Myanmar Blogger Society

The Prominent Online Society of Myanmar Blogger

SAN

ဗုဒ္ဓဘာသာရေးနဲ့ပက်သက်ပြီး သတိထားဆွေးနွေးစေချင်ပါတယ်

အားလုံးသော သက်ဆိုင်ရာ ဆိုက်ဒ်တာဝန်ခံများနဲ့ သူငယ်ချင်းတို့..
ကျွန်တော် တခု အကြံပေးချင်ပါတယ်..

ဗုဒ္ဓဘာသာ နဲ့ပက်သက်ပြီး သတိထားပြီး ဆွေးနွေးကြပါ။
အခု Myanmar Blogger society မှာ ရှိတဲံ့ဗုဒ္ဓဘာသာ နဲ့ပက်သက်ပြီးဆွေးနွေးချက်တွေဟာ မသိလို့ မေးတာမဟုတ်ပဲ သိသလိုလိုလုပ်ပြီး တင်ပြသလိုဖြစ်နေတယ်။
အဲဒါ လေးကို တာဝန်ရှိသူများ adjust လုပ်ပေးကြပါ။
ဥပမာ..
ငရဲဆိုတာ ကို မယုံဘူးလို့ ..စသဖြင့် ရေးထားတယ်။
ကိုယ်ကိုယ်တိုင် ဂဂနန မသိပါပဲ တင်ပြသလိုဖြစ်နေတယ်။..
ဒါမျိုးတွေ မတင်သင့်ဘူးလို့ထင်တယ်။..
မသိလို့ ဘာသာရေးနဲ့ ပက်သက်တာ မေးတာ ရပါတယ်။
ဗုဒ္ဓဘာသာရေးမှာ မသိတာကို သိအောင် ဗဟုသုတ ကောင်းတဲ့သူကို ပထမဆုံး မေးရမယ်။
ကိုယ်ကိုယ်တိုင်လည်း အရင်ဆုံး လေ့လာရမယ်။..
အခု ရေးထားတာတွေက မယုံသလို အမြင်မျိုးနဲ့ ကိုယ်ဟာကိုယ် ဖော်မြူလာထုတ် ယူဆကြသလိုဖြစ်နေတယ်။။

နောက် ဥပမာ တခုက..
ဘုရား ဒီဘက်ခေတ်မှာ ဘာလို့မပွင့်တာလဲတဲ့..
ဘုရားရဲ့ အရည်အချင်းတွေကို မှန်းလိုမရလို့တဲ့..ဆိုတဲံ့သဘောနဲ့ ရေးထားပြန်တယ်။..
အရမ်းသိချင်ရင် ဆရာတော် ဘုရားကြီးတွေကို ဆက်သွယ်မေးပါ။..
တယောက်က ကိုယ်ထင်သလို ရေးလိုက်..
နောက်တယောက်က..ထောက်ခံလိုက်နဲ့..
ဗုဒ္ဓဘာသာ ကို တိတိကျကျ မသိပါသေးပဲ ကိုယ်ဟာကိုယ် ခန့်မှန်းနေကြတာဖြစ်နေတယ်..
အပြစ်ဖြစ်နိုင်ပါတယ်။..
သတိထားကြစေချင်တယ်..
အွန်လိုင်းပေါ်မှာ ထုတ်ဖော်ရေးသားချက်ဟာ အရမ်းအရေးကြီးတယ်..
ကိုယ့်အမြင်မှားကြောင့် သူများ အမြင်မှား ရောက်သွားလို့ကတော့ သေချာပေါက် အကုသိုလ်ဖြစ်မှာပဲ..
သက်ဆိုင်တဲ့ ၀က်ဆိုက်ဒ်ရဲ့ တာဝန်ခံများ ကြီးကြပ်စေချင်ပါတယ်..
ကိုယ်ဘာမှ ဥာဏ်ထူးတွေရဖို့ ကြိုးစားအားထုတ်မှုမရှိပါပဲ မသိလို့မေးတာမျိုးမဟုတ်ပါပဲ..ထင်သလို ထင်မြင်ချက်တွေ တွေ့ရတယ်။
ဘုရားဘယ်လိုတော်တယ် ဆိုတာ မြင့်မြတ်တယ် ဆိုတာ မှန်းရခက်တယ် ဆိုလားပဲ..
ဆွေးနွေးတာချည်းက ရယ်စရာဖြစ်မနေဘူးလား...
ကိုယ်က ဘာမှ မသိဘဲ မလုပ်ဘဲ ဘုရားရှင်ရဲ့ ဂုဏ်တော် တွေအပေါ်မှာ..၀င်ပြီး မတန်မရာ ဆွေးနွေးတာကြီးကတော့.. ဟဲဟဲ နည်းနည်း ပြန်စဉ်းစားကြည့်ပါဦး..
ကျွန်တော် ဆိုင်ရာ discussions တွေမှာ ကွန့်မန့်ပေးထားပါတယ်..
ဖတ်ကြည့်ကြပါ..
နောက် ကိုယ်နဲ့ မတန်မရာတွေ မဆွေးနွေးကြဖို့..
အကြံပြုလိုက်တာပါ။..

