္ဍ နှစ်ခုလုံးမှာ ထည့်လို့ မဖြစ်နိုင်လို့ (Ning မှာ အဲလို လုပ်လို့ မရပါဘူး) နှစ်နေရာ ခွဲထည့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
၂။ ခေါင်းစဉ်မှာ ယေဘုယျ ဆန်တဲ့ စာမျိုး ရေးထားရင် တော့ပစ်တင်ထားသူကို အကြောင်းကြားပြီး ဖျက်ပစ်လိုက်ပါတယ်။ မေးလ်ထဲမှာ သူ နဂိုရေးထားတဲ့ စာတွေကို ပြန်ထည့်ပေးလိုက်ပါတယ်။ ခေါင်းစဉ်ပြင်ပြီး ပြန်တင်လို့ ရအောင်ပါ။ ဥပမာ အနေနဲ့ “ကူညီကြပါဦး” ဆိုတဲ့ ခေါင်းစဉ်မျိုးပါ။ ယေဘုယျ အလွန် ဆန်နေပါတယ်။
၃။ စာကိုယ်မှာ ဘာရေးလို ရေးထားမှန်း မသိတာတွေ တချို့ ရှိပါတယ်။ နောက်ပြီး တချို့ ခေါင်းစဉ်နဲ့ စာကိုယ် အဆက်အဟတ် မတည့်တာတွေ ရှိပါတယ်။ အဲဒီလို ဆိုရင် ကျနော် သူတို့ဆီ မေးလ်ပို့ပြီး ပြင်ခိုင်းပါတယ်။ ၅ ရက်လောက်မှ မပြင်သေးရင် အကြောင်းကြားပြီး ဖျက်ပစ်လိုက်ပါတယ်။
တကယ်ဆို ခေါင်းစဉ်နဲ့ စာကိုယ်ကို ဖတ်လိုက်ရင်ပဲ စာရေးသူ ဘာကို ဆိုလိုသလဲ ဆိုတာ သိသာပါတယ်။ ဖျက်မယ်ဆိုရင်လည်း အကြောင်းပြချက် အမြဲ ပြောသလို၊ တချို့ ဆိုရင်လည်း အကြံပြုပြီး ပြန်တင်ပေးဖို့ တောင်းဆိုထားပါတယ်။ လွဲနေတဲ့ နေရာတွေ ထောက်ပြပြီး ပြန်တင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျနော် အနေနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဖျက်တယ်ကွာ ဘာဖစ်လဲ ဆိုတဲ့ ပုံစံမျိုးနဲ့ မလုပ်ခဲ့ရိုး အမှန်ပါ။
ကျနော်တို့ အနေနဲ့ တော့ပစ်ရဲ့ အကြောင်းအရာပိုင်းနဲ့ ပတ်သက်ပြီး ၀င်ရောက် စွတ်ဖက်လေ့ မရှိပါဘူး။ အစိုးရ ဆန့်ကျင်ရေးနဲ့ ညစ်ညမ်းစာတွေ မပါရင် လက်ခံတာချည်းပါ။ ထပ်နေတယ်လို့ ယူဆရတဲ့ အကြောင်းအရာတွေကိုတော့ ဖျက်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အကြောင်းကြားပါတယ်။ အကြောင်းပြပါတယ်။ နောက်ပြီး Ning မှာ အက်ဒမင် အနေနဲ့ တခြားသူရဲ့ ခေါင်းစဉ် နဲ့ စာကိုယ်ကို ပြင်ပိုင်ခွင့် မရှိပါဘူး။ စာလုံးပေါင်း မှားတွေ့တာတောင် အမြင်မတော်ပေမယ့် ထိုင်ကြည့်ရတဲ့ ဘ၀ပါ။ အက်ဒမင်တွေ လုပ်နိုင်တာက (၁) ကဏ္ဍတွေ ရွှေ့နိုင်တယ် (၂) တော့ပစ်ကို ဖျက်ပစ်နိုင်တယ် (၃) တော့ပစ်ကို ပိတ်ပစ်နိုင်တယ်။ အဲဒီလို အကြမ်းစားတွေပဲ လုပ်လို့ရတယ်။ ဟိုဟာလေး ဒီဟာလေး ပြင်ပေးပါလား ဆိုတာ မူလ တော့ပစ်တင်သူကို တောင်းဆိုရုံမှ အပ အခြား မရှိပါဘူး။
အခု တင်ပြခဲ့သလောက် မဗေဒါ မရှင်းလင်းတာ ရှိသေးရင်လည်း မေးနိုင်မြန်းနိုင်ပါတယ်။

mabaydar said:
MBS ကို အင်တာနက်ပျက်နေတာနဲ့မဝင်ဖြစ်တာနဲ့.. မဗေဒါရဲ့ အကြောင်းပြချက်မလုံလောက်ပဲ ဖျက်ခံလိုက်ရတဲ့ တော့ပစ်လေးအကြောင်းကိုတောင် ပြန်ဖြေတဲ့သူမရှိတော့ပါဘူး..
