Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အားလုံးအတွက် မဟုတ်ဘဲနဲ့ ပါဆင်နယ် ပြုလုပ်ထားတဲ့ Group တွေ၊ အမျိုးအစား ထပ်နေတဲ့ Group တွေ၊ MBS ရဲ့ အခြေခံ စည်းမျဉ်းနဲ့ မညီညွတ်တဲ့ ပိုစ့်တွေ၊ Discussion တွေကို မော်ဒီရိတ် လုပ်ပါမယ်။ လုပ်တဲ့ အရာတွေကို မော်ဒီရေတာတွေက ဒီနေရာလေးမှာ အကျိုးအကြောင်း ပြောပြပြီး မှတ်သားထားစေချင်ပါတယ်။ ဒါမှ ဘယ်သူဖျက်တယ်၊ ဘာကြောင့်ဖျက်တယ် ဆိုတာ သိရမှာပါ။

Share

Reply to This

Replies to This Discussion

ဟရောင်...ယောက်ဖ..ငဒီ....မင်းပဲပြောတော့...ဟားဟားဟားဟား...ဂျားမလွန်းကဘာလဲဆိုတာနဲနဲ
တော့သိသလောက်ဖွပါကွ...ဒါမှငါလဲပညာရမှာ...ဟားဟားဟားဟား

ddieko said:
ဆရာသမားများ ... joomla ကို ဘလော့အတွက်ပဲ ထင်နေကြလားမသိ ...

ခေါင်းစဉ်တွေ ကဏ္ဍတွေကို အစတည်းက group တွေနဲ့ မြင်သာအောင် စနစ်တကျခွဲပေးထားမယ်ဆိုရင် သုံးရသူတွေအတွက်လဲ အဆင်ပြေမယ်လို့ထင်ပါတယ် ... ဒီလိုပြသနာတွေလဲ သိပ်ဖြစ်လာစရာအကြောင်းမရှိပါဘူး ...

အဖွဲ့တွေကိုလဲ ဒီအတိုင်းဖျက်မယ့်အစား သူတို့အတွက် ဘယ်လိုခေါင်းစဉ်မျိုးမှာထားပေးနိုင်ရင် ပိုအဆင်ပြေမလဲဆိုတာ ကြည့်သင့်ပါတယ် (အရမ်း ပါဆင်နယ်ကျတဲ့ အဖွဲ့မျိုးမဟုတ်ခဲ့ရင်ပေါ့)... ဘယ်သူက ကိုယ်ဖွဲ့ထားတဲ့အဖွဲ့ကိုဖျက်တာကြိုက်မှာလဲလေ ...

ခေါင်းစဉ်ကိုက myanmar blogger society ပါ ... မြန်မာဘလော့ဂါတွေ အားလုံးအတွက် ဆုံဆည်းပေးနိုင်မယ့် နေရာလေးတခုဖြစ်သင့်ပါတယ် ... နိုင်ငံရေးဘလော့ဂါတွေ ပါပါမယ် ... နည်းပညာဝေမျှတဲ့ ဘလော့ဂါတွေပါမယ် ... ပါဆင်နယ်ရေးတဲ့ ဘလော့ဂါတွေပါပါမယ် ... အဲဒီဘလော့ဂါတွေအားလုံးစုစည်းပြီး .. သတင်းတွေ နည်းပညာတွေ အသိအမြင်တွေ ဖလှယ်ကြ .. ဆိုရင် ပိုမကောင်းဘူးလားခင်ဗျာ ...

ဟိုဟာမလုပ်ရဘူး .. ဒီဟာမလုပ်ရဘူး ... ပညာရတဲ့ group မျိုးမှ ဖွဲ့သင့်တယ်ဆိုနေရင်တော့ ... သိပ်အဆင်မပြေသေးပါဘူး ...
စဉ်းစားပါဦး ... myanmar blogger society ပါ ...

