Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

ကြားဘူးကြမှာပါနော်....

''Love at First Sight'' တဲ့... ပြောကြတယ်လေ။

''မြင်မြင်ခြင်းပဲ ချစ်မိတယ်ပေါ့။''

နန္ဒာ့အမြင်တော့ လူတယောက်ကို မြင်မြင်ခြင်း ချစ်နိုင်မယ်လို့ မထင်ဘူး။ မြင်မြင်ခြင်း စိတ်ဝင်စားမိတယ်။ Attractive ဖြစ်မိတယ်။ ဒါကြောင့် သူ့ကို ရင်းနှီးအောင် သူ့အကြောင်းတွေ သိအောင် လုပ်တယ်။ အချိန်အတိုင်းအတာ တခုနဲ့ သူ့ကို Get to know better ဖြစ်လာမှ လက်ခံလို့ရမယ်... ချစ်လို့ရမယ် ထင်တယ်။ ဒါကြောင့် Attractive at First Sight ဆိုပိုမှန်မလားပဲ။ You really have to be attractive to someone physically first လေ.. Right??

အနောက်နိုင်ငံတွေမှာ Majority of Couples တွေ တယောက်နဲ့တယောက် I like you, I am so into you လို့ပဲပြောတာ များပါတယ်။ တယောက်အကြောင်းတယောက် တကယ် သိပြီးမှ I Love You ပြောကြတယ်။

အခုချိန်ထိ ဘဝမှာ ယောက်ျားတယောက်ကို လွယ်လွယ်နဲ့ I Love You လို့ပြောတာတော့ ခပ်ရှားရှားပဲ။ :))

Personal Opinion တခုပါ။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။

Thanks,
SMNTL

Tags: love, opinion

Share

Reply to This

Replies to This Discussion

မိတ်ဆွေတို့ရဲ့ အမြင်ကို ပွင့်လင်းစွာ သိခြင်ပါတယ်။ :))

ကျေးဇူး..
SMNTL

Reply to This

ဒါကတော့... မိန်းကလေးတွေ ဘက်က အမြင်တစ်မျိုးလေ...။ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ချစ်တယ်လို့ ချက်ချင်း သိသာစေနိုင်တဲ့ လျှို့ဝှက်မှုမျိုးတွေ ရှိတယ်ပေါ့... အဲ့ဒီလျှို့ဝှက်ချက်ကိုလည်း ပြန်ပြောရခက်တယ်...။
ဥပမာ ဆိုကြပါစို့ဗျာ... ကောင်မလေး သုံးယောက် လမ်းလျှောက်တယ်... အလယ်က တစ်ယောက်က ဘေးက နှစ်ယောက်ထက် လူတွေ အမြင်မှာ ATTRACTIVE အဖြစ်ဆုံးပေါ့... ဒါပေမယ့် ကောင်လေးတစ်ယောက်ရဲ့ စိတ်ထဲမှာကျတော့ အဲ့ဒီ ကောင်မလေးရဲ့ ညာဘက်က အရပ်မြင့်မြင့်နဲ့ သိပ်ပြီး လူတွေ စိတ်မ၀င်စားမိတဲ့ ကောင်မလေးကိုမှ ဘယ်အရာနဲ့မှ မတူအောင် မြင်မြင်ချင်း ရင်ထဲ လှိုက်ဖိုမိတယ်...။ အဲ့ဒါ မြင်မြင်ချင်း ချစ်မိတဲ့ ချစ်ခြင်းအစလို့လည်း ပြောလို့ရတယ်...။ ကောင်မလေးက လူတွေ အမြင်မှာ စွဲဆောင်မှု မရှိပါဘူး...။ အလယ်က ကောင်မလေးလောက်ကို ချစ်စရာမကောင်းဘူး...။ မျက်ဝန်းတွေလည်း နက်နဲမှု မရှိဘူး....။ ဒါပေမယ့် အဲ့ဒီ ကောင်မလေးကိုမှ ကိုယ့်ဘက်က အတင်းအကြပ်ကို ဖြစ်နေခဲ့ရင် ဒါဟာလည်း မြင်မြင်ချင်း ချစ်မိတာပေါ့...။
မြင်မြင်ချင်း ချစ်မိပေမယ့် သူ့ကိုတော့ ချက်ချင်းကြီး ချစ်တယ်လို့ မပြောပါဘူး...။ ချစ်မိလို့ပဲ သူ့ကို ရင်းနှီးအောင် အရင် လုပ်တာပေါ့။ အတိုင်းတာတစ်ခု ရောက်တဲ့အခါ သူ့အကြောင်းတွေ ပိုပို သိလာလေ ပိုချစ်မိလေပေါ့ဗျာ...
အချစ်ဆိုတာ ပြောရဆိုရ သိပ်ကို ခက်ခဲ နက်နဲပါတယ်...။ ယောင်္ကျားလေးဘက်ကပဲ ဖြစ်ဖြစ် မိန်းကလေးဘက်ကပဲ ဖြစ်ဖြစ် မြင်မြင်ချင်း ချစ်မိပေမယ့် ချက်ချင်းကြီး နင့်ကိုငါ ချစ်ပါတယ်လို့ ဘယ်တော့မှ ပြောမှာတော့ မဟုတ်ပါဘူး...
မြင်မြင်ချင်း ချစ် မချစ်ဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်မှပဲ သိလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။