သိချင်တာလေးတစ်ခုမေးလို့ရမလားမသိပါဘူး.. MBS မှာ ပိုစ့်တွေကို ဖျက်မယ်ဆိုရင် မော်ဒီရေတာ တစ်ဦးတစ်ယောက်ထဲက မသင့်တော်ဘူးထင်တာနဲ့ တော့ပစ်တင်ပြီးပြီးချင် ၅မိနစ်လောက်အတွင်းမှာပဲ
ဖျက်လို့ရပါသလား.. ဒါမှမဟုတ် အများသဘောကို တိုင်ပင်ပါသလား.. တခြားမော်ဒီရေတာတွေနဲ့ရောတိုင်ပင်ပြီးမှလုပ်ပါသလား... တော့ပစ်ပိုင်ရှင်ကို ဘာကြောင့်သူဒီလိုရေးသလဲ.. ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ရှင်းပြတိုင်ပင်ခွင့်မပေးပဲ.. မော်ဒီရေတာ တစ်ဦးတစ်ယောက်ထဲရဲ့ ဦးနှောက်နဲ့ သင့်တော်မသင့်တော်ကို ဆုံးဖြတ်ပါသလား... ဘာလို့လဲဆိုတော့ ကျမတော့ပစ်က ကျမရေးပြီးပြီးချင်း ကျမနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ.. အဖျက်ခံခဲ့ရလို့ပါ.. အဲလိုဖြစ်ခြင်းဟာ.. တခြားသော မလွတ်လပ်တဲ့ ဆိုဒ်များနဲ့ ထူးမခြားနားဘူးလို့ထင်မိပါတယ်.. ကျမပြောတဲ့အထဲမှာ လူအများဖတ်လို့မသင့်တော်တဲ့ တော့ပစ်မျိုးကိုပြောတာမဟုတ်ပါဘူး.. အဲလိုတော့ပစ်မျိုးကတော့ ချက်ခြင်းဖျက်ပစ်သင့်ပါတယ်..
ဘာပဲပြောပြော ကျမကတော့ MBS ဖိုရမ်မှာ ဆက်ရေးဖို့တောင် အတော်လေးလက်တွန့်သွားပါပြီ.... ရေးပြီးလဲ ကိုယ့်တော့ပစ်က မော်ဒီရေတာတစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဖျက်ခံရချင်ဖျက်ခံရနိုင်လို့ပါ..
အမှားပါရင် ခွင့်လွှတ်ကြပါ.. မည်သို့မှ မရည်ရွယ်ပါဘူး.. လုပ်ထုံးလုပ်နည်းလေးတွေကို မန်ဘာတစ်ယောက်အနေနဲ့ သိသင့်တယ်ထင်လို့ပါ...

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service