Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ခုခေတ်လူငယ်တွေအများစုက (လူငယ်တိုင်းကိုမဆိုလိုပါ) HIP HOP ဂီတကိုစိတ်ဝင်စားကြတယ်။
အရင်တုန်းက HIP HOP ဆိုတာရှိတော့ရှိခဲ့ပါတယ်။ ဒါပေမယ့် ခုလောက်ထိသိပ်မကျယ်ပြန့်သေးပါဘူး။
အဲလိုနဲ့ ပန်ခ့်နဲ့rap မှာပြဿနာတွေရှိလာခဲ့ကြတယ်။ သူဂီတကမှစစ်တာ ငါ့ဂီတာကမှအမှန်ဆိုပြီး။ ရန်ကုန်
မှာလည်းခု ထိဒီပြဿနာတွေရှိနေတုန်းပါ။ rapper ကလည်း rapper လိုဆဲ။ ပန်ခ့်ကလည်း ပန်ခ့်လိုဆဲ။
ဂျပန်မှာလည်း rapper ကိုမုန်းတဲ့ ပန်ခ့်တွေခပ်များများပါ။ rapperတွေကလည်း သူဂီတကိုထိတော့ချဲကြ
တယ်။ အဲလိုနဲ့လူငယ်ချင်းပြဿနာတွေကပိုများလာတာပေါ့။ အမှန်တကယ်တော့ music ဆိုတာတစ်ခုထဲပါ။
လူတစ်ယောက်စိတ်တစ်မျိုး ဆိုသလိုဘဲ။ ကိုယ်အကြိုက်သူအကြိုက် ရှိပါတယ်။ ခင်ဗျားတို့ရောဘယ်လိုထင်
ကြလဲ။လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ကြပါတယ်။

Share

Attachments:

Reply to This

Replies to This Discussion

ဂီတ ဆိုတာကတော့ ဖျော်ဖြေမှုတစ်ခုပဲလေ။ အဲဒီတော့ ကိုယ်ဝါသနာပါရာ ကိုယ့်ဂီတနဲ့ကို အကောင်းပြောကြတာ သဘာဝတစ်ခုပါပဲလို့ ပြောချင်ပါတယ်ခင်ဗျာ။

Reply to This

ဂီတဆိုတာ တစ်ဦးဆိုင်နာမ် မဟုတ်တဲ့ အတွက် ခွဲခြားဖို့ မလိုဘူးဆိုတာ မှန်ပါတယ်။ မြန်မာပြည်မှာ Rapper တွေ သိက္ခာမရှိဖြစ်ရတာလဲ ရှင်းပါတယ်။ ပိုက်ဆံရှိသားသမီး တချို့က Beating တစ်ခုအတွင်းမှာ အသက်မရှုတမ်း စကားလုံးတွေ ရေရွတ်နိုင်ရင် Rapper ဖြစ်ပြီ ဆိုပြီး ငွေကြေးအင်အားသုံးကာ အခွေတွေ ဘုံဘောလော ထုတ်ခဲ့လို့ပါပဲ။ တိုင်းတပါးက Rapper တွေဟာ စကားလုံးရွတ်တတ်ရုံနဲ့ ဂီတသမား ဖြစ်လာကြတာ မဟုတ်ပါဘူး။ သူတို့ဟာ ဂီတကို အခြေခံကစ စနစ်တကျ သင်ယူလေ့လာပြီး Rapper ဖြစ်လာသူတွေပါ။ မြန်မာပြည်က Rapper အတော်များများလို စတူဒီယိုမှာ မိဘရဲ့ ပိုက်ဆံတွေပေး၊ အချိန်တွေ အကုန်ခံပြီး ရုပ်ရည်အားကိုးကာ ၁၆နှစ်သမီး အကြိုက်သီချင်းတွေ ဆိုတဲ့သူများ မဟုတ်ကြပါဘူး။ မိဘလုပ်စာ ထိုင်စားပြီး “အဲဒါ ဘ၀...ဘ၀” ဆိုတဲ့ သီချင်းဆိုရင် အတော်ကို ရီစရာ ဖြစ်လို့နေပါတယ်။ ကိုယ့်ဘာသာ ပေတေနေပြီး “အဲဒါ ဘ၀” လို့ ဇွတ်ဆိုနေတော့.. ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ဂီတကို တကယ့် ထမင်းငတ်ခံ လုပ်နေသူတွေအဖို့ ပိုလို့သာ ရီစရာ ဖြစ်နေတာပေါ့...။