Reply to This

ကဗျာဆရာ ဆိုတော့ ပြောတဲ့ Reason က လန်းသားပဲ။ Thanks ပါ သားဖြိုးရေ။

Reply to This

PLS YOU WRITE STORY AND PURPLISH
THE MOST LIKE IS( I like you, I am so into you).
PLS MORE

THANKS

Reply to This

ပေဖူးအမြင်ကတော့
မြင်မြင်ချင်း ကြိုက်မိပါတယ်ပေါ့။
ချစ်မိပါတယ်ဆိုရင်တော့ တစ်ခုခုတော့ လွဲနေပြီ ထင်တာပဲ။ :D

Reply to This

မြင်မြင်ချင်းချစ်တယ်ဆိုတာ..ရှိတော့ရှိမယ်...ရှားတယ်လို့ပြောလို့ရတယ်...စိတ်ဝင်စားတာ attractive ဖြစ်တာကချစ်တယ်လို့တော့ ယူဆလို့မရဘူး...ဒါပေမယ့် သိပ်ရုပ်ဆိုးတဲ့ လူတစ်ယောက်ကိုလည်း မြင်မြင်ချင်းချစ်မိနိုင်တယ်...ဒါကြတော့ ရေစက်နဲ့ဆိုင်မယ်..ရှိတော့ရှိမယ်..ရှားမယ်..ပြောတာတော့ မရှိဘူးပေါ့...ဒါပေမယ့်စိတ်မှာတော့ ချစ်မိကြမှာပါ..ပြောတတ်သလိုပြောကြည့်တာ

Reply to This

သဘောကွဲလွဲ တာတော့ဟုတ်ဖူးဗျ..မနန္ဒာ
မြင်မြင်ချင်းပဲချစ်မိတယ်ဆိုတာ ဖြစ်နိုင်ခြေများပေမယ့် တစ်ကယ့်တစ်ကယ်တော့ အတွင်းစိတ်ထဲ ထိရောက်သွားတာမျိုးပဲဖြစ်ချင်ဖြစ်မှာပါ... ဒါပေမယ့် ဘယ်လိုတွေးတွေး ကျွန်တော့အမြင်ကနှစ်ဖက်လုံးကမြင်တယ်ဗျ
တစ်အချက်အနေနဲ့ အဝေးကနေတွေ့မြင်နေကျသူ တစ်ဦး စိတ်လည်းဝင်စားမိတဲ့သူ(သူနဲ့မသိ) ကို စပြီးသိလိုက်ရ အနီးကပ်တွေ့လိုက်မြင်လိုက်ရတဲ့ အချိန်မှာချစ်သွားနိုင်ပါတယ်...
နောက်တစ်ဖက်ကလှည့်တွေးပြန်ယင် မဖြစ်နိုင်ဘူး...ခိုက်သွားတာမျိုး ရင်ထဲခံစားဘူးကြသလားတော့
မသိဘူး ကျွန်တော်ကတောကကောင်းကောင်းခံစားဖူးခဲ့ပါတယ် တစ်ချိန်က အာစီတူး ထဲမှာ ကျွန်တော် Physic
Section 1 ရှေ့ သွားရပ်မိတုန်းကတော့ အဲဒီခံစားချက်ဖြစ်ခဲ့မိဖူးတယ် ဟီး.....ကိုယ်တိုင်လက်တွေ့ပါ
ဘလော့ထဲမှာလည်ါ်ဖော်ကောင်လုပ်ထားပြီးပြီမို့ဆက်မရေးတော့ပါ..... :P