ဒီဒီကို



ပီကေ said:
ကိုထိုက်မင်းရဲ့ စေတနာကို ကျနော်တို့ လေးစားပါတယ်။ အဲလိုမျိုး ကူညီပေးနိုင်မယ့် လူတွေကိုလည်း ကျနော်တို့ မျှော်လင့်ပါတယ်၊ အားလည်း ပေးပါတယ်။ ကိုထိုက်မင်းရဲ့ ဆန္ဒက Joomla နဲ့ ပတ်သက်တဲ့ ပညာနဲ့ အကူအညီတချို့ ပေးဝေမျှဖို့ ရည်ရွယ်တယ်လို့ သိရတော့ အတိုင်းမသိ ကျေနပ် အားရမိပါတယ်။ တကယ်လို့ ပညာ မျှဝေချင်တယ်ဆိုရင် How To BLOG ဆိုတဲ့ Group လေး ဖွဲ့ထားတာ ရှိပါတယ်။ ဘလော့ဂါ အသစ်၊ အဟောင်းတွေကို Blogging နည်းပညာတွေ ဝေမျှဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် ကိုထိုက်မင်းရဲ့ ဆန္ဒလည်း ပြည့်မီအောင် ကျနော် အကြံပေးချင်တာက How To BLOG ဆိုတဲ့ Group ထဲမှာ Discussion အနေနဲ့ လာရောက် ဝေမျှစေချင်ပါတယ်။ Joomla Blogger က ရှားပါးတဲ့အတွက် လာရောက်သူလည်း မရှိသလောက် ဖြစ်နေမယ်ဆိုတာ ကိုထိုက်မင်းလည်း ရိပ်စားမိမှာပါ။ How To BLOG မှာ လာရောက်ဝေမျှမယ်ဆိုရင် ကျနော်အနေနဲ့ ကြိုဆိုလျက်ပါ။

Hteink Min ထိုက်မင်း said:
သားသားလည်း ဘယ်သူ့မှ မဖွင့်သေးလို့ .. Joomla ဆိုတဲ့ အဖွဲ့လေး ဖွဲ့ထားပါတယ်။ Joomla လေး သုံးပြီး ဘလော့နိုင်ကြမယ်လို့ ထင်တဲ့ သူတွေပေါ့ဗျာ.. ပညာတွေလည်း ဖလည်ချင်လို့ဖြစ်ပါတယ်။ ခုချိန်မှာ ကျွန်တော်တို့တွေဟာ တော်တယ်ပဲပြောပြော ကမ္ဘာနှင့် ယှဉ်ကြည့်ရင် အဝေးမှာ ရောက်နေတာတွေ့ရပါတယ်။

ဒါ့ကြောင်မို့ အရာရာမှာ ငွေကြေးကိစ္စတွေ မပြောချင်ပါဘူး. လူအများ တိုးတတ်လာအောင် လုပ်ဖို့လို့ ကျွန်တော် မြင်ပါတယ်။ ဂျွန်းမလား သုံးချင်ရင် ပိုက်ပိုက်ပေးရဘူးပါတယ်၊ ကျွန်တော်ကတော့ ဂျွန်းမလားကို အများတကာ ငွေအကုန်ကျ သက်သာစေပြီး၊ အဆင်ပြေစွာ ဘလော့နိုင်ကြဖို့ ရည်ရွယ်ပြီး ဖွဲ့ထားပါတယ်။ အဆင်မပြေရင် မော်ဒရီတာ တွေ ကြိုက်တာလုပ်နိုင်ပါတယ်။

ထိုက်မင်း

Reply to This

Main Page က Group တွေကို member များတာနဲ့ စီထားလိုက်တယ်။ နဲနဲပိုကြည့်ကောင်းသလားလို့။
အဆင်မပြေရင် ပြောင်းပြန်ပြောင်းလို့ရပါတယ်။

Reply to This

ွGeneral Discussion အောက်က မြန်မာ့လွတ်လပ်ရေးဆိုတဲ့ တော့ပစ်ကို ပိတ်လိုက်ပါတယ်.. နောက်ဆက်တွဲတွေ ဖြစ်လာမှာ စိုးလို့ပါ

ကျေးဇူးပါ
ပင့်ဂိုလ်း

Reply to This

စည်သူအောင်သည် မနေ့ကတည်းက Leave MBS လုပ်ပြီးဖြစ်သည်။ account ထပ်ဆောက်ကာ ရန်တိုက်ပေးနေသဖြင့် ဘန်းလိုက်ပြီ။

Reply to This

ပီကေ pk@mbs.com
စိုးမင်း soemin@mbs.com
မွန် mon@mbs.com
စေတန်ဂေါ့ saturngod@mbs.com
စည်သူအောင် sithuaung@mbs.com
khantpwar khantpwar@mbs.com
phpcrazy phpcrazy@mbs.com
ပီကေ ppk@mbs.com