Share

Reply to This

Replies to This Discussion

ဒီလိုတော့ပြောလို့မရပါဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာက ကိုယ်ရွေးတဲ့လမ်းကိုယ်သွားမှာပါ။ ဒါကြောင့်သူတို့ဘာရွေးမယ်ဆိုတာ ကိုယ်နဲ့မဆိုင်ပါဘူး။
ကျွန်တော်တို့က လမ်းကြောင်းကို ပြန်တဲ့မတ်ပေးလို့ဘဲရမယ်။ သွား မသွားက သူတို့ပါ။

အခုလိုမျိုး ဗုဒ္ဓဘာသာကို မသိဘဲနဲ့ပြောနေတဲ့သူက ဘာသာခြားဖြစ်နိုင်ပါတယ်။ ဘာသာခြားဆိုတဲ့ အတွက် သူသိချင်လို့မေးထားတာဖြစ်နိုင်ပါတယ်။

ဘာသာခြားတစ်ယောက် ဘုန်းကြီးကျောင်းထဲသွားဖို့ဆိုတာ သူတို့ဘာသာကသူတွေ မြင်သွားရင် သူ့အတွက် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။
သူ့ကို ဘုန်းကြီးတွေကို သွားမေးခိုင်းဖို့ဆိုတာထက် ကျွန်တော်တို့ သိသလောက်ဖြေပေးရင် ပိုကောင်းမယ်ထင်ပါတယ်။

"နောက် ကိုယ်နဲ့ မတန်မရာတွေ မဆွေးနွေးကြဖို့.." ဆိုတဲ့စကားက မသုံးသင့်ဘူးထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မသိတာကို လေ့လာမှသိလာရမှာပါ။

Reply to This

ကိုယ်လမ်းကြောင်းကိုယ်သွားရမှာ တော့ ဟုတ်ပါတယ်..
ကျွန်တော်လည်း တခါမှ ဒါကိုပဲလုပ်ပါမမေးပါနဲ့.. ဘာညာ မပြောဖူးပါ..ဒီလောက်တော့ သိပါတယ်..

