The Prominent Online Society of Myanmar Blogger
We're sorry, but this discussion has just been closed to further replies.

When I was 16 it was quite right yes, but now is over :)
ငယ်ငယ်တုန်းကတော့ ချစ်တယ် ကြိုက်တယ် သိပ်မခွဲခြားတတ်ဘူး။ မြင်မြင်ချင်း ချစ်တယ်လို့ ခံယူခဲ့ဖူးတာ ရှိခဲ့ဖူးတယ်။ အခုတော့ I like you ကိုပဲ ကြိုက်တော့တယ်။ လူတစ်ယောက်နဲ့တစ်ယောက် တော်တော်နီးနီးကပ်ကပ် ဖြစ်လာမှ ဆက်ချစ်လို့ ရမရ သိလာရတာ။ မြင်မြင်ချင်းကတော့ မြင်ကွင်းအာရုံတစ်ခုပဲ သိလာရသေးတာလေ။ နောက်ပိုင်းကျမှ သူ့အကြောင်း အတွေးအခေါ် အယူအဆ လျှို့ဝှက်ချက် ဒါတွေက သိလာရတာ။ ကိုယ်မြင်တာလေးနဲ့ တစ်သက်လုံး ဆက်ချစ်သွားဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ချစ်ခြင်းက အရာအားလုံးကို ပြောင်းလဲစေတယ် ဆိုတာကိုလည်း မယုံဘူး။ လုပ်ယူလို့တော့ ရပါတယ်။ သိပ်ခက်ခဲတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရေရှည်သွားဖို့ ဆိုတာက ကိုယ်အမြဲလက်ခံနိုင်တာမှ ဖြစ်မှာ။ ဒီတော့ မြင်မြင်ချင်းကြိုက်တယ်ဆိုတာကိုပဲ လက်ခံတော့ပါကြောင်း။
မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ချစ်တယ်လို့ ချက်ချင်း သိသာစေနိုင်တဲ့ လျှို့ဝှက်မှုမျိုးတွေ ရှိတယ်ပေါ့... အဲ့ဒီလျှို့ဝှက်ချက်ကိုလည်း ပြန်ပြောရခက်တယ်...။
ဥပမာ ဆိုကြပါစို့ဗျာ... ကောင်မလေး သုံးယောက် လမ်းလျှောက်တယ်... အလယ်က တစ်ယောက်က ဘေးက နှစ်ယောက်ထက် လူတွေ အမြင်မှာ ATTRACTIVE အဖြစ်ဆုံးပေါ့... ဒါပေမယ့် ကောင်လေးတစ်ယောက်ရဲ့ စိတ်ထဲမှာကျတော့ အဲ့ဒီ ကောင်မလေးရဲ့ ညာဘက်က အရပ်ဂလန်ဂလားနဲ့ ပေါင်တန်ရှည်မလေးကိုမှ ဘယ်အရာနဲ့မှ မတူအောင် ကြိတ်ခိုက်သွားတယ် ...။ ကောင်မလေးက လူတွေ အမြင်မှာ စွဲဆောင်မှု မရှိပါဘူး...။
ဒါပေမယ့် ကောင်လေးစိတ်ထဲမှာတော့ ... ဒီကောင်မလေး အရပ်အမောင်းလဲ uma thurmanလို ထောင်ထောင်မောင်းမောင်း ... ဘေးက ဂျပုမ လုံးတင်လေးတွေလို ပေမမှီဒေါက်မမှီမဟုတ် ... ဒို့တွေအမြင်မှာ ပေါင်တန်ရှည်လို့ပြောကြတဲ့ သူ့ခြေထောက်လေးကလဲ ဘဲလေးကခြေသည်လေးလို ဘူးသီးဖူးလိပ် ( beautiful legလို့ပြောပါတယ် )... လုံချည်ကို ကောက်စိုက်သမလို တိုတိုတုတ်တုတ် ၀တ်ထားတာလေးကလဲ .. သူများတွေအတွက်တော့ ကိုးလို့ကန့်လန့်နိုင်လှပေမယ့် .. သူ့အတွက်တော့ ဖက်ရှင်ကျကျစကတ်တိုလေး ၀တ်ပေးလိုက်ရင် ... မော်ဒယ်ဂဲတွေ ရှုံးလိုက်မယ့်ဖြစ်ခြင်း ... ... သူများတွေ နှုတ်ခမ်းတလန် ပန်းတလန်လို့ပြောကြတဲ့ သူ့နှုတ်ခမ်း ထော်ထော်လေးကလဲ အိန်ဂျလီနာ ဂျိုလီလို ဆွဲဆောင်မှုအပြည့် ... ကပ္ပလီမလို မျက်လုံးပြူးပြူးလေးတွေကလဲ သူ့အတွက်တော့ ပုလဲတလုံးရွဲတလုံး ....