စတဲ့ နစ်တွေ အီးမေးတွေနဲ့ signup လုပ်ပြီး ၀င်ရောက်ဆဲဆိုနေပါတယ်။ အားလုံးကို ဘန်းထားပါတယ်။

Reply to This

အက်ဒမင် အစ်ကိုကြီးများခင်ဗျာ ကျွန်တော် မှားလုပ်မိတဲ့

http://myanmarbloggersociety.ning.com/profile/hi8qymx41viz"/>

ကိုရင်ညိန်း ဆိုတဲ့ အကောင့်ကို ကျေးဇူးပြုပြီး ဘန်းပေးပါခင်ဗျာ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

Reply to This

ကိုရင်ညိန်းနာမည်နဲ့ အကောင့်နှစ်ခု ထပ်နေလို့ ကာယကံရှင် ဆန္ဒနဲ့ ပိုနေတဲ့တစ်ခုကို ဖျက်ပေးလိုက်ပါတယ်။

ကိုရင်ညိန်း said:
အက်ဒမင် အစ်ကိုကြီးများခင်ဗျာ ကျွန်တော် မှားလုပ်မိတဲ့

http://myanmarbloggersociety.ning.com/profile/hi8qymx41viz"/>

ကိုရင်ညိန်း ဆိုတဲ့ အကောင့်ကို ကျေးဇူးပြုပြီး ဘန်းပေးပါခင်ဗျာ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

Reply to This

တနေ့ က MBS ကိုဂျွိုင်းလာပြီး မနေ့ကနဲ့ ဒီနေ့ မနက်အထိ MBS ကို ဝေဖန်ချက်တွေ ထုတ်ပေးခဲ့တဲ့
Tin Nwe (အဘွားကြီးပုံနဲ့) အမျိုးသားတစ်ယောက် ဒီနေ့ နေလည်မှာ ကွယ်လွန်အဲ... သူ့အလိုအလျှောက် MBSကို ကျောခိုင်းသွားပါကြောင်း အသိပေးအပ်ပါသည်။

နောက်ဆုံးသူနဲ့ ပြောလိုက်ရသော အကြောင်းအရာများမှာ
- Soe Min : ကျနော်ခင်ဗျား ဘယ်သူဆိုတာ ရအောင် ဖော် ပြမယ်။
- Tin Nwe : OK Welcome ပါ တက်ကနစ်ရှန်ကြီး။
- Tin Nwe : ထမင်းသွားစားလိုက်ဦးမယ်။ ဘိုင်ဘိုင်။
အဲဒီနောက် ၁၀မိနစ်ခန့်အကြာမှာ MBS ကို Leave လုပ်လိုက်တယ်လို့ ထင်ရပါတယ်။
ning မှာ leave လုပ်ရင် ရှိသမျှ post data အကုန်ပျောက်ပါတယ်။

မာ့ခ်

Reply to This

ကျနော် ကတော့ မသင့်ဘူးလို့မြင်ပါတယ်။ အဲဒီသူ ဘယ်သူဆိုတာ နဲနဲလေ့လာရဦးမယ်။
2 votes for delete that post now then. နောက်ထပ်မကြိုက်တဲ့သူ နဲနဲရလာရင် ဖျက်သင့်ဖျက်ထိုက်တာတွေ လုပ်ရပါမယ်။

ကဒေါင်းညင်သာ said:
ဒီလိုမျိုး myanmar society နဲ့ controversial ဖြစ်တဲ့ လိင်တူတွေအကြောင်းဆိုရင်ကော လက်ခံသင့်သလားခင်ဗျ

