Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

tharphyo

ရင်၌ဖြစ်တည်သော ကဗျာဆိုတာလဲ အချစ်နဲ့ ပတ်သက်လောက်ပါရဲ့

♥♥♥ကျွန်တော် သိတဲ့ ချစ်ခြင်းမှာ
♥♥♥♥အချစ် ရှိမယ်၊ သစ္စာရှိမယ်
♥♥♥♥♥ဖြူစင်ခြင်းတွေ ရှိမယ်
♥♥♥♥♥♥ရဲရင့်မယ်
♥♥♥♥♥♥♥ရှေ့ဆက်ဖို့ သေချာမှုတွေ ပြည့်နက်နေမယ်
♥♥♥♥♥♥♥♥အနမ်းတွေ မိုးလို
♥♥♥♥♥♥♥♥♥တစ်ခါတစ်လေ ရွာချင်ရွာမယ်
♥♥♥♥♥♥♥♥♥♥နှစ်ချို့တဲ့ ၀ိုင်တွေလို ခါးချင်လည်း ခါးမယ်
♥♥♥♥♥♥♥♥♥♥♥ဒါဟာ အချစ်စစ်တို့ မှီတည်တဲ့
♥♥♥♥♥♥♥♥♥♥♥♥အကြောင်းပြချက်ပေါ့...။

(ကျွန်တော် ရေးတာ မပြည်စုံပါဘူး။ အချစ်ဆိုတဲ့ စကားလုံးကို ပြည့်စုံအောင် ရေးသားဖို့ ကဗျာချစ်သူများကို ဖတ်ခေါ်ပါရစေ)

Tags: ကဗျာများ, အချစ်၌ဖြစ်တည်တဲ့

Share

Reply to This

Replies to This Discussion

ကဗျာဆိုတဲ့ ရင်ဘတ်က အချစ်ဆိုတဲ့ ခံစားချက်ကို လွတ်လပ်စွာ စီးဆင်းခွင့် ပေးလိုက်တယ်...။ ။
တစ်ချိန်ချိန်ကျ အသက်ရှူရ မွန်းကြပ်လာရင် ခါးသက်သွားတယ်။ ဒါကြောင့် အချစ်ကို မချစ်တာလည်း ဖြစ်နိုင်ပါတယ်။

Reply to This

အချစ်ဆိုတဲ့ စကားလုံးကို စရေးတတ်ချိန်ကစ
ငါ့ရင်မှာ ကဗျာတွေမွေးဖွားခဲ့တယ်
အော်တစ်ရက်တစ်ရက်နဲ့
သူလူလားမြောက်လာပုံများ
လူတောင်မှားလောက်ရဲ့။
သူလူလားမြောက်ဖို့ ဖြတ်သန်းရာဘ၀တစ်လျှောက်မှာ
ရက်စက်မှုလေပြင်းတွေ
အဆင့်အတန်းကွာခြားမှုတံတိုင်းတွေ
အမုန်းမိုးတွေ
အများကြီးအများကြီးကိုဖြတ်ခဲ့တယ်
ခုတော့ ကဗျာတစ်ယောက်
သူ့ဘ၀သူလျှောက်လို့
သူချစ်တဲ့သူနဲ့
ပျော်နေလောက်ပါပြီကွယ်....

Reply to This

အချစ်ဆိုတဲ့ စကားဟာ
သူများတွေပြောသလိုပေါ့ ပေါင်းရတာလွယ်တယ်
ဒါပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုရခက်ပါတယ်။
အချစ်မရှိရင်လည်း နေရတာ အဓိပ္ပါယ်မဲ့နေပြန်ရော။
သြော် အချစ် အချစ်....

Reply to This

ဟိုးအယင်တုန်းက ကလေးဘ၀တုန်းကလို့ပြောရမယ်ထင်တယ် သစ်ရွက်လှုပ်တာတောင်ရယ်တဲ့အရွယ်ထက်
စောပြီး ကဗျာကိုရင်ခုန်ခဲ့တယ် အဲချစ်တတ်တဲ့အရွယ်လဲရောက်ရော ကဗျာဟာဘ၀ရဲ့ အစိတ်ပိုင်းဖြစ်လာတယ်
အချစ်ဆိုတာ ကဗျာအတွက်ပညတ်ဖြစ်လာတယ် အခုချိန်ထိ ပညတ်နဲ့ ပရမတ် ခွဲမရသေးသရွေ့ ကဗျာတွေ
ရေးဖြစ်နေဦးမယ် အလွမ်းဆိုတဲ့ ခံစားချက်နဲ့လူဖြစ်လာတော့လည်း..........ဓါတ်ခံတွေကမကောင်းတော့ရေး
ဖြစ်ဦးမယ့် ကဗျာတွေလေ.... အချစ်မပါလည်းကဗျာဖြစ်ပေမယ့် အနှစ်သာရ ခြင်းမတူပါလေ
လွမ်းလက်စ
လွမ်းလက်စမှမကုန်သေးခင်

လာပြန်ပြီနှင်းငွေ့တွေ

မိုးတွေသည်းလို့ကောင်းနေတုန်း

ဗြုန်း..ဆိုဆောင်းရောက်လာတယ်...........

မြူတွေထောင်းလမောင်းထအောင်ဆိုင်းလို့

မှိုင်းညို့ညို့ဟိုတောတန်း

ဖြတ်သန်းဖို့ကြံခဲ့စဉ်က

နေရာမရွေးတဲ့အလွမ်း

သူကပဲတပန်းသာရော့သလား

အမေးများစွာအတွေးတရား........