ဒီလို ဒီလို တွေးရင်းနဲ့ ... အဲဒီကောင်လေး အသည်းယားလာပြီ ... ဒီလောက်မိတဲ့ မိုက်တဲ့ ကောင်မလေးမျိုး ... ငါမှမရရင် ဒီတသက် လူဖြစ်ရှုံးရချည်သေးရဲ့ဆိုပြီး ကိုမျိုးဝင်းဇော်လို သားကတော့ မြင်မြင်ခြင်းချစ်မိလို့ မြင်မြင်ချင်းဝင်ရောပြီး အားကျိ အားကျိလုပ်လိုက်တာမှာ အဆင်မပြေတဲ့အပြင် ပါးတောင်ရောင်ထွက်သွားသတဲ့ခင်ဗျာ ....
နည်းတောင်နည်းသေးတယ် ... ဟိုက ဖနောင့်နဲ့ ပိတ်မပေါက်တာ ... ;P သားကလဲ .... ဘာတွေ အားကျိအားကျိ သွားလုပ်လိုက်လို့တုန်း ....
နည်းနည်းပါ အင်္ကျီပေါ်ကအရုပ်လေးလှလို့ ကိုင်ကြည့်တာလေးပါ
Adam & Eve ကနေ စလာခဲ့တဲ့ဇတ်လမ်း သူတို့ကိုမြွေကကျွေးသွားခဲ့တဲ့ မစားကောင်းတဲ့အသီးစက္ခုအာရုံမရတဲ့ သူတွေလည်း ချစ်နိုင်တာပဲ.. သူတို့ကျတော့ မြင်မြင်ချင်းမဟုတ်တော့ဘူး.. ကြားကြားခြင်းဖြစ်နိုင်တယ်.. မျက်စိရော နားရော မမြင်မကြားတဲ့ လူတွေက အတွေ့အထိနဲ့ ဖြစ်နိုင်တယ်..အင်တာနက်ပေါ်မှာ ရည်းစားထားကြတာလဲ မြင်ဘူးလို့မဟုတ်ကြဘူး.. အတွေ့အထိလည်း မဟုတ်ကြဘူး.. အကြားအာရုံလေးနဲ့ ကြားကြားခြင်းချစ်တာလေ.. တကယ်တော့ တဏှာ တပ်မက်စိတ်ကြောင့် ဖြစ်တည်လာကြတာတွေပါ.. လက်တွေ့ဘ၀ကို ပိုအားပေးပါတယ်.. ကျွန်တော်ကတော့ အချစ်ထက် ပိုအားပြင်းတဲ့ မေတ္တာကို ပိုတန်ဘိုးထားပါတယ်.. လူတစ်ယောက် ဘယ်လို အခြေအနေမျိုးကိုပဲ ရောက်နေ ရောက်နေ ချစ်နေနိုင်ခြင်းဟာ ချစ်ခြင်းတစ်ခု တည်းကြောင့်မဟုတ်ဘူး.. မေတ္တာကြောင့်.. ဘုရားရှင်လည်း သေတ္တာဝါတွေကို ချစ်တာ မဟုတ်ပါဘူး.. မေတ္တာတော် ကရုဏာတော် ကြီးမြတ်လွန်းခြင်းသာဖြစ်ပါတယ်..
လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်.. ခါးတောင်းကျိုက်ပြီး ရန်တွေ့နိုင်ပါတယ်.. :P
ဆက်ပြီး ဆွေးနွေးပါဦးမည်..
© 2009 Created by MBS on Ning. Create a Ning Network!