ဒေစီဂျိမ်းဆိုတဲ့ ဘလော့ပို့စ်များ

Reply to This

ကျေးဇူးပါ ကိုကဒေါင်း။ ကျနော် ဒီလို ရှိမယ်မှန်း ကိုကဒေါင်း ညွှန်ပြမှ သိတော့တယ်။
လက်ရှိ မြန်မာ့ ယဉ်ကျေးမှု ပြဌာန်းချက်အရ သွေဖယ်နေတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် ဒီကိစ္စက ကမ္ဘာနိုင်ငံအသီးသီးမှာ ကြုံတွေ့နေရသလို မြန်မာနိုင်ငံမှာ လိင်တူဆိုတာ တစ်နေ့တစ်ခြား ပွားများလာတာ တွေ့ရပါတယ်။ ထိန်းမနိုင် သိမ်းမရ နိုင်ငံတချို့ကတော့ ဒီကိစ္စကို အတိအလင်း လက်ခံလိုက်ရပြီ။ တချို့တော့ စဉ်းစားနေရပြီ။
ကျနော်ရဲ့ ပုဂ္ဂလ ဆန္ဒကို ပြောရရင်တော့ သူ့ရဲ့ စေတနာကိုပဲ ကျနော် ကြည့်ချင်ပါတယ်။ စေတနာပြဌာန်းချက်ပေါ် မူတည်ပြီး ဘန်းသင့်ရင် ဘန်းပါ့မယ်။ ဗဟုသုတ ပေးရုံသက်သက် ဆိုရင်တော့ ကျနော်တို့အတွက်လည်း ပညာတစ်ခု တိုးတာပေါ့။
လိုအပ်ရင် အက်ဒမင်အဖွဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်တစ်ခု ချကြရတာပေါ့။ အခုလောလောဆယ် တင်ပြတာကတော့ ကျနော်ရဲ့ ပုဂ္ဂလအမြင်ပါ။
အခုခေတ် အမေတွေ ပြောနေတဲ့ အသံတွေ ကြားရတယ်။ အရင်ခေတ်က ကိုယ့်သမီးလေး လင်ယောက်ျား အရွေးမှားမှာ စိုးရိမ်ခဲ့ရတယ်။ အခုခေတ်တော့ ကိုယ့်သားလေး မယားတု အရွေးမှားမှာ စိုးရိမ်နေရတယ် တဲ့ဗျာ။

ကဒေါင်းညင်သာ said:
ဒီလိုမျိုး myanmar society နဲ့ controversial ဖြစ်တဲ့ လိင်တူတွေအကြောင်းဆိုရင်ကော လက်ခံသင့်သလားခင်ဗျ
ဒေစီဂျိမ်းဆိုတဲ့ ဘလော့ပို့စ်များ

Reply to This

ဟုတ်ပါတယ် ။ မနေ့ညကတည်းက အဲဒီပို့စ်တွေကို ဖတ်မိလိုက်ပြီး အကြံပေးချင်ခဲ့တာပါ ။ MBS ထဲမှာ မိန်းကလေး မမ်ဘာများစွာရှိနေတဲ့ အတွက် ဗဟုသုတပေးချင်လို့ဆိုရင်တောင် စကားလုံးအသုံးအနှုန်းတွေ သိပ်ပြီးမသင့်လျှော်ဘူးလို့ ထင်ပါတယ် ။

ကဒေါင်းညင်သာ said:
ဒီလိုမျိုး myanmar society နဲ့ controversial ဖြစ်တဲ့ လိင်တူတွေအကြောင်းဆိုရင်ကော လက်ခံသင့်သလားခင်ဗျ
ဒေစီဂျိမ်းဆိုတဲ့ ဘလော့ပို့စ်များ

Reply to This

မှန်ပါတယ်ဗျို့ ....ဒီအကြောင်းလေးတွေ မတင်ရင်ကောင်းမယ်ဗျ..အထူးသဖြင့် မြန်မာမိန်းခလေးတွေ အတွက် ဖတ်လို့မကောင်းပါဘူး..ကိုယ့်ရဲ့ ကိုယ်ပိုင်ဆိုဒ်မှာ တင်တာ မပြောလိုပါဘူး..ဘန်းစကားကို လူငယ်တွေ သုံးမိရင်လည်း အထင်သေးစရာတွေ ဖြစ်လာပါလိမ့်မယ်..MBS အနေနဲ့ တားဆီးပေးပါလို့ တောင်းဆိုပါတယ်..

ကဒေါင်းညင်သာ said:
ဒီလိုမျိုး myanmar society နဲ့ controversial ဖြစ်တဲ့ လိင်တူတွေအကြောင်းဆိုရင်ကော လက်ခံသင့်သလားခင်ဗျ

ဒေစီဂျိမ်းဆိုတဲ့ ဘလော့ပို့စ်များ

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service