ဆွေးနွေးတဲ့ အကြောင်းကိုလည်း ကြည့်ပါဦး..
ဘုရားရှင် ဒီဘက်ခေတ်မှာဘာကြောင့် မပွင့်သလဲ..တဲ့..
အဲဒီ့အောက်က ရေးထားတာတွေကလဲ မေးတဲ့သဘောမဟုတ်ဘူး..
ဖတ်ကြည့်ပါဦး..ယူဆထားတဲ့သဘော..
အဲဒီ့ဆွေးနွေးတဲ့ပုံစံ သိပ်သဘာဝမကြလို့ ကျွန်တော်ပြောတာပါ..
ကျွန်တော်လည်း ရေးထားပါတယ်..
မေးတာ မေးလို့ရတယ်..
ရေးထားတာတွေက မေးခွန်းမဟုတ်ဘူး ဖြစ်နေတယ်..
မေးခွန်းဆိုတာမျိုးက..
ဘုရားပွင့်တယ်ဆိုတာ ဘယ်လိုအချိန်မျိုးမှာပွင့်ပါသလဲ ဗျာ..ဗဟုသုတရှိသူများ သိထားရင်ဖြေပေးကြပါ...
ငရဲဆိုတာ ဘယ်လိုမျိုးလဲဗျာ..သိထားရင်ဖြေပေးကြပါ..
စသဖြင့် ပေါ့..မေးခွန်းသဘောမျိုးတွေ မေးနိုင်တာပဲ..
သိတဲ့သူက တွေ့ရင် ဖြေသွားမယ်..မသိသေးရင် ဘယ်ဆရာတော်ကိုမေးပါ..စသဖြင့် ပေါ့ ဒါမျိုးကို ဖြစ်ရင် ပိုကောင်းတယ်..
အခုက အဲလိုမဟုတ်ဘူး..
ငရဲဆိုတာ မရှိဘူး..
ဘုရားရှင်က ဒီခေတ်မှာ ပွင့်သင့်တယ်..တယောက်ကလည်း ဟုတ်တယ်..ဘုရားကဘယ်လိုတော်တာ ခန့်မှန်းရခက်တယ်..စသဖြင့်..ပေါ့..
အဲလိုဆိုတော့ ယူဆသလိုဖြစ်နေတယ်..
ကျွန်တော် မတန်မရာလို့ ပြောတာကလည်း..
စဉ်းစားကြည့်ပါ..
ဘုရားဘယ်လိုတော်တယ်ဆိုတာ..ဘု၇ားဂုဏ်တော်ပါပဲ..
ဘုရားဂုဏ်တော်ဆိုတာ..ဘုရားအရာပါပဲ..
အဲလိုအရာမျိုးကို မေးတာမဟုတ်ပဲ...ယူဆနေတော့ ဘယ်လိုဖြစ်သွားလဲ ..စဉ်းစားကြည့်ပေါ့...
ဘုရားဂုဏ်တော်ဆိုတာ ဘယ်အရာတွေပါလဲဗျာ..ဘယ်လိုအမျိုးအစားဂုဏ်တော်တွေရှိပါသလဲဗျာ..
စသဖြင့်..မေးရင် ရတယ်..သင့်တင့်တယ်...
leojack ပြောသလို အခြားဘာသာက...မေးရင် ပိုလို့တောင် ဂရုတစိုက်နဲ့ မေးသင့်တယ်...
မရှိဘူးလို့ထင်တယ် မဟုတ်ဘူးလို့ထင်တယ် စသဖြင့် မယူဆသေးသင့်ပါဘူး..
ဘယ်သူမှ အတိအကျ မဖြေနိုင်သေးပဲ ဟုတ်တယ် ဘာညာ မယူဆသင့်လို့ ပြောတာပါ..
ဒီလိုရေးထားတော့ တခြား ငယ်ရွယ်တဲ့ကလေးတွေ ဖတ်လာရင်..မှတ်သွားလိုက်ရင်..သွားပြီပဲ..
အဲလို အန္တာရာယ် မဖြစ်အောင် ကျွန်တော် ဒီပိုစ့်ကို ရေးလိုက်တာ..
မေးတာကို မမေးနဲ့လို့ ကျွန်တော်မပြောပါ..
အမှားကို မသိလိုက်ပါပဲ လက်ခံမိရင် အယူမှားနိုင်လို့ ပြောတာပါ..


leojack said:
ဒီလိုတော့ပြောလို့မရပါဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာက ကိုယ်ရွေးတဲ့လမ်းကိုယ်သွားမှာပါ။ ဒါကြောင့်သူတို့ဘာရွေးမယ်ဆိုတာ ကိုယ်နဲ့မဆိုင်ပါဘူး။
ကျွန်တော်တို့က လမ်းကြောင်းကို ပြန်တဲ့မတ်ပေးလို့ဘဲရမယ်။ သွား မသွားက သူတို့ပါ။

အခုလိုမျိုး ဗုဒ္ဓဘာသာကို မသိဘဲနဲ့ပြောနေတဲ့သူက ဘာသာခြားဖြစ်နိုင်ပါတယ်။ ဘာသာခြားဆိုတဲ့ အတွက် သူသိချင်လို့မေးထားတာဖြစ်နိုင်ပါတယ်။

ဘာသာခြားတစ်ယောက် ဘုန်းကြီးကျောင်းထဲသွားဖို့ဆိုတာ သူတို့ဘာသာကသူတွေ မြင်သွားရင် သူ့အတွက် အန္တရာယ်ဖြစ်လာနိုင်ပါတယ်။
သူ့ကို ဘုန်းကြီးတွေကို သွားမေးခိုင်းဖို့ဆိုတာထက် ကျွန်တော်တို့ သိသလောက်ဖြေပေးရင် ပိုကောင်းမယ်ထင်ပါတယ်။

"နောက် ကိုယ်နဲ့ မတန်မရာတွေ မဆွေးနွေးကြဖို့.." ဆိုတဲ့စကားက မသုံးသင့်ဘူးထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မသိတာကို လေ့လာမှသိလာရမှာပါ။

Reply to This

Reply to This

RSS

About

MBS MBS created this Ning Network.

Badge

Loading…

© 2009   Created by MBS on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service