Reply to This

ပြောသွားကြတဲ့ အမြင်လေးတွေက စိတ်ဝင်စားစရာပဲ။ Thanks Guys!!

SMNTL

Reply to This

ဟဲဟဲ ၀င်ပြောမယ် သားကတော့ မြင်မြင်ခြင်းချစ်မိလို့ မြင်မြင်ချင်းဝင်ရောပြီးပြောလိုက်တာဘဲ အဆင်မပြေတဲ့အပြင် ပါးတောင်ရောင်ဘူးသေးတယ်။

Reply to This

Let me tell you my experience.
when I was too young, I think I loved girls in the first instance if they are nice and beautiful. I approached them to say I love you. :)
After 25, I changed. I could not love them when i met for the first time. when I was interested, I approached and checked them first the way they speak, the way they think, the way the eat. Some girls look quite beautiful, but their way of thinking and their idea were rubbish. Some have morbid jealously. Some are greedy. Some are too much pushing far beyond the reality. One girl took many phone calls from her friends while we were dating. One girl had habitual bad breath. My small piece of love disappeared for many reasons before saying anything.

So far my recent girl is not bad. Perfect for me. i did say I love her during our 4th date at nearby Italian restaurant. The only small thing is that she admits she sometime remembers her first bloke who dumped her. For me, that's fine. We have got a good time.

Reply to This

When I was 16 it was quite right yes, but now is over :)

ငယ်ငယ်တုန်းကတော့ ချစ်တယ် ကြိုက်တယ် သိပ်မခွဲခြားတတ်ဘူး။ မြင်မြင်ချင်း ချစ်တယ်လို့ ခံယူခဲ့ဖူးတာ ရှိခဲ့ဖူးတယ်။ အခုတော့ I like you ကိုပဲ ကြိုက်တော့တယ်။ လူတစ်ယောက်နဲ့တစ်ယောက် တော်တော်နီးနီးကပ်ကပ် ဖြစ်လာမှ ဆက်ချစ်လို့ ရမရ သိလာရတာ။ မြင်မြင်ချင်းကတော့ မြင်ကွင်းအာရုံတစ်ခုပဲ သိလာရသေးတာလေ။ နောက်ပိုင်းကျမှ သူ့အကြောင်း အတွေးအခေါ် အယူအဆ လျှို့ဝှက်ချက် ဒါတွေက သိလာရတာ။ ကိုယ်မြင်တာလေးနဲ့ တစ်သက်လုံး ဆက်ချစ်သွားဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ချစ်ခြင်းက အရာအားလုံးကို ပြောင်းလဲစေတယ် ဆိုတာကိုလည်း မယုံဘူး။ လုပ်ယူလို့တော့ ရပါတယ်။ သိပ်ခက်ခဲတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ရေရှည်သွားဖို့ ဆိုတာက ကိုယ်အမြဲလက်ခံနိုင်တာမှ ဖြစ်မှာ။ ဒီတော့ မြင်မြင်ချင်းကြိုက်တယ်ဆိုတာကိုပဲ လက်ခံတော့ပါကြောင်း။

Reply to This

လူတစ်ကိုယ် စိတ်တစ်မျိုး... :)

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service