Reply to This

လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ကြိုက်နှစ်သက်မှုဆိုတာရှိပါတယ်။ ကိုယ်အသားဖြူတိုင်းလူတိုင်းကို လိုက်ဖြူခိုင်းချင်လို့တော့မရပါဘူး။ ကို်ယ်အသားဖြူတာကို နှစ်သက်တိုင်းလည်း ဖြူမှလှတယ်လို့ပြောလို့မရပါဘူး။ အရောင်အသွေးတိုင်းမှာ အလှကိုယ်စီရှိတာမို့သူ့နေရာနဲ့သူ နေသားတစ်ကျရှိဖို့ပဲလိုအပ်ပါတယ်။ ဂီတဆိုတာလည်းဒီလိုပါပဲ။ ရေထဲကို သစ်သီးကြွေကျတဲ့အသံ ပလုံ ကစလို့ နောက်ဆုံးပေါ် တက်ခနော်လောဂျီ နဲ့အထူးပြူ အဖက်စ် တွေလည်းဂီတပါပဲ။ လမ်းဘေးက သူတောင်းစားကြီးဆိုလည်း သီချင်းပဲ ကမ္ဘာကျော်အဆိုတော်ဆိုလည်းသီချင်းပါပဲ။ ကျနော်ယုံကြည်ထားသလောက်ပြောရရင် ဂီတဆိုတာ သွေးကို ဆူစေတယ်။ သွေးအေးစေတယ်။ ချွေးပြန်စေနိုင်တယ်။ ချွေးသိပ်စေနိုင်တယ်။ ကြည်နူးစေနိုင်တယ်။ သတိရစေနိုင်တယ်။ အားတက်စေတယ်။ ဖြစ်စေချင်တာက ကိုယ်ကြိုက်တဲ့မြူးဇစ်ကိုကိုးကွယ်ပါ။ သူများကိုတော့ မစော်ကားပါနဲ့။ လူငယ်တွေအနေနဲ့ ကိုယ့်လမ်းကြောင်းကိုပဲဖြောင့်ဖြောင့်သွားတာကောင်းပါတယ်။ သူမျာကိုခြေထိုးခံတာနဲ့ပဲ ကိုယ်ကိုယ်တိုင် နောက်ကျရတာမျိုးမဖြစ်စေချင်ဘူး

Reply to This

အခုခေတ် လူငယ်တွေရဲ့ အမြင်လေးတွေကို ပြောင်းသင့်ပါတယ်။ ကိုတိုးကြီးတို့ကတော့ အဆင့်မရှိတော့ပါဘူးကွာ၊ ဘီယာဆိုင်မှာဆိုရတဲ့အဆင့်ကို ရောက်ကုန်ပြီ........ ဆိုတဲ့ အပြောမျိုးတွေကိုလည်း ကြားနေရပါတယ်။ သူ့ခေတ်နဲ့ သူ့ဂီတပါ။ တစ်ချိန်မှာလည်း နောက်ထပ် ဂီတစတိုင်အသစ်တွေ အများကြီး ပေါ်လာဦးမှာပါ။ အဲ့အချိန်ကျရင် ဒီ Hip Hop လည်းမှေးမှိန်မသွားနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။ ပြီးတော့ Rap မှာလည်း ကော်ပီကူးတာတွေ ရှိတာပါပဲ။ ဒါကို ကိုယ်ပိုင်တီထွင်မှုလို့ ပြောပြောနေတာကတော့ မဟုတ်သေးဘူးလို့ထင်ပါတယ်။

Reply to This

လူတွေရဲ့ စရိုက်လက္ခဏာတွေပေါ်မူတည်ပြီး Music အမျိုးအစားတွေ ကွဲထွက်လာတယ်လို့ ကျနော် ထင်ပါတယ် ... အဲဒီအပေါ်မှာ သူ့တို့ ဂီတက အစစ်၊ ငါတို့ ဂီတက အစစ်ရယ်လို့ ငြင်းနေကြရင် ပြဿနာတွေ တက်နေကြရင် အဲဒီလူတွေကို ရိုးရိုးလေးပြောရရင် အလုပ်မရှိ ကြောင်ရေချိုးနေတာနဲ့ တူပါတယ် ... ကိုယ့်အကြိုက် ကိုယ့်ဂီတဝါသနာ ကိုယ့်လမ်းကိုယ်လိုက်ပြီး ဘယ်သူ့ကိုမှ ပြဿနာမရှာတာ အကောင်းဆုံး ဂီတလို့ပဲ ကျနော် ထင်မြင်ချက်ပေးပါရစေ ...

