Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

အားလုံးအတွက် မဟုတ်ဘဲနဲ့ ပါဆင်နယ် ပြုလုပ်ထားတဲ့ Group တွေ၊ အမျိုးအစား ထပ်နေတဲ့ Group တွေ၊ MBS ရဲ့ အခြေခံ စည်းမျဉ်းနဲ့ မညီညွတ်တဲ့ ပိုစ့်တွေ၊ Discussion တွေကို မော်ဒီရိတ် လုပ်ပါမယ်။ လုပ်တဲ့ အရာတွေကို မော်ဒီရေတာတွေက ဒီနေရာလေးမှာ အကျိုးအကြောင်း ပြောပြပြီး မှတ်သားထားစေချင်ပါတယ်။ ဒါမှ ဘယ်သူဖျက်တယ်၊ ဘာကြောင့်ဖျက်တယ် ဆိုတာ သိရမှာပါ။

Share

Reply to This

Replies to This Discussion

ဆောင်း - Saund ရဲ့ Request အရ သူ့ရဲ့ နှစ်ခု ဖြစ်နေတဲ့ Account ထဲက Saund နာမည်နဲ့ Account ကို ဖျက်သိမ်းပေးလိုက်ပါတယ်။

ဆောင်း - Saund request:
URL Reported:http://myanmarbloggersociety.ning.com/profile/Saund Issue:Other

Additional Information:When I log on MBS, the password is invalid. I try to reset my password but I got to create a new profile.

I found that I have two profile with single email. Both are saund. Second valid profile is ဆောင်း - saund.

I could not delete saund profile which has 5 favourate blogs including Han Tit Nyein...

I could like to keep ဆောင်း - saund where I empty contents of 5 favourate blogs.

Thks

Network: myanmarbloggersociety
User: ဆောင်း - saund (25zkkbjb741z4)

Reply to This

Event : kyaw soe
Description မှာ ဒီလိုရေးထားပါတယ်။ “ဘလော့ seminar ကို Augest 19 ည 6နာရီလို့တော့ သိရပြီ ဘယ်နေရာမှာ ကျင်းပမှာလဲဗျ။ ဘလော့ seminar တခါမှတော့ မတက်ဖူးဘူးလေ အဲဒါ ဖိတ်စာလိုလား မည်သူမဆိုလား။ ပြန်ဖြေပေးပါအုံး။”

ဒါ Event သဘော မသက်ရောက်ဘဲ Discussion သက်သက် ဖြစ်နေပါတယ်။ ကျနော်တို့ Event အဖြစ်နဲ့ လက်မခံနိုင်တာကြောင့် အဲဒီ Event ကို ဖျက်ပစ်လိုက်ပါတယ်။

Reply to This

လောလောဆယ် မော်ဒီရေတာ ၉ယောက် ထားထားပါတယ်။

ကိုစိုးမင်း
ကိုမျက်လုံး
စေတန်ဂေါ့
ဘာညာ
ဘလာဂေါက်
ညီလင်းဆက်
ကိုပီကေ
ကိုသင့်ကာ
ကိုမောင်လှ


ဒီဆိုဒ်ရဲ့ တက်ကနစ်ကယ်ပိုင်းကို ကိုစိုးမင်းနဲ့ စေတန်က အဓိက ကိုင်တွယ်ပေးနေပါတယ်။ အားလုံး တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြည့်ကြတာပေါ့ဗျာ။ Statistic လေးတွေလည်း တင်ပေးထားပါတယ်။

Reply to This

Moekaungkin ဆိုတဲ့ ယူဇာ တင်ထားတဲ့ပုံတွေက တချို့ပုံတွေက မတင်သင့်ဘူးလို့ ထင်ပါတယ်..... profile page မှာ တင်ထားတာရှိပါတယ်... မော်ဒရိတ်လုပ်စေချင်ပါတယ် ခင်ဗျာ..

Reply to This

shweminnthar said:
ကိုညီလင်းဆက်ရေ...ဘလော့ဂါ Group တွေကတော့ ကောင်းပါတယ်ဗျာ..ဘလော့ဂါနဲ့ မပတ်သက်တဲ့ အကြောင်းအရာလေးတွေတစ်ချို့ ကိုတော့ ပိတ်သင့်တယ်လို့ထင်ပါတယ်ဗျာ...ပညာရမယ့် Group လေးတွေပဲ ဖွဲ့ စေချင်တာပါ...အကြံပြုတာပါ..