အစဉ်မှာ....ဘေးမများချင်တာလဲပါရဲ့

အနန္တသူရိယ..အမတ်ကြီးရေးတဲ့

"သူတည်းတယောက်".....အစချီတဲ့

မျက်ဖြေလင်္ကာကရော

ရင်ကိုတိုက်စားခဲ့လေသလား.......

အမှတ်များစွာ.....ရင်ခွင်မှာစု

ရတနာလိုဥထားတဲ့

စေညွှန်ရာကိုရော်ရမ်းမှန်းဆ....

တမ်းတရတာအကြိမ်ကြိမ်ပါပဲ.......

ထောင်းလမောင်းကြေတဲ့

ဆောင်းပေါင်းလည်းမနည်းတော့

ခပ်ပေါ့ပေါ့လေးတွေးရယင်လေ

လွမ်းနေချင်သေးတယ် ။ ။

ခုတော့ဒီလိုလေးတွေပဲရေးဖြစ်တော့တယ်ခက်တာက....တခါတခါကျော်မရခွမရပါ....ကိုညီမဘန်းလိုက်ပါနဲ့နော်

Reply to This

ချစ်သူမောင် said:

မဘမ်းပါဘူးဗျာ... ဒါလည်း ကဗျာ၌ဖွင့်တည်တဲ့ အချစ်တစ်မျိုးပဲလေ...

Reply to This

ကဗျာဆိုတာ
စကားနဲ့ကြားစရာမလိုပဲ
နှလုံးသားနဲ့ ခံစားကြည့်ရုံနဲ့
အလိုလို နားလည်လိုက်မိတာမျိုးပေါ့ ..

အဲ့ဒီလိုပဲ
အချစ်ဆိုတာ
တခါတလေ
တခြားအရာတွေ ဘာမှကို မလိုချင်လောက်အောင်
သူ့ရဲ့ နှောင်ဖွဲ့မှုတွေအောက်မှာပဲ
အမြဲ ပြည့်စုံနေခဲ့တာ ....
အကြွင်းမဲ့ချစ်ခြင်းတစ်ခုပေါ့ ....

Reply to This

ကျနော်သိတဲ့ချစ်ခြင်းကို ထပ်ပေါင်းထည့်လိုက်မယ်....
နားလည်ခြင်းတွေပါမယ်..
ဖေးမကူညီခြင်း..
.ရိုးသားခြင်း...
ကြင်နာနွေးထွေးခြင်း
ချစ်ခြင်းသံစဉ်တွေလည်း
မပါမဖြစ်ပါလေရဲ့
(ထပ်ဖြည့်တာ..)

Reply to This

ကျွှန်တော်အမြင်ကတော့ *ရင်၌ဖြစ်တည်သော ကဗျာဆိုတာလဲ အချစ်နဲ့ ပတ်သက်လောက်ပါရဲ့* အဲဒါလေးကို
လက်ခံတယ်ဗျ.ဘာလို့လည်းဆိုတော့ လူတိုင်းဟာ ကဗျာရေးရင် ခံစားချက်တစ်စုံတစ်ရာ ၊ဒါမှမဟုတ်
အကြောင်းအရာတစ်ခုကို ခံစားပြီမှ ကဗျာဆိုတာမျိုးကို ရေးတက်ကြတာလေ ..ခံစားချက်ဆိုတာကလည်း
ရင်ထဲကလာတဲ့အရာလေးပေါ့ ..ဒီတော့ (အသဲကွဲဖူးရင် ရသပိုမြှောက်တယ်)လို့ အဲဒီလိုလေး ကြားဖူးတာဘဲ ..
ဟီးဟီ ..သေချာသလားတော့သိပှုး ..ကဗျာဆရာတွေ ဆရာမတွေ လိုက်စစ်ဆေးမှထင်တယ်နော် ..ဟ`ဟ`
ပျော်ရွှင်ကြပါစေဗျာ..
စစ်မာန်@~!~

Reply to This

စစ်မာန် said:

အသည်းကွဲနေတာတော့ အမှန်ပဲ လိုက်ရှာကြည့်... အသည်းမကွဲတဲ့ ကဗျာဆရာ ဆေးလိပ်တိုနဲ့ နှစ်ပါးသွားတယ်။ အသည်းကွဲတဲ့ ကဗျာဆရာ အရက်ပြင်းနဲ့ နှစ်ပါးသွားတယ်...ဟီးးး

ဟုတ်လားတော့ မသိဘူး...။

Reply to This

ကဗျာဆိုတဲ့ အချစ်နဲ့ ဆက်နွယ်နေတယ်
အချစ်ကြောင့် ကဗျာတွေဖြစ်လာမယ်
နုညံ့တဲ့ဖော်ပြချက်လေးတွေနဲ့ ဖော်ကျူးမယ် ဒီလိုဆိုရင် အနည်းဆုံးတော့ ကိုယ်ချစ်တဲ့ သူလေးကို ရင်ခုန်စေဖို့  70% လောက်သေချာမယ် (ထင်တာပြောတာ) သေချာတော့မသိဘူးးး)

Reply to This

မောင်မျိုး said:

ဖြစ်တတ်ပါတယ်... :P

Reply to This

Reply to This

RSS

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service