Reply to This

လူတကိုယ် စိတ်တမျိုး တဲ့...ကိုယ့်အမြင်နဲ့ သူ့အမြင်မတူနိုင်သလို ကိုယ်ကြိုက်တဲ့ သီချင်းမျိုး သူ့နားထဲမှာ ကောင်းချင်မှ ကောင်းမှာပေါ့။ ကိုယ်မနှစ်သက်တိုင်း သူများကြိုက်တဲ့အရာတွေကို မကောင်းဘူးလိုက်ပြောနေရင် ဘယ်တရားပါ့မလဲ။ ဂီတက ဂီတပဲပေါ့။ သူစစ်တယ် ငါစစ်တယ်လိုက်ခွဲနေလို့ရော ဘာများထူးခြားသွားမှာမို့လို့လဲ။ အဲဒီတော့ အဲလို သူ့ဂီတစစ်တယ် ငါ့ဂီတစစ်တယ်ဆိုပြီး လိုက်ပြီး ငြင်းခုံနေတာ အကျိုးမရှိဘူးလို့ ထင်ပါတယ်။

Reply to This

နားလည်ဘူးဗျ. ဟဲ ဟဲ သီချင်းဆို နားထောင်လိုက်တာပဲ.. တောင်ပေါ်သားမို့ တောင်ပေါ်သီချင်းပဲ ကြိုက်တယ်ဗျ

Reply to This

Okisu ပြောသလိုပါပဲ လူတစ်ယောက်စိတ်တစ်မျိုးပါပဲ။ တကယ်တမ်းဆို တစ်မျိုးတောင် က ချင်မ ကတာ။ အဲဒီတော့ ဘာလို့ အတုတွေ အစစ်တွေ ခွဲနေမှာလဲ? ကျွန်တော်ကတော့ ကိုယ်တိုင်လိုက်ပြီး ခံစားလို့ရတယ်ဆိုရင် ကြိုက်လိုက်တာပဲ။ နောက်တစ်ခု ပြောချင်တာကတော့ ခိုးကူးကိစ္စပါပဲ။ ကျွန်တော်ကြိုက်တဲ့ အဆိုတော် ခွေအသစ်(သီချင်းအသစ်) ထွက်တယ်ဆိုရင် မူရင်းခွေဝယ်ပါတယ်။ သီချင်းအဟောင်းတွေ ပြန်ထုတ်တယ်ဆိုရင်တော့ ကော်ပီခွေဝယ်ပါတယ်။ ခင်ဗျားတို့ရော ဘယ်လိုမြင်လဲ။ topic ပြောင်းသွားတယ်ထင်တယ်။

Reply to This

Music မှာ Genre ခွဲပြီး ကြိုက်တာကိုတော့မပြောချင်ပါဘူး။ ဒါပေမဲ့ သူဂီတကမှစစ်တာ ငါ့ဂီတာကမှ အမှန်ဆိုပြီး ပြိုင်နေတာက ဦးနှောက်ရင့်ကျက်မှု သုံးနှစ်သားအရွယ်လောက်ပဲ ရှိတဲ့ကလေးတစ်သိုက်သာလုပ်လေ့ရှိတဲ့ အကျင့်သာ ဖြစ်ပါတယ်။

Reply to This

ဂီတ ဆိုတာ ကောင်းတဲ့ခံစားမှုတစ်ခုပါ။
ဒီအပေါ်မှာ ကိုယ်ကြိုက်တဲ့ ဂီတလိုင်းကို လိုက်သွားကျတာကြီးပဲ
တစ်ချို့လူတွေကတော့ ငါ့ဂီတမှ ဂီတလို့ထင်နေတယ်
ဒါမဖြစ်သင့်ပါဘူး
အယူမသီး သင့်ပါဘူး...
ဘယ်ဂီတပဲဖြစ်ဖြစ် ခံစားချက်နဲ့ နားထောင်ရင်
အ၇သာရှိလိမ့်မယ်လို့ ထင်ပါတယ်

Reply to This

Hip Hop originated from Black people living in New York. it is popular in Burma? But not in england. that's nice. I think there is a strong somehow relation between American blacks and Burmese. Basically, some Burmese looks like Africans and Caribbeans.

Reply to This

ဂီတဆိုတာ အနုပညာရပ်တစ်ခု
ဒီတော့ အနုပညာဆန်ရမယ် စေတနာပါရမယ် ခံစားနိုင်ရမယ်
အနုပညာကိုအနုပညာပါအောင် လုပ်ထားရင် ခံစားလို့ရပါတယ်
မပေါက်ပေါက်အောင် မပွပွအောင် မဆန်းဆန်းအောင်လုပ်ထားရင်(ကန်တော့ပါရဲ့)စောက်ထင်ကိုမကြီးဘူး

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service