ပညာရမယ့် group ပဲ လုပ်ရမှာလား.. ဒါဆို ပြန်ဖျက်လိုက်မယ်နော်..။

Reply to This

ပညာရမယ့် Group တွေကို ဦးစားပေး ဖွဲ့သင့်တာ အမှန်ပါပဲ။ ကပ်သီးကပ်သပ် ပြောရရင် ပညာဆိုတာ အသိပညာ ရှိသလို အတတ်ပညာ ဆိုတာလည်း ရှိသဗျား။ နည်းပညာအတတ် နဲ့ ပတ်သက်တဲ့ Group တွေ ရှိသင့်သလိုပဲ၊ ဘောလုံးတို့လို ဗဟုသုတ အသိ နဲ့ ပတ်သက်တဲ့ Group တွေလည်း ရှိသင့်ပါတယ်။ ပညာဆိုတာရဲ့ နယ်နိမိတ်က ကျယ်ဝန်းပါတယ်။ အဖွဲ့ဝင်တွေအတွက် ကောင်းသော အကျိုးရှိသော ဗဟုသုတ၊ ပညာရပ်တွေ ဖြန့်ကျက် ဝေမျှပေးနိုင်ရင် အဲဒီ Group ဟာ ရှိသင့်ပါတယ်။

layma said:
shweminnthar said:
ကိုညီလင်းဆက်ရေ...ဘလော့ဂါ Group တွေကတော့ ကောင်းပါတယ်ဗျာ..ဘလော့ဂါနဲ့ မပတ်သက်တဲ့ အကြောင်းအရာလေးတွေတစ်ချို့ ကိုတော့ ပိတ်သင့်တယ်လို့ထင်ပါတယ်ဗျာ...ပညာရမယ့် Group လေးတွေပဲ ဖွဲ့ စေချင်တာပါ...အကြံပြုတာပါ..

ပညာရမယ့် group ပဲ လုပ်ရမှာလား.. ဒါဆို ပြန်ဖျက်လိုက်မယ်နော်..။

Reply to This

ကျေးဇူးပါညီ။ ယူဇာကို အသိပေး အကြောင်းကြားထားပါတယ်။

Htoo Tay Zar said:
Moekaungkin ဆိုတဲ့ ယူဇာ တင်ထားတဲ့ပုံတွေက တချို့ပုံတွေက မတင်သင့်ဘူးလို့ ထင်ပါတယ်..... profile page မှာ တင်ထားတာရှိပါတယ်... မော်ဒရိတ်လုပ်စေချင်ပါတယ် ခင်ဗျာ..

Reply to This

မလိုအပ်ပဲ Group တွေအရမ်းများနေတဲ့အတွက်.. တစ်ချို့ Group များကို တိုင်ပင်ပြီးဖျက်လိုက်ပါတယ်.. ပထမဆုံး Arakan ဆိုတာကိုဖျက်ထားပါတယ်.. ။

Reply to This

ကျနော် Okisan ကို ban လိုက်ပါတယ်။ ဒီကစည်းမျဉ်းတွေကို မလိုက်နာတာကြောင့်ရယ်။
ဖွလွန်းတာကြောင့်ရယ်ပါ။ နောက်ဆုံး ကျနော်တွေ့လိုက်ရတာကတော့ သူအကြောင်ရိုက်ပြီးဝယ်ထားတဲ့
zawgyi.org ဆိုတာကို "zawgyi.org domain name on auction" ဆိုတဲ့နာမည်နှင့် ဒေါ်လာတစ်ထောင်ဖြင့် ရောင်းရန်ဆိုပြီး myanmaritpros မှာ လုပ်ထားတာကို လာကြော်ငြာထားတာပါ။ ကျနော် အကုန်ဖျက်ပစ်လိုက်ပါပြီ။
နောက်ပြီး ကျနော်သူ့ကိုအင်ဗိုက်လုပ်ထားတာပါ။ ဒါကြောင့်ကျနော် သူ့ကို ဘန်းမယ်ပြောထားတာကြာပါပြီ။
အခြားသူတွေကို အဲလို လွယ်လွယ်ကူကူဘန်းမှာ မဟုတ်ပါဘူး။ သူ့အကြောင်းသိတွေမို့လို့ MBS မှာ အားလုံးအတွက် အနှောက်အယှက်မဖြစ်စေရန်အတွက် ဖြစ်ပါတယ်။
နားလည်ပေးမယ်လို့ထင်ပါတယ်။

မာ့ခ်

Reply to This

မယမင်းရဲ့ MY Design ဆိုတဲ့ အဖွဲ့လေးကို ဖျက်သိမ်းလိုက်ပါတယ်။

Reply to This

TKG ကိုဂျေရဲ့ အညာသားပါဗျို့ ဆိုတဲ့ အဖွဲ့လေး ဖျက်လိုက်ပါတယ်။ မန္တလေး ဘလော့လည်း ရှိပြီးသားမို့ပါ။ နောက်တစ်ခုက တိုင်းနဲ့ ပြည်နယ်တွေ ဆိုရင်တော့ ထားလိုက်ပါမယ်။ ရန်ကုန်တိုင်းက မရမ်းကုန်း ဘလော့ဂါများ ဆိုပြီးတော့တော့ မဖြစ်စေချင်ပါဘူး။ အရမ်းပွထလာမှာ စိုးလို့ပါခင်ဗျာ။

Reply to This

Rules and Regulations မှာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒီနှစ်ခု ထပ်တိုးထားပါတယ်။

9. Group which doesn't have 10 Members in a month must be deleted.
10. Do not use others' Intellectual Properties or other blogger name, photos, web address.

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service